ကျောက်မျက် ရတနာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဂေါ်မိတ်(Zircon)
အရေးမကြီး typofix
စာကြောင်း ၁၇ -
 
== ပတ္တမြား နှင့် နီလာ (Ruby & Sapphire/Corundum) ==
[[ပတ္တမြား]] နှင့် [[နီလာ]] တို့သည် သဘာဝ အားဖြင့် ကိုရိုဒမ် အုပ်စုဝင်ဖြစ်၍ အတူတူပင်ဖြစ်သည်။ [[ဓာတုဗေဒ]] ပေါင်းစပ်မှု မှာလည်း အလူမီနီယမ် အောက်ဆိုက်ဒ် ဒြပ်ပေါင်းသာဖြစ်၍ ပတ္တမြား တွင် ခရိုမီယံ ဒြပ်စင်အနည်းငယ် ပါဝင်ပြီး၊ နီလာတွင် တိုက်တေနီယံ ဒြပ်စင်အနည်းငယ် ပါဝင်သောကြောင့် အရောင် နှင့် ပုံသဏ္ဍန် ကွဲပြားသွားရခြင်းဖြစ်ပါသည်။ ထိုခရိုမီယံ နှင့် တိုက်တေနီယံ ဒြပ်စင်များ၏ ပါဝင်မှုနှုန်းမှာ ၂ ရာခိုင်နှုံးထက် မများသင့်ချေ။ အကယ်၍ ထိုရာခိုင်နှုံးထက် များခဲ့လျှင် ပတ္တမြား၏အရောင်မှာ ပြည့်ဝလွန်းအားကြီးပြီး အနီရင့်ရင့်(အမဲဖက်သို့) ပြောင်းသွားတတ်သကဲ့သို့ နီလာတွင်လည်း အပြာရင့်ရင့်(အမဲဖက်သို့) ပြောင်းသွားတတ်ပြီး ကျောက်၏ အရောင်မှာလူကိုဆွဲဆောင်နိုင်စွမ်း နည်းသွားပါသည်။ မာဆင့်မှာ မိုးလ်စကေးအရ စိန် (၁၀) နှင့် မွိုက်ဇိုနိုက် (၉.၂၅) တို့၏ အောက်တစ်ဆင့် (၉) နေရာတွင်ရှိပါသည်။ ပတ္တမြားကို [[မြန်မာနိုင်ငံ|မြန်မာ]]၊ [[ဗီယက်နမ်နိုင်ငံ|ဗီယက်နမ်]] ၊ [[ပါကစ္စတန်နိုင်ငံ|ပါကစ္စတန်]] ၊ [[အာဖဂန်နစ္စတန်နိုင်ငံ|အာဖဂန်နစ္စတန်]] ၊ [[ထိုင်းနိုင်ငံ|ထိုင်း]] ၊ [[ကမ္ဘောဒီးယားနိုင်ငံ|ကမ္ဘောဒီးယား]] ၊ [[သီရိလင်္ကာနိုင်ငံ|သီရိလင်္ကာ]] နှင့် [[တန်ဇန်းနီးယားနိုင်ငံ|တန်ဇန်းနီးယား]] တို့တွင် အဓိကထွက်ရှိပြီး မြန်မာ့ပတ္တမြား ၏အရည်အအသွေးမှာ အကောင်းဆုံးအဖြစ် ကမ္ဘာကျော်ပါသည်။ နီလာကို သီရိလင်္ကာ ၊ [[ဩစတြေးလျနိုင်ငံ|ဩစတြေးလျ]] ၊ ကတ်ရှ်မီးယား ၊ မြန်မာ ၊ ထိုင်း ၊ ကမ္ဘောဒီယား နှင့် [[အမေရိကန်ပြည်ထောင်စု]] တို့တွင်အဓိကထွက်ရှိပြီး သီရိလင်္ကာ နီလာမှာ အရည်အသွေး အကောင်းဆုံးဖြစ်ပြီး မြန်မာ့နီလာမှာ ၄င်း၏နောက်တွင်၎င်း၏နောက်တွင် ရပ်တည်ပါသည်။ ကိုရိုဒမ် အုပ်စုဝင်ဖြစ်သော အခြားကျောက် ရောင်စုံများကို အရောင်အလိုက် ရှေ့တွင် နီလာတပ်ကာ နီလာဝါ၊ နီလာဖြူ (အရောင်မဲ့နီလာ) ၊ နီလာပန်းရောင် အစရှိသဖြင့် ခေါ်ဝေါ်ကြပါသည်။