တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသည့်ရောဂါ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
Created by translating the page "Pelvic inflammatory disease" |
အရေးမကြီးNo edit summary |
||
စာကြောင်း ၁ -
'''တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသည့်ရောဂါ''' ({{lang-en|Pelvic inflammatory disease
တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသည့်ရောဂါသည် [[သားအိမ်လမ်းကြောင်း]](vagina)နှင့် [[သားအိမ်ခေါင်း]](cervix)ကို [[ဘက်တီးရီးယား]]ရောဂါပိုးကူးစက်ခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ ရောဂါဖြစ်ပွားသူ (၇၅)မှ (၉၀)ရာခိုင်နှုန်းခန့်တွင် နိုင်စီးရီးယား ဂနိုရီရေး(Neisseria gonorrhoeae) သို့မဟုတ် [[ကလမိုင်ဒီးယ ကူးစက်ရောဂါ|ကလမ်မိုင်းဒီးယား ထရာခိုမတစ်စ်]](Chlamydia trachomatis) ရောဂါပိုးများကြောင့် ဖြစ်သည်။ များသောအားဖြင့် ရောဂါပိုးအများအပြား ရောနှော၍လည်း ဖြစ်တတ်သည်။ ကလမ်မိုင်းဒီးယားပိုးကြောင့်ဖြစ်သော ဆေးကုသမှုမခံယူသည့် (၁၀)ရာခိုင်နှုန်းခန့်နှင့် ဂနိုရီးယားပိုးကြောင့်ဖြစ်သော (၄၀)ရာခိုင်နှုန်းခန့်သည် တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသည့်ရောဂါဖြစ်တတ်သည်။<ref name="WHO2012">{{cite web|author1=World Health Organization|title=Global incidence and prevalence of selected curable sexually transmitted infections - 2008|url=http://apps.who.int/iris/bitstream/10665/75181/1/9789241503839_eng.pdf|website=who.int|accessdate=February 22, 2015|pages=2, 19|date=2012}}</ref> လူအများအပြားနှင့် လိင်ဆက်ဆံသူများနှင့် ဆေးစွဲနေသူများတွင် တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသည့်ရောဂါနှင့် [[လိင်မှတဆင့် ကူးစက်တတ်သော ရောဂါ|လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ]](sexually transmitted infections) ဖြစ်နိုင်သည်။ [[ဒိုချီ|သားအိမ်ဆေး]](Vaginal douching)သူများတွင်လည်း ဤရောဂါဖြစ်ပွားနိုင်နှုန်းမြင့်ကြောင်း တွေ့ရှိရသည်။ ပုံမှန်အားဖြင့် ရောဂါလက္ခဏာများကို စမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါဖြစ်ကြောင်းတွေ့ရှိနိုင်သည်။ ကိုယ်ဝန်ဆောင်နိုင်သည့်အရွယ်အမျိုးအမီးများအားလုံးတွင် ဝမ်းဗိုက်အောက်ပိုင်း နာကျဉ်ခြင်းဖြစ်ပါက ဤရောဂါကို ထည့်သွင်းစဉ်းစားသင့်သည်။ ခွဲစိတ်ခြင်းပြုလုပ်ပါက သားအိမ်ပြွန်ရှိ [[ပြည်တည်နာ|ပြည်]](pus)ကို ဓါတ်ခွဲစမ်းသပ်ခြင်းဖြင့် သေချာသောရောဂါရှာဖွေမှုပြုလုပ်နိုင်သည်။ [[အသံလှိုင်းဖြင့် ပုံရိပ်ဖမ်းခြင်း]](Ultrasound)ဖြင့်လည်း ရောဂါရှာဖွေတွေ့ရှိနိုင်သည်။
စာကြောင်း ၇ -
(၂၀ဝ၈)ခုနှစ်တွင် လူပေါင်း (၁၀၆)သန်းခန့် ကလမ်မိုင်းဒီးယားပိုး ကူးစက်ခံခဲ့ရပြီး (၁၀၆)သန်းခန့် ဂနိုရီးယားပိုးကြောင့် ရောဂါဖြစ်ပွားခဲ့သည်။ တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသည့်ရောဂါဖြစ်သော လူဦးရေအားလုံးပေါင်းကိုတော့ သေချာစွာမသိနိုင်သော်လည်း တစ်နှစ်လျှင် အမျိုးသမီးငယ်ပေါင်း (၁.၅)ရာခိုင်နှုန်းခန့် ရောဂါဖြစ်ပွားသည်ဟု ခန့်မှန်းနိုင်သည်။<ref name="Esch2008">{{cite journal|last1=Eschenbach|first1=D|title=Acute Pelvic Inflammatory Disease|journal=Glob. libr. women's med.|date=2008|doi=10.3843/GLOWM.10029|issn=1756-2228}}</ref> အမေရိကန်နိုင်ငံတွင် တစ်နှစ်လျှင် လူပေါင်းတစ်သန်းခန့် ဖြစ်ပွားလေ့ရှိသည်။<ref name="CDC2014Epi">{{cite web|title=Self-Study STD Modules for Clinicians — Pelvic Inflammatory Disease (PID) Next Centers for Disease Control and Prevention Your Online Source for Credible Health Information CDC Home Footer Separator Rectangle Epidemiology|url=http://www2a.cdc.gov/stdtraining/self-study/pid/pid_epidemiology_self_study_from_cdc.html|publisher=Centers for Disease Control|accessdate=February 21, 2015|date=October 2014}}</ref> (၁၉၇၀)နှစ်ပိုင်းတွင် [[သားအိမ်အတွင်းတွင် ပစ္စည်းထည့်၍ ကိုယ်ဝန်တားသူများ]](intrauterine device IUD)တွင် ဖြစ်ပွားမှုနှုန်းမြင့်တက်ခဲ့သည်။ ယခုလက်ရှိအသုံးပြုနေသော ပစ္စည်းများတွင်တော့ တစ်လကျော်သွားပါက ဤရောဂါဖြစ်ပွားနိုင်ခြေ မရှိတော့ပါ။
==
{{Reflist|30em}}
[[Category:ဘက်တီးရီးယား ရောဂါများ]]
[[Category:လိင်မှတဆင့် ကူးစက်သော ရောဂါများ]]
|