ရေဒီယို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး cleanup tag
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရလာဒ် +ရလဒ်)
စာကြောင်း ၄၉ -
Alexander Popov ကတော့ ရူပဗေဒပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ coherer လို့ခေါ်တဲ့ device လေးကို 1895 ခုနှစ်မှာတီထွင်ခဲ့ပါတယ်။ အဲဒီနှစ်မေလ ၇ ရက်နေ့မှာ radio waves များကို သူ့ရဲ့coherer လေးအသုံးပြုပြီး လွှင့်၊ဖမ်းပြု လုပ်နိုင်ကြောင်း Russian Physical and Chemical Society မှာသရုပ်ပြပြုလုပ်ခဲ့ပါတယ်။ အဲဒီ မေလ ၇ ရက်နေ့ကို ရုရှနိုင်ငံမှာ Radio Day အဖြစ်ယခုတိုင်ကျင်းပနေဆဲဖြစ်ပါတယ်။ သူဟာသူ့ရဲ့ တီထွင်စမ်းသစ်မှုအတွက်မူပိုင်ခွင့် ပြုလုပ်ခဲ့ ခြင်းမရှိပါဘူး။ Popov ရဲ့စမ်းသပ်ချက်ဟာ ကိုက် 600 အတွင်းမှာသက်ရောက်မှုရှိခဲ့ပါတယ်။ coherer လေးကိုအခြေခံပြီး လက်တွေ့ဆက်သွယ်ရေးနည်းပညာ တိုးတက်ဖို့ရာ ပထမဆုံးဆောင်ရွက်ခဲ့သူဟာ Popov ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ရုရှလူမျိုးများအနေနဲ့ radio တီထွင်သူဟာ Popov လို့ပဲနားလည်လက်ခံထားကြပါတယ်။
 
1896 ခုနှစ်ဝန်းကျင်မှာတော့ radio wave များလွှင့်၊ဖမ်းလုပ်ခြင်းကို စိန့်ပီတာစပတ်မြို့ (Saint Petersburg) တကသိုလ်ဝင်းအတွင်းမှာ သက်သေပြခဲ့ပါတယ်။ ဒီသရုပ်ပြလုပ်ခြင်းဟာ မာကိုနီထက် ၆ လစောခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့စမ်းသပ်ချက် ရလာဒ်ရလဒ် အားလုံးကို 1897 ဒီဇင်ဘာမှအဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါဟာ မာကိုနီရဲ့မူပိုင်ခွင့်ထက်တော့နောက်ကျခဲ့ပါတယ်။ 1898 ခုနှစ်မှာ Popov ဟာ ၆ မိုင်အကွာထိလွှင့်၊ ဖမ်းလုပ်နိုင်ခဲ့ပါတယ်။ 1899 မှာတော့ မိုင် ၃၀ ထိစွမ်းဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 1900 ပြည့်နှစ် ရုရှားလျှပ်စစ်အင်ဂျင်နီယာများညီလာခံမှာတော့ ” မာကိုနီရဲ့ electric oscillations အားဖြင့်လွှင့်၊ ဖမ်းလုပ်နိုင်မှုဟာတစ်ခုမှ အသစ်မဟုတ်ပါဘူး။ Nikola Tesla ဟာ ဒီလို စမ်းသပ်မှုမျိုးကို 1893 ခုနှစ်မှာပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်” လို့အတိအလင်းပြော ကြားခဲ့ပါတယ်။ ဒါပေမယ့် ရုရှအစိုးရက သူသေဆုံးပြီး နှစ် ၃၀ ကြာ၊ 1945 ခုနှစ်အထိဒီအကြောင်းကို ထုတ်ပြန်ကြေငြာခြင်းမရှိခဲ့ပါဘူး။
 
=== Marconi ===