ပိဋကတ် သုံးပုံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၅၃ -
=== ကထာဝတ္ထု ===
{{main|ကထာဝတ္ထု}}
ကထာဝတ္ထုကျမ်းသည် မူရင်းပိဋကတ်တွင် မပါဝင်ပဲ [[တတိယသင်္ဂါယနာ]]တင်ပြီးချိန်တွင် [[အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်]] ထေရဝါဒဗုဒ္ဓဘာသာနှင့်ပတ်သက်၍ အယူဝါဒမှားယွင်းပုံကို ထောက်ပြဝေဖန်ခဲ့သည့် ကျမ်းဖြစ်သည်။ [[အသောကမင်း|အသောကမင်းကြီး]]လက်ထက်တွင် မင်းကြီးသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာသောအခါ ယခင်လှူဒါန်းခဲ့ဖူးသော တက္ကတွန်း ခြောက်သောင်းတို့အား ရှေးကကဲ့သို့ နန်းတော်သို့ အဝင်မခံပဲ နှင်ထုတ်ခဲ့သည်။ ထိုအခါ ဗြဟ္မဏရဟန်း၊ [[ဂျိန်းဘာသာ|ဂျိန်းရဟန်း]]၊ အာဇီဝက တက္ကတွန်းစသော အခြားဘာသာရေးဂိုဏ်းသားများသည် အနေအစားခေျာင်စေရန်အနေအစားချောင်စေရန် ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ရဟန်းပြုခဲ့ကြသည်။ ရဟန်းပြုခွင့်မရသူများကလည်း မိမိတို့ဘာသာ သင်္ကန်းကို ဝတ်ရုံကာ ရဟန်းအသွင်ဆောင်ခဲ့ကြလေသည်။
 
ထိုသူများသည် ဗုဒ္ဓသာသနာတော်အတွင်းဝင်လျက် မိမိတို့၏ မူလအယူဝါဒများကို ဗုဒ္ဓဘာသာအယူဝါဒများ ဖြစ်လေဟန် ဟောပြောခဲ့သည်။ မူလကျင့်စဉ်များကိုလည်း သင်္ကန်းဝတ်ဖြင့် ဆက်လက်ကျင့်သုံးကာ စိတ်ထင်တိုင်းပြုခဲ့ကြသည်။ ရဟန်းတု၊ ရဟန်းယောင်များသည် နေရာတိုင်းလိုလို ရဟန်းကောင်းများနှင့် ရောနှောပါဝင်နေသောကြောင့် ရဟန်းကောင်းများအဖို့ သံဃကံကိုဆောင်ရန် အခတ်အခဲရှိလာကာ ဥပုပ်ပဝါရဏာ မပြုနိုင်ဖြစ်လာသည်။ ထိုအခါ အသောကမင်းကြီး၏ ကောင်းမှု အသောကာရုံကျောင်းကြီးတွင် သံဃာတော်များ ဥပုပ်ပဝါရဏာ မပြုနိုင်ပဲ ခုနှစ် နှစ် ရပ်ဆိုင်းသွားခဲ့သည်။ အသောကမင်းကြီးက ကျောင်းတိုက်အတွင်း ဖြစ်ပေါ်စေသော ပြဿနာများ ဖြေရှင်းစေရန် အမတ်တစ်ယောက်ကို စေလွှတ်ခဲ့ရာ ထိုအမတ်သည် ရဟန်းကောင်းများကို ဥပုပ်ပဝါရဏာ မပြုသောကြောင့် အမိန့်မနာခံဟု ဆိုကာ သတ်ဖြတ်ပစ်လေသည်။ ထိုအခါ အသောကမင်းကြီးမှာ လွန်စွာစိတ်ဆင်းရဲရ၍ ထိုပြဿနာကို ဖြေရှင်းနိုင်မည့် ပုဂ္ဂိုလ်ကို ရှာဖွေစုံစမ်းရာ သံဃာတော်တို့၏ ညွှန်ကြားချက်အရ အဟောဂင်္ဂါတောင်၌ သီတင်းသုံးနေသာ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကို နေပြည်တော်သို့ ပင့်ဖိတ်၍ ဩဝါဒခံယူခဲ့သည်။ ထို့နောက် ရဟန်းတော်အားလုံးကို အသောကရုံကျောင်းတိုက်သို့ ပင့်ဖိတ်ကာ ရဟန်းတော်တို့အား အယူဝါဒတူရာ အုပ်စုအလိုက် မင်းကြီးကိုယ်တိုင် မေးမြန်းစိစစ်သည်။ "မြတ်စွာဘုရားသည် မည်သည့်အယူရှိသနည်း" ဟု မေးမြန်းသော် ဗုဒ္ဓဝစနတို့ကို မသင်ယူဖူးသူတို့က မိမိတို့ထင်ရာ၊ မြင်ရာ ပြောကြသည်။ ထိုသူများကို အဝတ်ဖြူလဲစေကာ သာသနာတော်မှ နှင်ထုတ်သည်။ "''ဘုရားရှင်သည် ဝိဘဇ္ဇဝါဒီ ဖြစ်တော်မူ၏''ဟု ဖြေကြားသော ရဟန်းတော်များကို သာသနာတော်၌ ဆက်လက်နေခွင့်ပြုသည်။