သံဃာ့ဒါန
ဒက္ခိဏာဝိဘင်္ဂသုတ် ပါဠိတော်လာ ပုဂ္ဂလိကဒါန (၁၄)မျိုး၊ သံဃိကဒါန (၇)မျိုးတို့ကို မှတ်သားသိရှိရာ၏၊[၁]
သံဃိကအလှူ ခုနစ်ပါး
ပြင်ဆင်ရန်- (၁) မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်အခါ ဘုရားအမှူးရှိသော ဘိက္ခုသံဃာ ဘိက္ခုနီသံဃာတို့အား လှူဒါန်းခြင်း၊
- (၂) ဘုရားပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက် ဘိက္ခုသံဃာ ဘိက္ခုနီသံဃာအစုံတို့အား လှူဒါန်းခြင်း၊
- (၃) ဘိက္ခုသံဃာ သက်သက်အားသာ လှူဒါန်းခြင်း၊
- (၄) ဘိက္ခုနီသံဃာ သက်သက်အားသာ လှူဒါန်းခြင်း၊
- (၅) နှစ်ဖက်သော သံဃာအလုံးစုံအား မလှူဒါန်းနိုင်သည့်အတွက် မိမိတတ်နိုင်သလောက်“ဘိက္ခုနှင့် ဘိက္ခုနီသံဃာ နှစ်ဖက်မှ ဦးရေမည်ရွေ့မည်မျှ ညွှန်ကြားတော်မူပါ”ဟု လျှောက်ထား၍ သံဃာက ညွှန်ကြားလိုက်သော ပုဂ္ဂိုလ်စုအား (သံဃာကို စိတ်အာရုံထား၍) လှူဒါန်းခြင်း၊
- (၆) ဘိက္ခုသံဃာ တဖက်၌သာ မိမိတတ်နိုင်သမျှ “ဤရွေ့ ဤမျှ ညွှန်ကြား တော်မူပါ”ဟု လျှောက်ထား၍ သံဃာက ညွှန်ကြားလိုက်သော ပုဂ္ဂိုလ်အား (သံဃာ စိတ်ထားဖြင့်) လှူဒါန်းခြင်း၊
- (၇) ဘိက္ခုနီသံဃာ တဖက်၌သာ မိမိတတ်နိုင်သမျှ “ဤရွေ့ဤမျှ ညွှန်ကြားတော်မူပါ”ဟု လျှောက်ထား၍ သံဃာက ညွှန်ကြားလိုက်သော ပုဂ္ဂိုလ်စုအား (သံဃာစိတ်ထားဖြင့်) လှူဒါန်းခြင်း-
ဟူ၍ (၇)ပါး ဟောတော်မူလေသည်။[၁]
ဘုရားပရိနိဗ္ဗာန် စံပြီးသော်လည်း ရနိုင်တဲ့ သံဃိကဒါန
ပြင်ဆင်ရန်ဤသံဃိကဒါန ခုနစ်မျိုးတို့တွင် (၁)အမှတ်ပါ “ဘုရားအမှူးရှိသည့် နှစ်ဖက်သော သံဃာအား လှူဒါန်းသည့် ပဌမသံဃိကဒါနမျိုး ဘုရားပရိနိဗ္ဗာန် စံပြီးသည့်နောက် လှူဒါန်းနိုင်ပါသလောဟု မေးရန်ရှိ၏။
လှူဒါန်းနိုင်ပါ၏ဟူ၍ ဖြေ။ လှူဒါန်းနိုင်ပုံမှာ.. နှစ်ဖက်သော သံဃာ၏ ရှေ့မှောက်မှာ ဓာတ်တော်နှင့်တကွသော ဆင်းတုရုပ်ပွါးကို ထားပြီးလျှင်“ဘုရားအမှူးရှိသော နှစ်ဖက်သော သံဃာအား လှူဒါန်းပါ၏”ဟု ဆို၍ လှူရာ၏။
