img replace
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အခန်းအနား +အခမ်းအနား)
စာကြောင်း ၁၇ -
အသက် ၇၀နားနီးချိန်တွင် ပြင်သစ်၌ ပရိုတက်စတင့်ဂိုဏ်းဝင်များကို ပြင်းထန်စွာနှိပ်ကွပ်ကြောင်း သိလျှင် လွတ်လပ်မှုကို မြတ်နိုးသူ ဗော်လ်တဲယား အနေဖြင့် ဤကဲ့သို့ ဘာသာရေးအယူသီးမှုများကို မိမိဉာဏ်ပညာဖြင့် ပယ်ရှားမည် ဟု ဆုံးဖြတ်ချက်ချကာ ဘာသာရေးချုပ်ချယ်မှုကို ဆန့်ကျင်သည့် နိုင်ငံရေးစာပေများ အများအပြားရေးသား ဖြနေ့်၀သည်။ ထိုစာတမ်းတိုင်း၏ အဆုံးသတ်ပိုင်းတိုင်းတွင် မဆင်မခြင်အယူသီးသည်ပယ်လှန်ရန် ရည်ရွယ်၍ "အပုပ်သတင်းထွက်ရာကို သုတ်သင်ကြလော့" ဟုနှိုးဆော်ချက်ကို ထည့်သွင်းလေ့ရှိသည်။
 
၁၇၇၈တွင် အသက်၈၃နှစ်အရွယ် ဗော်လ်တဲယား ပါရီမြို့သို့ ပြန်လေသည်။ သူ့လက်ရာဖြစ်သည့် အီရန်းပြဇာတ်ကို ရုံတင်သည့် အခန်းအနားကိုအခမ်းအနားကို ကိုယ်တိုင်လာရောက် ကြည့်ရှုရန်ဖြစ်သည်။ ပြင်သစ်လူထုကြီး၏ တခဲနက် ထောက်ခံအားပေးသည့် လက်ခုပ်သံများကို ခံယူရရှိသလို [[ဘင်ဂျမင် ဖရမ်ကလင်]] အစရှိသည့် သူ့အားကြည်ညိုကြသည့် ကျော်ကြားသူတို့ လာရောက်လည်ပတ် ဆွေးနွေးသည်ကို လက်ခံတွေ့ဆုံသည်။ ၃၀၊ မေ၊ ၁၇၇၈တွင် ပါရီမြို့၌ ဗော်လ်တဲယား ကွယ်လွန်သည်။ ကွယ်လွန်သွားပြီးနောက် ကျန်ရှိရုပ်အလောင်းကို ပါရီသချိုင်းတွင် ခရစ်ယာန်ဘာသာဝင်တို့၏ ထုံးစံအတိုင်း မြုပ်နှံခွင့်မရခဲ့ပေ။ အကြောင်းမှာ ဘာသာရေးအယူသီးသူတို့၏ သာသနာကိုစော်ကားသူ ဟူသည့်စွပ်စွဲချက်ကြောင့်ဖြစ်သည်။ သို့သော် နောင် ၁၃နှစ်အကြာတွင် သူ့ရုပ်အလောင်းကို ပြန်လည်ဖော်ထုတ်ပြီး ဂုဏ်ပြုထိုက်သူတို့၏သင်္ချိုင်း '''ပါရီပန်သယ်ယွန်'''တွင် ဂူသွင်းမြုပ်နှံပေးခဲ့သည်။
 
ကွယ်လွန်သည့် နှစ်ပေါင်း ၂၀၀ကျော် ယနေ့တိုင် ဗော်လ်တဲယား၏ လက်ရာများမှာ ခေတ်မှီစဲ၊ အစွမ်းရှိနေစဲဖြစ်သည်ကို အသိအမှတ်ပြုကြသည်။ ထို့ပြင်ဗော်လ်တဲယား၏ အသိအမြင်ဖွင့်လှစ်ပေးမှုကြောင့်လည်း ၁၇၈၉[[ပြင်သစ်တော်လှန်ရေး]] ပေါက်ဖွားရခြင်း ဖြစ်သည်ဟုလည်း (တစ်နည်းဆိုလျှင် ပြင်သစ်တော်လှန်ရေးအစပြုရသည်တွင် ဗော်လ်တဲယား၏ လက်ချက်လည်း တစ်စိတ်တစ်ဒေသ ပါဝင်သည်။) ဆိုပါသည်။