ကျော်ဇော၊ ဗိုလ် (ရဲဘော်သုံးကျိပ်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရလာဒ် +ရလဒ်)
စာကြောင်း ၂၈ -
ရှမ်းပြည်နယ်အတွင်း တရုတ်ဖြူကူမင်တန်တပ်များ ကျူးကျော် ဝင်ရောက်မှုကို တပ်မတော်က တိုက်ထုတ်စဉ်တွင်လည်း ဗိုလ်ကျော်ဇော ၏အမည်အား လူတိုင်း ပါးစပ်ဖျားမှ တဖွဖွ ပြောဆိုရသည်အထိ ထင်ရှားပြန်သည်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက် သူ၏ စွန့်စားခန်းတို့သည် လူပြောများသော အကြောင်းများဖြစ်လာသည်။ မြန်မာတပ်များ ထိုင်းနိုင်ငံ နယ်ခြားကို ဖြတ်သန်းခွင့်ရရှိနိုင်ရန် ဘိန်းအရောင်းအဝယ် တစ်ခုတွင် ကူမင်တန်တို့လိမ်လည်ခြင်းကို ခံလိုက်ရသော ထိုင်းဗိုလ်ချုပ် တစ်ဦးနှင့် ဗိုလ်ကျော်ဇော သဘောတူညီမှု ရယူနိုင်ခဲ့သည်။
 
ထိုင်း-မြန်မာ နယ်စပ် အနီး တောတောင်ထူထပ်သည့် ဒွိုင်တန်တောင်တန်းပေါ်ရှိ ကူမင်တန် ခံတပ်စခန်းကို တိုက်ခိုက်ရန် စစ်ပြင်နေစဉ် ထိုင်းဆက်သွယ်ရေး အရာရှိ တစ်ယောက်က ထိုခံတပ်ကို သိမ်းပိုက်ရန်အတွက် လိုအပ်သောကြာချိန်ကို မေးသည်အခါ "မနက် ၈ နာရီ စတိုက်ရင် နောက်အကျဆုံး ညနေ ၄ နာရီ ငါတို့ အလံကို တောင်ကုန်းပေါ်မှာ လွှင့်မယ်" ဟု ဗိုလ်ကျော်ဇောက ရဲဝံ့စွာ အကြောင်း ပြန်ခဲ့သည်။ ထိုတိုက်ပွဲကို ကြည့်ရန် ထိုင်းနိုင်ငံဘက် အခြမ်းတွင် လူတစ်သောင်းကျော် စုဝေး ရောက်ရှိနေကြပြီး၊ တိုက်ပွဲရလာဒ်ကိုတိုက်ပွဲရလဒ်ကို အလောင်းအစား လုပ်နေသူများလည်း ရှိခဲ့သည်ဟု ဆိုသည်။ ဗိုလ်ကျော်ဇောသည် ကတိအတိုင်း ညနေ ၄ နာရီတွင် မြန်မာ့အောင်လံကို လွှင့်ထူနိုင်ခဲ့သည်။
 
၁၉၅၇ ခုနှစ်၊ ဧပြီလအရောက်တွင် ဗိုလ်ကျော်ဇော၏ ကံကြမ္မာ အပြောင်းအလဲ ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ဗမာပြည် ကွန်မြူနစ် ပါတီအမာခံ စခန်း တစ်ခုကို တပ်မတော်မှဝင်ရောက် စီးနင်း တိုက်ခိုက်ရာမှ ရှာဖွေတွေ့ရှိခဲ့တဲ့ အထောက်အထားများအရ တပ်မတော်၏လှုပ်ရှားမှု သတင်းများအား ဗိုလ်ကျော်ဇော မှ ကွန်မြူနစ် သူပုန်များထံသို့ ပေးပို့ခဲ့သည့်အတွက် ရာထူးမှအနား ပေးခြင်းခံခဲ့ရသည်။ တပ်မတော်မှ အနားယူ ခဲ့ပြီးနောက် ပြည်တွင်း ငြိမ်းချမ်းရေးကို တက်တက်ကြွကြွထောက်ခံခဲ့သည်။