ထိုသို့ လှူဒါန်းရာ၌ မြတ်စွာဘုရားအား လှူဒါန်းအပ်သော လှူဘွယ်ဝတ္ထုကို အဘယ်သို့ ပြုမည်နည်းဟု မေးရန်ရှိပြန်၏။ ဘုရားအား လှူဒါန်းအပ်သော လှူဘွယ်ဝတ္ထုကို ဖခင်၏ဥစ္စာသည် သားအားသာ ရောက်မြဲဖြစ်ရကား မြတ်စွာဘုရားအား ဝတ်ပြုသော ရဟန်းအားဖြစ်စေ ရဟန်းသံဃာအားဖြစ်စေ လှူဒါန်းရာ၏။ အထူးအားဖြင့် ဘုရားအား လှူအပ်သည့် အလှူဝတ္ထုထည်းမှ ဆီ ထောပတ် ပါရှိလျှင် ထိုဆီထောပတ်တို့ဖြင့် မြတ်စွာဘုရားအား ဆီမီးတင်လှူရာ၏၊ အဝတ်အထည် ပါရှိခဲ့သော် တမ်းခွန်ပြု၍ လှူဒါန်းရာ၏။[၁]
သံဃိကဒါနကြောင့် သံယောဇဉ် အဖြစ်နည်း
ပြင်ဆင်ရန်မြတ်စွာဘုရား လက်ထက်တော်အခါက လူအပေါင်းတို့သည် များသောအားဖြင့် ပုဂ္ဂိုလ်ကို မစွဲလမ်း မငဲ့ကွက်ပဲ သံဃာတော်ကိုသာ အာရုံထားကြသည့်အတွက် ဒါနပြုရာမှာ မြတ်သော သံဃိကဒါနကို များစွာ ပြုနိုင်ကြပေသည်။ ထိုသို့ သံဃိကဒါန အပြုများကြသည့်အတွက် ရဟန်းတော်များဘက်မှာလည်း သံဃာမှ ဝေဘန်၍ ရအပ်သော ပစ္စည်းလေးပါးကိုသာ အသုံးအစွဲ များကြသဖြင့် ဤသူကား ငါ၏ ကျောင်းဒါယကာ ဒါယိကာမ ဖြစ်သည်၊ သင်္ကန်းဒါယကာ ဒါယိကာမဖြစ်သည် အစရှိသည်ဖြင့် ဒါယကာ ဒါယိကာမတို့ အပေါ်မှာ သံယောဇဉ် အဖြစ်နည်း၍ ထိုသံယောဇဉ် အနှောင်အဖွဲ့မှ လွတ်မြောက်တော်မူကြရပေသည်။
သို့ဖြစ်၍ သံဃိကဒါန ပြုလုပ်လိုသော ပုဂ္ဂိုလ်တို့သည် စင်ကြယ်သော သံဃိကဒါနဖြစ်ရန် (အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဂဟပတိဝဂ်၊ ဒုတိယသုတ်လာ) ဥဂ္ဂသူကြွယ်၏ ကျင့်နည်းကို များစွာ အတုယူထိုက်လှပေ၏။[၁]
အရိယာ သီလဝန္တ ဒုဿီလ သုံးမျိုးလုံး၌ တူညီသော စိတ်ထား
ပြင်ဆင်ရန်ဤဥဂ္ဂသူကြွယ် လျှောက်ထားအပ်သည့် အံ့ဖွယ်ရှစ်ပါးတို့အနက် (၆)အမှတ်ပြ ဆဋ္ဌအံ့ဖွယ်တရား၌ ဥဂ္ဂသူကြွယ်သည် အရိယာ သီလဝန္တ ဒုဿီလ သုံးမျိုးလုံး၌ တူညီသော စိတ်ထားဖြင့် လှူဒါန်းသည်ဟု လာရှိရာ အဘယ်သို့သောနည်းဖြင့် တူမျှနိုင်သည်ကို သိရှိရန် လိုအပ်ပေသည်။ တူနိုင်ခြင်း၏ အကြောင်းရင်း နှလုံးသွင်းမှာ..
