ကြက်ငှက်တုပ်ကွေးရောဂါ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး typofix
စာကြောင်း ၃ -
 
== တုပ်ကွေးရောဂါ ==
[[တုပ်ကွေးရောဂါ]]ဆိုသည်မှာ လူတစ်ဦးမှ တစ်ဦးသို့ နှာချေ၍ဖြစ်စေ၊ ချောင်းဆိုး၍ဖြစ်စေ လေထဲမှတစ်ဆင့် လျင်မြန်စွာ ကူးစက်လွယ်သော၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်သည်။ တုပ်ကွေးရောဂါပိုးများကို အေ၊ ဘီ (သို့မဟုတ်) စီ ဟု အမျိုးအစားခွဲခြားသတ်မှတ်လေ့ ရှိသည်။ အေ ဗိုင်းရပ်စ်ပိုးသည် ဘဲများ၊ ကြက်များ၊ ဝက်များ၊ ဝေလငါးများနှင့် လူသားများကို ကူးစက်နိုင်ပြီး အန္တရာယ်အရှိဆုံး ဗိုင်းရပ်စ်ပိုးဖြစ်သည်။ ၄င်းတို့ကို၎င်းတို့ကို မျက်နှာပြင်ပေါ်၌ ပေါ်ထွက်နေသော ပရိုတင်းအမျိုးအစားများအရ ခွဲခြားသတ်မှတ် ထားသည်။
 
ပရိုတင်း haemagglutinin ပါသော ဗိုင်းရပ်စ်ကို HA ဟူ၍၎င်း၊ ပရိုတင်း neura-minidase ပါသော ဗိုင်းရပ်စ်ကို NA ဟူ၍ ၎င်း အတိုကောက် သင်္ကေတများနှင့် သတ်မှတ်ခွဲခြားလိုက်သည်။ သိပ္ပံပညာရှင်များက HAA အမျိုးအစားမှ အမျိုးအစားခွဲပေါင်း (၁၆)မျိုးနှင့် NA မှ အမျိုးအစားခွဲပေါင်း (၉)မျိုး ဖော်ထုတ် တွေ့ရှိရသည်။ ထို့ကြောင့် အေ ဗိုင်းရပ်စ်ပိုးမှ တွဲစပ်၍ရသော အမျိုးအစားပေါင်းမှာ ၁၆ x ၉ = (၁၄၄)မျိုး ဖြစ်နိုင်ပေသည်။ တုပ်ကွေး ရောဂါသည် ကမ္ဘာပေါ်၌ ဆောင်းရာသီသို့ ရောက်ရှိသည့်အခါတိုင်း ပေါ်ပေါက်လာလေ့ရှိသည်။ နှစ်စဉ်နှစ်တိုင်း တုပ်ကွေးရောဂါပိုးသည် တဖြည်းဖြည်းနှင့် သန္ဓေပြောင်းလဲသွားလေ့ရှိသည်။
စာကြောင်း ၂၄ -
 
