အမာ၊ ဒေါ် (လူထု): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၃၆ -
* ၁၉၃၈ တွင် မောရစ် ကောလစ် (Maurice Collis) ၏ Trails In Burma စာအုပ်ကို ‘မြန်မာပြည်တွင် စစ်ဆေး ခဲ့သော အမှုအခင်းများ’ အမည်ဖြင့် ဆရာကြီး [[ဦးရာဇတ်]]၏ တိုက်တွန်းချက် အရ တက္ကသိုလ် သပိတ်မှောက် ကျောင်းသူ အမာ အမည်ဖြင့် ဘာသာပြန် ထုတ်ဝေ ခဲ့ရာ ယင်း စာအုပ်ဖြင့် စာပေနယ်တွင် အမည် ထင်ရှား လာခဲ့သည်။
 
* ၁၉၃၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ကြီးပွားရေး ဦးလှနှင့် လက်ထပ် ခဲ့ပြီး၊ သားသမီး ၅ ဦး ဖြစ်တဲ့ ကိုစိုးဝင်း (ရဲဘော် ထွန်းကျော်)၊ ဒေါက်တာ ဒေါ်သန်းရင်မာ၊ ကိုဖိုးသံချောင်း၊ ဒေါ်တင်ဝင်းနဲ့ ကိုငြိမ်းချမ်း ([[ညီပုလေး၊ညီပုလေး (စာရေးဆရာ)|စာရေး ဆရာ ညီပုလေး]]) တို့ ထွန်းကား ခဲ့သည်။ သားအကြီးဆုံး ကိုစိုးဝင်းနဲ့ တတိယသား ကိုဖိုးသံချောင်း တို့သည် လက်နက်ကိုင် တော်လှန်နေသည့် [[ဗမာပြည် ကွန်မြူနစ် ပါတီ]] (ဗကပ) နှင့် သွားရောက် ပူးပေါင်းခဲ့ကြသည်။ ကိုစိုးဝင်းသည် ဗကပရဲ့ ပါတီတွင်း အစွန်းရောက် ဖြုတ် ထုတ် သတ် လှုပ်ရှားမှုများတွင် အသက် စတေး သွားခဲ့ရပြီး၊ ကိုဖိုးသံချောင်းကတော့ ဗကပမှာ ရှိနေဆဲ ဖြစ်သည်။
 
* နိုင်ငံရေးကြောင့် မိသားစု တခုလုံး သေကွဲရော ရှင်ကွဲပါ အကွဲကွဲ အပြားပြား ကြုံတွေ့ ခဲ့ရသော်လည်း လောကဓံ အထု အထောင်းကို ကြံ့ကြံ့ခံကာ နောက်ဆုံး အချိန် အထိ နိုင်ငံရေး လူမှုရေး အရ ပြည်သူ လူထုဘက်က ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သူ လူထု ချစ်တဲ့ စာရေး ဆရာမကြီး တဦး ဖြစ်သည်။