ပင့်ဖိတ်ရင်းအခါက သံဃာတော်ကို ပင့်ဖိတ်သည့်အတိုင်း ရဟန္တာကြီးများအား လှူဒါန်းသည့်အခါမှာလည်း ရဟန္တာကြီးများ၏ မျက်နှာကို မကြည့်၊ ရဟန္တာ (ပုဂ္ဂိုလ်)ကြီးများအား ငါလှူရသည်ဟု အမှတ်မထား၊ ဘုရားတပည့်သား အရိယာအပေါင်းတည်းဟူသော သံဃာအားသာ ငါလှူသည်ဟူ၍ သဘောထားပြီးလျှင်၊ ဒုဿီလအား လှူဒါန်းသောအခါမှာလည်း ဒုဿီလပုဂ္ဂိုလ်၏ မျက်နှာကို မကြည့် ငါသည် ဒုဿီလပုဂ္ဂိုလ်အား လှူဒါန်းရသည်ဟု သဘောမထား၊ ဘုရားတပည့်သား အရိယာအပေါင်းတည်းဟူသော သံဃာတော်မြတ်အားသာ ငါလှူဒါန်းသည်ဟူ၍ သဘောထားသဖြင့် စိတ်သဘောထားချင်း တထပ်တည်း တူညီနိုင်ပေသည်။[၁]
ဥဂ္ဂသူကြွယ်ထုံး နှလုံးထားပါ
ပြင်ဆင်ရန်ဤဥဂ္ဂသူကြွယ်၏ထုံးကို နှလုံးထားကာ မြင့်မြတ်သော သံဃိကဒါနဖြစ်ရန်အတွက် ပုဂ္ဂိုလ်မျက်နှာကို ကြည့်ခြင်း၊ ပုဂ္ဂိုလ်စွဲ စွဲခြင်းကို လုံးဝပယ်ဖျောက်ပြီးလျှင် သံဃာ့အာရုံသို့ စိတ်ဖြောင့်မတ်စွာ သက်ရောက်အောင် အားထုတ်သင့်လှပေသည်။ မှန်၏.. သင်္ကန်းလည်ရောက် အမည်ခံလောက်သာဖြစ်သည့် ဒုဿီလပုဂ္ဂိုလ်တို့၌ပင်သော်လည်း သံဃာကို အာရုံပြု၍ သံဃိကဒါနမြောက်အောင် လှူဒါန်းနိုင်ပါမူ အသင်္ချေယျ အပ္ပမေယျ အကျိုးရင်း ဒက္ခိဏာဝိဘင်္ဂသုတ်၌ မြတ်စွာဘုရား တိုက်ရိုက် ဟောထားပေသည်။ သံဃာ၌ အရိုအသေပြုခြင်းငှါ စွမ်းနိုင်လျှင် သံဃိကဒါန မြောက်တော့သည်။ ထိုသို့ သံဃာ၌ အရိုအသေပြုရန် ကား လွယ်ကူသောအရာ မဟုတ်ပေ။ မလွယ်ကူပုံမှာ..
အကြင်သူသည် “သံဃိကအလှူကို လှူအံ့”ဟု ကြံ၍ လှူရန်ဝတ္ထုများကို စီမံပြီးလျှင် ကျောင်းတိုက်သို့ သွားရောက်ပြီးခါ “အရှင်တို့… သံဃိကအလှူ လှူလိုပါသည်၊ သံဃာတော်မှ တပါးကို ညွှန်ကြားတော်မူပါ”ဟု လျှောက်ထား တောင်းပန်သဖြင့် သံဃာမှ အလှည့်ကျသဖြင့် သာမဏေကို ညွှန်ကြား၍ ရခဲ့လျှင် နှလုံးမသာမယာ ရှိတတ်၏၊ မထေရ်ကြီးကို ရလျှင်လည်း “ငါသည် မထေရ်ကြီးကို ရအပ်လေပြီ”ဟု အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ပုဂ္ဂိုလ်စွဲဖြင့် ဖြစ်တတ်၏။ ထိုသူတို့၏ ပုဂ္ဂိုလ်မျက်နှာကို ကြည့်၍ လှူအပ်သော အလှူများသည် သံဃိက မမြောက်နိုင်ပေ။
သာမဏေကို ဖြစ်စေ၊ ရဟန်းကို ဖြစ်စေ၊ ရဟန်းငယ်ကို ဖြစ်စေ၊ မထေရ်ကြီးကို ဖြစ်စေ၊ ပညာမရှိသော ရဟန်းကိုဖြစ်စေ၊ ပညာရှိသော ရဟန်းကိုဖြစ်စေ၊ တဦးဦးကို သံဃာက သံဃာ့ကိုယ်စား အလှည့်ကျသဖြင့် ညွှန်ကြား၍ ရလာလျှင် ထွေရာစဉ်းစား ယုံမှားခြင်းမရှိပဲ “သံဃာတော်အား ငါသည် လှူ၏”ဟု နှလုံးသွင်း၍ သံဃာ၌ ရိုသေခြင်းကို ပြုနိုင်သောသူ၏ အလှူမှသာလျှင် သိဃိကဒါနမြောက်သည်။[၁]