== စိုးရိမ်ပူပန်မှု ==
မေရီလင်းပြည်နယ် ဘီသက်စ်ဒါ (Bethesda) ရှိ အမျိုးသားလုံးဆိုင်ရာ အယ်လာဂျီနှင့် ကူးစက်ရောဂါ အင်စတီကျုမှ ညွှန်ကြားရေးမှူး ဒေါက်တာ အန်တိုနီအက်စ်ဖော်စီ (Dr. Anthony S. Fauci)က မျိုးစပ်ထားသော ကပြားဗိုင်းရပ်စ်ပိုး အသစ်ဖြစ်ပေါ်လာနိုင်သည့် နည်း လမ်းတစ်ခုကို ရှင်းပြခဲ့သည်။ 'ကဲ အနာဂတ်ဖြစ်နိုင်ချေတစ်ခုကို စိတ်ကူးနဲ့ ဟောဒီလို မှန်းဆကြည့်ကြရအောင်။ ဆိုပါစို့။ ကျုပ်က H3N2 တုပ်ကွေးရောဂါပိုး ကူးစက် ခံနေရသူဖြစ်တယ်။ အဲဒီပိုးက လွန်ခဲ့တဲ့ သုံးနှစ်ကတည်းကရှိနေခဲ့တာ။ ဒီတော့ ကျုပ်ဟာ သာမန်တုပ်ကွေးရောဂါဖြစ်နေသူ ဆိုတော့ ဆိုးဆိုးရွားရွားကြီး နေထိုင်မကောင်း ဖြစ်နေတာလဲ မဟုတ်ပြန်ဘူး။ အပယိက နည်း နည်းပါးပါးလောက်ပဲ မအီမသာဖြစ်နေတာပါ။ ဒါပေမဲ့ ကျုပ်က အာရှတိုက်မှာ ရောက်နေပြန်တယ်။ အဲဒီမှာ H5N1 ဗိုင်းရပ်စ် နဲ့ ထပ်ပြီး ကူးစက်ခံရပြန်တယ်။ အဲဒီမှာတင် GENE တွေ အလဲအလှယ်ဖြစ်ပြီး ကပြားမျိုးစပ် ဗိုင်းရပ်စ်တစ်မျိုး ထပ်မံဖြစ်ပေါ်လာနိုင်တယ်။ အဲဒီကပြားမျိုးစပ်ဗိုင်းရပ်စ်မှာ လူလူချင်း ကူးစက်နိုင်တဲ့ အရည်အသွေးတွေ ပေါ်ပေါက်လာနိုင်တယ်' ပတ်ဝန်းကျင်၌ ဗိုင်းရပ်စ်ပိုးများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခြင်းသည် ၄င်းတို့၏၎င်းတို့၏ သန္ဓေပြောင်းလဲမှုကို ဖြစ်စေနိုင်လေသည်။ '၁၉၅၅-ခုနှစ်ကစပြီးကြက်ငှက်တွေအတွင်း ရောဂါပြန့်ပွားမှုတွေ ဖြစ်ပွားခဲ့တာ အကြိမ်ပေါင်း နှစ်ဒါဇင်ကျော်ခဲပြီ။ ဒါပေမဲ့ အခုလို နိုင်ငံပေါင်းကိုးနိုင်ငံမှာ ကြက်ငှက်ပေါင်းအကောင်ရေ သန်း ၁၅ဝ ကျော်သေကုန်တာ၊ ဒါမှမဟုတ် သုတ်သင်ခံရတာမျိုး မဖြစ်ခဲ့ဖူးသေးဘူး'ဟု ဂျီနီဗာရှိ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ တုပ်ကွေးပရိုဂရမ်မှ ဒေါက်တာ ကလော့စတိုဟာ (Dr. Klaus Stöhr) က ဆိုလေသည်။ ၄င်း၏အလိုအရ၎င်း၏အလိုအရ H5N1 ဗိုင်းရပ်စ်ပိုးသည် နို့တိုက်သတ္တဝါများအား သေဆုံးစေနိုင်လောက်သည့် ဘေးအန္တရာယ် ပိုရှိလာသလို ဘဲများကိုပါ ကူးစက်စ ပြုလာခဲ့လေပြီ။ ၄င်းတို့သည်၎င်းတို့သည် နေထိုင်မကောင်း ဖြစ်မလာကြဘဲ အခြားသတ္တဝါများထံ ကူးစက်မှန်းမသိ ကူးစက် စေနိုင်စွမ်း ရှိနေကြလေသည်။
 
