ဒီးဒုတ်ဦးဘချို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၃၅ -
၁၉၂၀ ပြည့်နှစ်တွင် ကျောင်းသားသပိတ်အရေးတော်ပုံကြီးပေါ်ပေါက်လာသောအခါ အစိုးရအလုပ်မှ နုတ်ထွက်၍ အမျိုးသားပညာရေးလောကထဲသို့ ဆရာလွန်း(ဆရာကြီးသခင်ကိုယ်တော်မှိုင်း)နှင့်အတူ ဇောက်ချလုပ်ကိုင်သည်။ တဖက်ကလည်း မြန်မာရီဗျူး(The Burmese Review)ဂျာနယ် ကို ၁၉၂၃ ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့တွင်စတင်ထုတ်ဝေခဲ့ပြီး ထိုဂျာနယ်ထဲတွင် ဒီးဒုတ် အမည်နှင့် ပစ္စရလက္ခတ်ကျမ်း ဟူသောအခန်းကို အပတ်စဉ်ရေးသားလာရာမှ ဒီးဒုတ်ဦးဘချို ဟူ၍ လူသိများလာသည်။ ထို့ပြင် ဈေးဂေဇက်၊ ဆယ်လံအာဝါးအခန်း နှင့် ဒီးဒုတ်စာတိုက်ခန်း အခန်းများကို အာဝီဇ္ဇန်းရွှင်ရွှင်ဖြင့် တစ်ဦးတည်း ဒိုင်ခံရေးသားရာမှ ဂျာနယ်လည်းရောင်းအားတက်လာသလို ဒီးဒုတ်ဦးဘချို နာမည်ပိုကြီးလာခဲ့ရသည်။
 
သက္ကရာဇ် ၁၂၉၈ (ခရစ်နှစ် ၁၉၃၆ ခုနှစ်) တွင် [[မြန်မာနိုင်ငံ]]တော် သတင်းစာဆရာ အသင်းကြီး ဖြစ်ပေါ်ရေးကို အထူးအားပေး ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပေသည်။ စစ်မဖြစ်မီ တစ်နှစ်ဖြစ်သော သက္ကရာဇ် ၁၃၀၂ ခုနှစ်တွင် မြန်မာနိုင်ငံတော် စာရေးဆရာများ အသင်းကြီး၏ ဥက္ကဌဥက္ကဋ္ဌ အဖြစ်လည်း ရွေးကောက်တင်မြောက်ခြင်း ခံရပေသေးသည်။ ဒီးဒုတ်ဦးဘချို ပြုစုခဲ့သော စာပေများတွင် စမအဖွင့်ကျမ်း၊ ဦးပုည-သာသနာလျှောက်အဖြေ၊ ဂီတဝိသောဓနီကျမ်း၊ ဗွေသီဟာဝတ္ထု၊ တိုင်းပြု-ပြည်ပြု စသည်တို့လည်းပါဝင်ခဲ့သည်။
 
== အမျိုးသားရေးစွမ်းဆောင်ချက် ==
စာကြောင်း ၄၈ -
၁၉၃၆ခုနှစ် ဖေဖော်ဝါရီ(၂၅)ရက်တွင် တကသ ဥက္ကဋ္ဌ ကိုနု နှင့် ကျောင်းသားသမဂ္ဂ၊အိုးဝေမဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်း တို့အား ကျောင်းထုတ်ခံရခြင်းကို အကြောင်းပြု၍ ဒုတိယအကြိမ် တက္ကသိုလ်ကျောင်းသားသပိတ်ကြီးပေါ်ပေါက်လာရာ တက္ကသိုလ်သပိတ်စောင့်ရှောက်ရေးအဖွဲ့တွင် ဒီးဒုတ်ဦးဘချို ပါဝင်ခဲ့ရသည်။ထိုနှစ် မေလ(၂၈)ရက်နေ့တွင် ဖွဲ့စည်းခဲ့သော အမျိုးသားတက္ကသိုလ်တည်ထောင်ရေးကော်မတီတွင်လည်းပါဝင်ခဲ့သည်။
 
မြန်မာနိုင်ငံသတင်းစာများအသင်း(BJA)ပေါ်ပေါက်လာရေးအတွက်ဆော်သြခဲ့သူဖြစ်ပြီးပေါ်ပေါက်လာရေးအတွက်ဆော်ဩခဲ့သူဖြစ်ပြီး သတင်းစာဆရာ၊သတင်းထောက်တို့ စောင့်ထိန်းလိုက်နာရမည့်`မိမိတို့တာဝန်၊လွတ်လပ်ခြင်း၊မှန်ကန်သောသတင်းကိုပေးခြင်း၊တရားမျှတခြင်းနှင့်ဟီရိသြတ္တပ္ပတရားမိမိတို့တာဝန်၊လွတ်လပ်ခြင်း၊မှန်ကန်သောသတင်းကိုပေးခြင်း၊တရားမျှတခြင်းနှင့်ဟီရိဩတ္တပ္ပတရား စောင့်ရှောက်ခြင်းများကိုလိုက်နာရမည်´ ဟူသည့် ဝတ္တရား(၅)မျိုးကို ချမှတ်ခဲ့သူဖြစ်သည်။
 
ဦးဘချိုသည် [[ဂျပန်ခေတ်]] အစိုးရ လက်ထက်တွင် အတိုင်ပင်ခံလွှတ်တော်အမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေးရရှိရေးကြိုးပမ်းရန်အတွက်၊ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ဖွဲ့စည်းသောအခါ ဝင်ရောက်ဆောင်ရွက်သည်။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် [[မြန်မာနိုင်ငံ]] [[ဖွဲ့စည်းပုံအခြေခံဥပဒေ]] ရေးဆွဲရေးကော်မတီအဖွဲ့ဝင် [[ဗိုလ်ချုပ်အောင်ဆန်း]] [[သခင်မြ]]တို့နှင့် အတူ အထူးအပင်ပန်းခံ၍ ဆောင်ရွက်ခဲ့သည်။ ချင်းပြည်နယ် ထီးလင်းမြို့တွင် ကျင်းပသော ချင်း-ဗမာ ချစ်ကြည်ရေး ကျောက်တိုင်ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စားအဖြစ်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးအနေဖြင့်လည်းကောင်း တက်ရောက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် အာဇာနည်ခေါင်းဆောင်ကြီး ပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီး ဒီးဒုတ်ဦးဘချို သည် [[ဗုဒ္ဓဘာသာ]] ကို [[နိုင်ငံတော်ဘာသာ]] အဖြစ် မြန်မာနိုင်ငံ၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြခံဥပဒေတွင်အသိအမှတ်ပြု ပြဋ္ဌာန်းရေး ပထမဆုံးဆောင်ရွက်ခဲ့သည်။<ref>http://chintolk.no/thawngpang/?p=482</ref>