အစ္စလာမ်ဘာသာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
အရေးမကြီး replace with images from Commons
စာကြောင်း ၂ -
{{merge|အစ္စလာမ် ဘာသာ}}
{{အစ္စလာမ် ဘာသာ}}
[[File:Islam.1Kaaba at night.jpg|thumb|frame|right|ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာဟ်မြို့ရှိ ကာအ်ဘာသည် အစ္စလာမ်ဘာသာ၏ ဗဟိုဖြစ်ပြီး ကမ္ဘာ့အနှံ့အပြားရှိ မွတ်စလင်များ လာရောက်စုရုံးဝတ်ပြုရာနေရာလည်း ဖြစ်သည်။]]
 
'''အစ္စလာမ်''' (အာရပ်ဘာသာဖြင့်-အလ်-အစ္စလာမ် (الإسلام‎ al-’islām )၊ အသံထွက် (အစ္စလာမ်) [ʔislæːm] (နားဆင်ရန်)[မှတ်ချက် ၁])သည် ကိုးကွယ်ယုံကြည်သူ နောက်လိုက်များက ဘုရားသခင်(အလ္လာဟ်)၏ အမိန့်တော်အဖြစ် သတ်မှတ်ထားခြင်းခံထားရသည့် ကုရ်အာန်ကျမ်းစာနှင့် အစ္စလာမ်ဘာသာ၏ နောက်ဆုံးတမန်တော်ဖြစ်သော မုဟမ္မဒ်၏ သင်ကြားပို့ချချက်များ(ဟဒီးဆ်)နှင့် အနေအထိုင်၊ အလေ့အထများ(ဆွန္နသ်)ပေါ် အခြေခံထားသော ဘုရားတစ်ဆူတည်းရှိ ဘာသာတစ်ခုဖြစ်သည်။ အစ္စလာမ်ဆိုသော စကားလုံးမှာ "ဘုရားသခင်ထံပါးတွင် ကျိုးနွံနိမ့်ချခြင်း"၊ "ငြိမ်းချမ်းမှု"၊ "ငြိမ်းချမ်းရာ လမ်းကြောင်း" ဟူ၍လည်း အဓိပ္ပါယ်ရသည်။ အစ္စလာမ်ဘာသာကို လိုက်နာကိုးကွယ်သူများအား မွတ်စလင်ဟု ခေါ်သည်။ (အစ္စလာမ်ဘာသာဝင်များအား မွတ်စလင်ဟု ခေါ်ဆိုသောကြောင့် မွတ်စလင်ဘာသာဟု ခေါ်ဆိုသုံးနှုံးလျှင် မှားမည်ဖြစ်သည်။) [http://islam.about.com/od/basicbeliefs/p/intro.htm]
 