၂ဝဝ၅ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့တွင်တရုတ်ပြည်အနောက်ပိုင်း Qinghai ရေကန်၌ရှိနေကြသော (တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့နေထိုင်လေ့ရှိကြသည့်) ငှက်များအတွင်း ကူးစက်ရောဂါ ဖြစ်ပွားမှုတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။ ထိုဗိုင်းရပ်စ်ပိုးကို ကနဦးက ကျွန်းငယ်ကလေးတစ်ကျွန်းပေါ်၌သာ တွေ့ရှိခဲ့ရသော်လည်း ထိုဗိုင်းရပ်စ်ပိုးသည် လျင်မြန်စွာပျံ့နှံ့သွားခဲ့လေသည်။ မေလ ၄ ရက်နေ့သို့ ရောက်သော် တစ်ရက်လျှင် ငှက်ကောင်ရေ တစ်ရာကျော် သေဆုံးနေကြတော့သည်။ မေလ ၂ဝ ရက်နေ့သို့ ရောက်သောအခါ အခြားကျွန်းငယ်ကလေးများသို့ ကူးစက်သွားတော့သည်သာမက ငှက်ကောင်ရေ ၁၅ဝဝဝ ခန့် သေဆုံးနေကြလေပြီ။ ထိုကိစ္စအား သိရှိလိုက်ရမှုအတွက် နောက်ဆက်တွဲအဖြစ် ကြောက်စိတ်ဝင်စရာ ကောင်းသည့် အကြောင်းအချက်များ ပေါ်ထွက်လာသည်။ H5N1 သည် အိမ်တွင်မွေးထားသော ကြက်နှင့်ဘဲများကိုသာမက ယခု တောငှက်ရိုင်းများကို ကူးစက်နေပြီဖြစ်သောကြောင့် ဖြစ်သည်။ ထိုငှက်များသည်နွေရာသီတွင် Qinghai ရေကန်၌ နေထိုင်လေ့ ရှိကြပြီး ဆောင်းရာသီသို့ ရောက်သောအခါ ဆောင်းခိုရန် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ဆီသို့ ပျံသန်းသွား တတ်လေ့ရှိကြသည်။ ထို့ကြောင့် H5N1 ဗိုင်းရပ်စ်ပိုးသည် ကမ္ဘာပေါ်ရှိ လူဦးရေ အလွန်ထူထပ်သည့် နေရာများဆီသို့ ရောက်ရှိသွားနိုင်သည့် အလားအလာများ ရှိပြန်လေသည်။
စာကြောင်း ၃၆ -
လွန်ခဲ့သော နှစ်ပေါင်း ၃ဝဝ အတွင်းက ကမ္ဘာအနှံ့ ဖြစ်ပွားခဲ့သော ရောဂါကပ်ဆိုက်မှုပေါင်း ၁ဝ ကြိမ်အထိ ရှိခဲ့သည်။ အနီးစပ်ဆုံး ကပ်ဆိုက်မှုမှာ ၁၉၆၈-ခုနှစ်က ဖြစ်ပွားခဲ့သည့် 'ဟောင်ကောင်တုပ်ကွေး' ဖြစ်သည်။ သို့ရာတွင် သိပ်မပြင်းထန်လှပါ။ ယခု ပူပန်သောကဖြစ်နေကြရသည့် အချက်တစ်ချက်မှာ H5N1သည် မနေမနား လှုပ်ရှားနေပုံရခြင်းပင် ဖြစ်သည်။ ယခုနှစ် နွေဦးရာသီက တရုတ်နိုင်ငံတောင်ပိုင်း၌ ဘဲငန်းရိုင်းများကို ထောင်နှင့်ချီ၍ သေစေခဲ့သည်။
 
နွေရာသီကမူ ဆိုက်ဗေးရီးယားရှိ ငှက်များအတွင်း ဤဗိုင်းရပ်စ်ပိုး ပေါ်ပေါက်လာခဲ့ပြန်သည်။ လွန်ခဲ့သော မေလက ဂျာဗားကျွန်း အနောက်ပိုင်းတွင် ဝက်အချို့၌ ဤဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း သတင်းရရှိခဲ့ပြန်သည်။ ပို၍ပင် သောကဖြစ်စရာကောင်းသည့် ကိစ္စများ၊ ဂျကာတာမြို့တော်ရှိ ကြက်ငှက်မွေးမြူရေး စခန်းအချို့မှ ကြက်များသည် နေမကောင်းသည့် ပုံသဏ္ဌာန်မျိုး အလျဉ်းမပြဘဲ ၄င်းတို့တွင်၎င်းတို့တွင် H5N1 ဗိုင်းရပ်စ်ပိုးများ ရှိနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဆိုသော အချက်ပင်ဖြစ်သည်။ သေနေသောကြက်များ မရှိတော့ပါက အဆိုပါ ဗိုင်းရပ်စ်ပိုးသည် မည်သည့်နေရာဆီသို့ ရွေ့လျားနေကြောင်း သိရှိနိုင်ရန် ပို၍ ခက်ခဲသွားပေလိမ့်မည်။
 
== ရောဂန္တရကပ်၏ ပုံပန်းသဏ္ဌာန် ==