မက်ခီယာဗယ်လီ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၃၂ -
သူ အသက်ရှင်သန် လှုပ်ရှားခဲ့သော ခေတ်သည် အီတလီနိုင်ငံ စည်းလုံး ညီညွတ်မှုမရှိသေးဘဲ မြို့ပြနိုင်ငံများ အဖြစ် သူတစ်လူ ငါတမင်း အကွဲကွဲ အပြားပြား ဖြစ်နေသော ကာလ ဖြစ်သည်။
 
ထိုကာလသည် မြန်မာနိုင်ငံ၌ အင်းဝ (၁၃၆၄-၁၇၅၁) နှင့် ခေတ်ပြိုင် ဖြစ်သည်။ မိုးညှင်းစလုံ နှင့် ၄င်း၏သားဖြစ်သူ၎င်း၏သားဖြစ်သူ သိုဟန်ဘွားတို့ ဝင်ဖျက်သဖြင့် အင်းဝ ပျက်ခါနီး ကာလနှင့် တစ်ချိန်တည်းလောက် ဖြစ်သည်။ အီတလီနိုင်ငံ ဖလော့ရင့်မြို့၌ နိုင်ငံရေးပညာရှင် မက်ခီယာဗယ်လီ ပေါ်ပေါက်ချိန်သည် မြန်မာနိုင်ငံ အင်းဝခေတ်ဦး မင်းကြီးစွာစော်ကဲ (၁၃၆၇-၁၄၀၀) လက်ထက် နိုင်ငံရေးပညာရှင်ကြီး ဝန်ဇင်းမင်းရာဇာ ပေါ်ထွန်းချိန်နှင့် ယှဉ်လျှင် နှစ် ၁၀၀ ခန့် နောက်ကျသည်။ စာပေ ယဉ်ကျေးမှုကဏ္ဍတွင် အင်းဝခေတ်နှောင်း ဒုတိယ မင်းခေါင် (၁၄၈၀-၁၅၀၁) လက်ထက် ပေါ်ပေါက်ခဲ့သော ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာ သီလဝံသ စသောပုဂ္ဂိုလ်ထူးများသည် မက်ခီယာဗယ်လီနှင့် ခေတ်ပြိုင် ဖြစ်သည်။ မက်ခီယာဗယ်လီ၏နိုင်ငံရေး ပညာပေးကျမ်း “မင်းသား” သည် ၁၅၁၆ ခုနှစ်တွင် ပြုစုပြီးစီးခဲ့၍ ရှင်မဟာရဋ္ဌသာရ၏ “သံဝရ” ပျို့မှာ ၁၅၂၉ တွင် ပြုစု ပြီးစီးခဲ့သည်။
 
အီတလီနိုင်ငံ၌ မက်ခီယာဗယ်လီ ကြုံတွေ့ခဲ့ရသော နိုင်ငံရေး အခြေအနေသည် ခရစ်နှစ် ၁၅၂၆ တွင် အင်းဝ ပျက်သုဉ်းပြီးနောက် တိုင်းပြည်ကစဥ့်ကလျား ဖြစ်နေချိန်မျိုးနှင့် ဆင်တူသည်။ အင်းဝတွင် သိုဟန်ဘွား၊ ပြည်မြို့တွင် နရပတိ၊ ဟံသာဝတီတွင် [[သုရှင်တကာရွတ်ပိ]]၊ တောင်ငူတွင် [[တပင်ရွှေထီး]]တို့ အသီးသီး တထီးတနန်း စိုးစံ နေကြချိန်ဖြစ်သည်။