မွတ်စလင်များသည် ဘုရားသခင်အား တစ်ပါးတည်းဖြစ်ပြီး တုဖက်နှိုင်းယှဉ်စရာ မရှိဟု ယုံကြည်ကြသည်။ ထို့အပြင် ၎င်းတို့၏ ဘာသာသည် တမန်တော် အေဗရာဟင်၊ မိုးဇက်(မူဆာ)နှင့် ဂျီးဇက်(အီဆာ)တို့ မပေါ်ပေါက်မှီ ရှေးယခင် ခေတ်ကာလ များစွာကတည်းက ကမ္ဘာအနှံ့ တည်ရှိခဲ့သည့် အပြီးပြည့်စုံဆုံးသော ဘာသာဟုလည်း ယုံကြည်ကြသည်။ ကုရ်အာန်မတိုင်မှီ အခြားသော ဘုရားသခင်၏ ကျမ်းစာများဖြစ်သည့် ဇဗူရ်(Zaboor)၊ တောင်ရသ်(Torah)နှင့် သမ္မာ(Bible)ကျမ်းစာများသည် အချိန်ကာလကြာမြင့်၍ ပြောင်းလဲယိုယွင်းခဲ့ပြီး ကုရ်အာန်ကျမ်းစာသာလျှင် တစ်ခုတည်းသော ပြောင်းလဲခြင်းမရှိသည့် ဘုရားသခင်၏ နောက်ဆုံးပိတ် ကျမ်းစာဖြစ်သည်ဟုလည်း ယုံကြည်ကြသည်။ အခြားသော ဘာသာရေး စည်းမျဉ်းကျင့်ကြံမှုများမှာ ဘာသာဝင်တိုင်း မလုပ်မနေရဖြစ်သည့် အခြေခံမဏ္ဍိုင်ကြီးငါးရပ်နှင့် အစ္စလာမ်တရားဥပဒေ(ရှရီအသ်)နှင့်အညီ ကျင့်ကြံနေထိုင်ခြင်းတို့ ဖြစ်သည်။ အစ္စလာမ့်တရားဥပဒေသည် ဘဏ်လုပ်ငန်း၊ လူမူဘဝဖူလုံရေးမှအစ စစ်ရေးစစ်ရာများနှင့် ပတ်ဝန်းကျင်ရေးရာအဆုံး လူ့အဖွဲ့အစည်းနှင့် လူနေမှုဘဝ ကဏ္ဍအားလုံးနီးပါးကို လွှမ်းခြုံသုံးသပ်ထားသည်။
စာကြောင်း ၃၇ -
=== ကြိုတင်ပြဌာန်းထားမှု (နဖူးစာ ခေါ် Taqdir )===
အစ္စလာမ်ဘာသာတွင် ဘုရားသခင်သည် ဖြစ်ပျက်သမျှ အရာအားလုံးကို အစိုးရသိရှိလေသည်။ မွတ်စလင်များသည် ဤလောကရှိ အဆိုးအကောင်း ဖြစ်ပျက်သမျှမှန်သမျှသည် ကြိုတင်သတ်မှတ်ထားပြီး ဘုရားသခင်၏ ခွင့်ပြုချက် မရှိပဲ မဖြစ်နိုင်ဟု ယုံကြည်ကြသည်။ မွတ်စလင်ဘာသာ ပညာရှင်များ၏ အဆိုအရ ဤလောကရှိ အဖြစ်အပျက်များမှာ ကြိုတင်သတ်မှတ်ထားသော်လည်း လူသားများသည် အမှားနှင့်အမှန်ကို လွတ်လပ်စွာ ဆုံးဖြတ်နိုင်၍ သူ၏ လုပ်ရပ်များအပေါ် တာဝန်ရှိလေသည်။ အစ္စလာမ်ဘာသာအရ ဘုရားသခင်၏ ကြိုတင်င်ပြဌာန်းချက်များအားလုံးသည် လောင်ဟေမဟ်ဖူဇ်ခေါ် ကျောက်ပြားပေါ်တွင် ရေးထွင်းထားလေသည်။
 
== လူဦးရေပြပုံ ==
 
[[File:Islam.4.png|right]]
 
မွတ်စလင်လူဦးရေပြနိုင်ငံများစာရင်း တွင် လည်းကြည့်နိုင်သည်။
 
== မွတ်စလင်လူဦးရေ ကို ရာခိုင်နှုန်းဖြင့်ဖော်ပြခြင်း ==
[[File:Islam percent population in each nation World Map Muslim data by Pew Research.svg|thumb|ကမ္ဘာ့မွတ်စလင်လူဦးရေ (၂၀၁၄)]]
 
