မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
စာကြောင်း ၃ -
 
မြန်မာနိုင်ငံဘာသာပြန် စာပေအသင်းကို ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့လေသည်။
ပြည်ထောင်စုသားတိုင်း အသိပညာ တိုးပွားစေမည့် ဘာသာခြားဖြင့် ရေးသားထားသည့် စာအုပ်စာတမ်းများကို ဘာသာပြန်ရန်၊ ပြည်ထောင်စု တိုင်းရင်းသား ဘာသာဖြင့် ရေးသားထားသည့် စာအုပ်စာတမ်းများကို နိုင်ငံခြားဘာသာသို့ ပြန်ဆိုရန်၊ မြန်မာမှုအရပ်ရပ်ကို စူးစမ်းရှာဖွေရန်၊ စာအုပ်စာတမ်း အရပ်ရပ်ကို ပုံနှိပ်ဖြန့်ချိရန်ပုံနှိပ်ဖြန့်ချီရန် စသော ရည်ရွယ်ချက်များ ပါဝင်သည့် အသင်းဖွဲ့စည်းပုံ
အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့ကြလေသည်။ အသင်းကိုစီမံအုပ်ချုပ်ရန် အုပ်ချုပ်မှုကောင်စီအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့လေသည်။ အုပ်ချုပ်မှုကောင်စီအဖွဲ့၏ ဥက္ကဋ္ဌမှာ ထိုစဉ်က ဝန်ကြီးချုပ် [[နု၊ ဦး|ဦးနု]]ဖြစ်သည်။
ဘာသာပြန် စာပေအသင်း ဖွဲ့စည်းပုံအရ အသင်းတခုလုံးကို တာဝန်ခံအုပ်ချုပ်သူမှာ အုပ်ချုပ်မှု ဒါရိုက်တာ (Managing Director) ဦးစံထွား ([[မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်|မြို့မ]] ကျောင်းဆရာကြီး၊ ၁၉၂၀ ရန်ကုန် တက္ကသိုလ် သပိတ်မှောက် ကျောင်းသားကြီး) ဖြစ်သည်။ [[ဆရာကြီး ဦးစံထွား]] ၏ လက်အောက်၌ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဌာနများ ရှိသည်။ လက်ထောက် အုပ်ချုပ်ရေး အရာရှိ ဦးလှမောင်နှင့် ဒေါ်မိမိကြီး တို့က ဦးစံထွားအား ကူညီကြသည်။ ဘဏ္ဍာရေးဌာန အကြီးအကဲမှာ ဦးစောမောင် ဖြစ်သည်။