ပုဂ္ဂလိကဒါန၌သာ ကောင်း, မကောင်း ရှိသည်
ပြင်ဆင်ရန်ဤသို့ လှူဒါန်းခြင်းနှင့်စပ်၍ အရှုပ်အထွေး အခက်အခဲ တွေ့တတ်သည်မှာလည်း ပုဂ္ဂလိကဒါန၌သာ ဖြစ်သည်။ အကြောင်းကား ပုဂ္ဂိုလ်ဟူသည် ကောင်း မကောင်း အမျိုးမျိုး ရှိသောကြောင့်တည်း။ သံဃိကဒါန အရာမှာကား... သံဃာတော်သည် တမျိုးတစားတည်းသာ ဖြစ်၏။ ကောင်းမကောင်း နှစ်ထွေမပြား၊ (မြတ်စွာဘုရား၏ တပည့်သား အရိယာအပေါင်းကို ဆိုလိုသည်။) ဘုရားတပည့်သား အရိယာအပေါင်းမှာ အယုတ် အမြတ်ဟူ၍ မရှိပြီ၊ မြတ်သော သံဃာချည်းသာ ဖြစ်သည်၊ ထို့ကြောင့် ပြဆိုခဲ့ပြီးသောအတိုင်း မိမိထံမှောက် အလှူခံရောက်လာလျှင် ထိုအလှူခံ၏ မျက်နှာကို မကြည့် (ကိုယ်ကျင့်တရားကို မစဉ်းစား)ပဲ ငါသည် ဘုရားတပည့်သား အရိယာအပေါင်းအား လှူပါ၏ဟူ၍သာ စိတ်က သံဃာကိုအာရုံပြု၍ ထိုပုဂ္ဂိုလ်ထံ လှူဒါန်းလိုက်ပါက ထိုအလှူသည် သံဃိကဒါနဖြစ်၍ ထိုအလှူမှာ သံဃာသာလျှင် အလှူခံဖြစ်သည်။ [၁]
မြတ်သော သံဃာ့ကိုယ်စားလှယ်ကို လှူဒါန်းခြင်း
ပြင်ဆင်ရန်ရှေ့တွင်ရောက်နေသော ပုဂ္ဂိုလ်ကား သံဃာ့ကိုယ်စားမျှသာဖြစ်၍ ထိုကိုယ်စားမှာ မည်သို့ပင် ယုတ်ညံ့နေစေကာမူ အရင်းအလှူခံ သံဃာတော်က မြင့်မြတ်နေသောကြောင့် မြတ်သောဒါနသာ ဖြစ်သည်ဟု မှတ်ယူရာ၏။
ဤအရာ၌၊ ၊မိမိရှေ့မှောက် ရောက်နေသော အလှူခံမှာ သံဃာ့ကိုယ်စားမျှသာ ဖြစ်သည်ဟု နှလုံးသွင်းကာ လှူဒါန်းရမည် ဆိုသော်လည်း ဒုဿီလပုဂ္ဂိုလ်ကိုယ်တိုင်က မိမိရှေ့မှောက် ရောက်နေပြီဖြစ်၍ မိမိစိတ်ကို ဤပုဂ္ဂိုလ်တွင်သာ မထားပဲ သံဃာတော်မြတ်ထံ ပေါက်ရောက်အောင် နှလုံးသွင်းကာ ရှေ့မှောက်ရှိ ဒုဿီလပုဂ္ဂိုလ်ကို သံဃာ့ကိုယ်စား စိတ်မှတ်ထားရန် ခဲယဉ်းလှသည်ဟူ၍ ယူဆပြောဆိုတတ်ကြပေသည်။ ထိုသို့ ခဲယဉ်းနေမှုမှာ အလေ့အထ မရှိသောကြောင့်သာ ဖြစ်သည်။ ဆင်းတု ရုပ်ပွါးတော်များကို မြတ်စွာဘုရား၏ ကိုယ်တော်စားထား၍ ရှိခိုးပူဇော်မှုတို့မှာ အလေ့အထ ရနေပြီဖြစ်သောကြောင့် ခဲယဉ်းသည်ဟု မည်သူမျှ မပြောကြားကြ။ ဆင်းတု ရုပ်ပွါးတော်များမှ အစဉ်လျှောက်၍ သက်တော်ထင်ရှားရှိသော မြတ်စွာဘုရားသို့ စိတ်ရောက်ကာ ပူဇော်ကြပေသည်။ ဘုရားလက်ထက်တော်က ဥဂ္ဂသူကြွယ်နှင့် ဇမ္ဗူဒိပ်ကျွန်းသား ဆိုအပ်ပြီးသော ကျောင်းဒါယကာတို့မှာ အလေ့အထ အထုံရနေပြီဖြစ်ကြသဖြင့် ဒုဿီလပုဂ္ဂိုလ်ကိုပင် သံဃာ့ကိုယ်စားထား၍ ပူဇော်နိုင်ကြသကဲ့သို့၊ ယခုခေတ် ဗုဒ္ဓဘာသာဝင်တို့သည်လည်း ထိုသူတို့ကဲ့သို့ နှလုံးသွင်းနိုင်ရန် အလေ့အထ ပြုသင့်လှပေသည်။[၁]
ဆက်စပ်ဖက်ရှုရန်
ပြင်ဆင်ရန်ဝိနည်းဒေသနာတော်လာ သံဃိက