နိုင်ငံပေါင်း 232 နိုင်ငံနှင့် နေရာဒေသများ အားလုံးနီးပါးပါဝင်သော 2014ခုနှစ် လူဦးရေလေ့လာမှု စစ်တမ်းတွင် အစီရင်ခံထားသည်မှာ ကမ္ဘာ့လူဦးရေ၏ 28.26 % သို့မဟုတ် 2.04 ဘီလီယံရှိ လူများသည် မွတ်စလင် များဖြစ်သည်။ထိုအထဲတွင် 87–90% သည် ဆွန်နီများဖြစ်ပြီး၊ 10–13% သည် ရှီးအတ် များဖြစ်သည်။ကျန်အနည်းစုသည် အခြား သောအစ္စလာမ်ဘာသာခွဲများတွင် ပါဝင်ကြသည်။ အနီးစပ်ဆုံးခန့်မှန်းခြေအားဖြင့် နိုင်ငံပေါင်း 50 သည် မွတ်စလင် အများစုနေထိုင်ကြပြီး၊အာရပ် နိုင်ငံများတွင် ကမ္ဘာ့မွတ်စလင်လူဦးရေ၏ 20% ဝန်းကျင် နေထိုင်ကြသည်။
မွတ်စလင် အများစုသည် အာရှနှင့်အာဖရိကတို့တွင် နေထိုင်ကြသည်။အနီးစပ်ဆုံးမှန်းခြေအားဖြင့် 62% သော ကမ္ဘာ့ မွတ်စလင် လူဦးရေသည် အာရှ တွင်နေထိုင်ကြပြီး၊ ထိုလူဦးရေ 683 သန်းကျော်သည် [[အင်ဒိုနီးရှားနိုင်ငံ|အင်ဒိုနီးရှား]]၊ ပါကစ္စတန်၊ [[အိန္ဒိယနိုင်ငံ|အိန္ဒိယ]] နှင့် ဘင်္ဂလားဒေ့ချ် နိုင်ငံတို့တွင် နေထိုင်ကြသည်။ အရှေ့အလယ်ပိုင်းတွင် တူရကီနှင့် အီရန်နိုင်ငံ တို့ကဲ့သို့ အာရပ်မဟုတ်သည့်နိုင်ငံများတွင် ကြီးမားသည့် မွတ်စလင်အများစုရှိသော နိုင်ငံများဖြစ်ပြီး၊ အာဖရိကတွင် အီဂျစ်နှင့် နိုင်ဂျီးရီးယားနိုင်ငံတို့သည် မွတ်စလင်မျိုးနွယ်စုအများဆုံးရှိသည့် နိုင်ငံများဖြစ်သည်။မကြာသေးမီက [[အမေရိကန်နိုင်ငံ]]တွင် ရှာဖွေတွေ့ရှိချက်များအရ၊ [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]]သည် တစ်ဦးချင်း မွတ်စလင်လူဦးရေ 65.3 သန်းဖြင့် အဌမမြောက်မွတ်စလင်လူဦးရေး အများဆုံးနိုင်ငံဖြစ်သည်။ သို့သော်အခြားသော စာရင်းများတွင် သန်း20 သာရှိသည်ဟုပြထားသည်။အစ္စလာမ်သည် ဥရောပတွင်ခရစ်ယာန် ပြီးလျှင်၊ ဒုတိယလူဦးရေ အများဆုံးဘာသာဖြစ်သည်။ မွတ်စလင်လူဦးရေသည် အမေရိကနိုင်ငံများနှင့် [[ဩစတြေးလျ]] နိုင်ငံတို့တွင် ခရစ်ယာန်လူဦးရေကို တစ်ဖြည်းဖြည်းချင်း အမှီလိုက်နေသည်။
 
== ဗလီများ ==
[[File:Ali Mujtaba WLM2015 FAISAL MOSQUE m 10.jpg|thumb|ဖိုင်စယ်ဗလီ၊ အစ္စလာမ်မာဘတ်မြို့၊ ပါကစ္စတန်]]
[[File:Islam.5.jpg|right]]
 
ဖိုင်စယ်ဗလီ၊ အစ္စလာမ်မာဘတ်မြို့၊ ပါကစ္စတန်
pene
 
== ကျောင်းခွဲများ ==
Line ၇၃ ⟶ ၆၄:
== ဆူဖီဝါဒ ==
 
[[File:Islam.6Mevlana Konya.jpg|rightthumb]]
 
တူရကီတွင် ဆူဖီရစ်ဝဲခြင်း