ဇော်ဝိတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၃၃ -
== ဗြိတိသျှစံချိန် ==
ဦးဇော်ဝိတ်သည် ၁၉၃၃ ခုနှစ်တွင် ဗြိတိသျှစံချိန်ချိုးပွဲကို မြို့မအမျိုးသားကျောင်းရှေ့၌ ကျင်းပရာ ဗြိတိသျှစံချိန် ၁၇၅ ပေါင်ကို တစ်ကြိမ်တည်းပေါင် ၁၈၀မကာ စံချိန်ချိုးလိုက်သည်။ အမြန်မတွင်လည်း ဗြိတိသျှစံချိန်ပေါင် ၂၀၀ ကို ၂၀၅ ပေါင်မပြီး ထပ်မံစံချိန်ချိုးလိုက်ပြန်သည်။ ဗြိတိသျှအင်ပါယာ အမြင့်ဆုံးစံချိန် ၆၅၅ ပေါင်ကို ဦးဇော်ဝိတ်က စံချိန်သစ် ၆၆၁ ပေါင်ဖြင့် အစွမ်းပြသွားသည်။
ဦးဇော်ဝိတ်သည် ၁၉၃၄ ခုနှစ်တွင် ၆၉၅ ပေါင်အထိမ၍ ဗြိတိသျှစံချိန်ကို ထပ်မံချိုးလိုက်သည်။ ၁၉၃၄ ခုနှစ် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရဲတပ်ဖွဲ့ညီလာခံကို မြို့မအမျိုးသားကျောင်းတွင် ကျင်းပရာ ဦးဇော်ဝိတ်သည် ဆရာဖြစ်သူ ကာယဗလ ဦးရှိန်နှင့်အတူ ပါဝင်ဟောပြောသည်။ထို့ပြင် လူငယ်များကြီးပွားရေးအသင်းက ကျေးလက်ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဇာတိမာန်ကဗျာနှင့် ဇော်ဝိတ်ကြီး၏ ဓါတ်ပုံ၊ဓာတ်ပုံ၊ ကိုယ်လက်ကျန်းမာရေးစာတမ်းများ ဖြန့်ဝေသည်။ ဦးဇော်ဝိတ်ကိုယ်တိုင် ကျေးလက်သို့ သွားရောက်၍ ကာယဗလအကြောင်းဟောပြောသည်။ ထိုစဉ်က စိန်သရဖူ ရုပ်ရှင်ဇာတ်ကားရိုက်ကူးစဉ် ဦးဇော်ဝိတ်၏ ကာယဗလပြခန်းပြကွက်များကို ထည့်သွင်းရိုက်ကူးသည်။ ကွမ်းခြံကုန်းမြို့နယ် ကိုးတောင်ရွာသို့ တူဖြစ်သူ၏ အသုဘကိစ္စ သွားရောက်စဉ် ကျေးလက်လူငယ်များ၏ တောင်းဆိုမှုကြောင့် အသုဘမဏ္ဍပ်အလယ်တွင် ကာယဗလပြပွဲ ဆင်နွှဲပြသရသည်။
 
== အိုလံပစ်ပြိုင်ပွဲ ==