ကျား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး 37.111.46.63 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Pho Sai ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
Lee
{{Speciesbox
 
|name=ကျား
|fossil_range={{fossil range|Early Pleistocene | Present}}
Line ၃၀ ⟶ ၃၁:
ကျားသည် လူကို အလိုအလျောက် ရန်ပြုခဲသည်။ လူကို သတ်ဖြတ်စားသောက်ရန် အပတ်တကုတ် ကြိုးပမ်းအားထုတ်လေ့မရှိပေ။ သို့ရာတွင် လူ၏အသားကို တစ်ကြိမ်တစ်ခါမျှ မြိုးမြိုးမြက်မြက် စားလိုက်ရဖူးသော ကျားသည် လူကိုပင်လိုက်လံ သတ်ဖြတ်စားသောက်တတ်သည်။ ယခင်က စားခဲ့ဖူးသော အခြားအသားအားလုံးကို ပစ်ပယ်၍၊ လူ၏ အသားကိုသာ တန်းတန်းစွဲ တပ်မက်၍ နေသော ကျားမှာ အမှန်ပင် ကြောက်စရာကောင်းပေသည်။ အိန္ဒိယနှင့် [[မြန်မာနိုင်ငံ]]တို့ရှိ တောထူထပ်သောနေရာများတွင် ကျားကို အလွန်တရာကြောက်ရွံ့ကြသည်။ အထူးသဖြင့် အိန္ဒိယတိုင်းရင်းသားများသည် ကျားကို လွန်စွာကြောက်ရွံ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရပ်ဒေသများတွင် တစ်နှစ်တစ်နှစ်လျှင် ကျားကြောင့် လူတစ်ထောင်မျှ သေဆုံးကြရသောကြောင့်ဖြစ်သည်။ အသက်အရွယ်ငယ်သေးသော ကျားပျိုများသည် သန်စွမ်းရဲရင့်ကြသဖြင့် ကျားအိုများထက် ပို၍ကြောက်စရာကောင်းသည်။ [[File:ElephantbackTigerHunt.jpg|thumb|250x250px|ဆင်ဖြင့် ကျားဖမ်းပုံ|left]]အမဲလိုက်သမားများသည် ကျားပစ်ထွက်ရာ၌ အသက်ဆံဖျား စွန့်စားရသည်။ အချို့ကျားပစ်သမားများသည် ကျားကို ဆင်ပေါ်မှ အကာအကွယ်ယူ၍ ပစ်လေ့ရှိကြ၏။ အချို့မှာလည်း ကျွန်ုပ်တို့ မြန်မာနိုင်ငံ၌ မကြခဏတွေ့ရသည့်အတိုင်းပင် လင့်စင်ထိုးကာ ပစ်လေ့ရှိသည်။ ထိုသို့ပစ်သည့်အခါတွင် မိမိတို့အလိုရှိသည့် နေရာသို့ ကျားရောက်လာစေရန် ပစ်ကွင်းတွင် အမဲသေတစ်ကောင်ဖြင့် မျှားခေါ်ရသည်။
 
သို့သော် ကျားကို ပစ်ခတ်ဖမ်းယူရန်မှာ ထင်သလောက်မလွယ်ကူချေ။ အဘယ့်ကြောင့်ဆိုသော် ကျားသည် အကောင်ပင်ကြီးသော်ငြားလည်း အလွန်ပေါ့ပါးဖျတ်လတ်သောကြောင့် ဖြစ်သည်။ ကျားမှာ အစာကို ရှာဖွေရာ၌သော် လည်းကောင်း၊ အစာရှာဖွေရာတွင် တွေ့ရသော အန္တရာယ်များကို ရှောင်ကွင်းရာ၌သော်လည်းကောင်း၊ အံ့ဩဖွယ်ကောင်းလောက်အောင် ပါးနပ်လျင်မြန်ရုံသာမက၊ ရဲလည်း ရဲရင့်ပေသည်။ ကျားမှာ သူဇာတိတောရိုင်းဒေသနယ်တွင်ဖြစ်မူ အသွေးအသားကို လိုချင်မက်မောသော သတ္တဝါဖြစ်သည်။ လွတ်လွတ်လပ်လပ် မနေရဘဲ ချုပ်နှောင်ခံနေရသောအခါ ကျားသည် မည်သူ့ကိုမဆို သစ္စာဖောက်ဖျက်လျက် အသက်ကို ရန်မူရန် အခွင့်အရေးကို အမြဲတမ်း ရှာဖွေနေတတ်သည်။ ထို့ကြောင့် တိရစ္ဆာန်ရုံများသို့ အလည်အပတ်သွားသည့်အခါတွင် ကျားကို သွားမစဘဲ စည်းကမ်းသေဝပ်စွာ ကြည့်ရှုရန် သတိပြုရမည်။<ref>{{Cite Myanmar Encyclopedia|volume=၂|title=ကျား|pages=၃-၅}}</ref>
 
==အမဲလိုက်ခြင်း==
"https://my.wikipedia.org/wiki/ကျား" မှ ရယူရန်