အေမာမ်ဟိုစိုင်း(န)(အ.စ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သြ +ဩ, -ဓါး +ဓား, -ဓါတ် +ဓာတ်, -ဥ် +ဉ်, -စျ +ဈ, -သဏ္ဍာန် +သဏ္ဌာန်, -ရုတ်သိမ်း +ရုပ်သိမ်း, -တုန့်ပြန် +တုံ့ပြန်)
အရေးမကြီး to merge
စာကြောင်း ၁ -
{{merge|ဟူစိန်အိဘ်အလီ}}
<font style="vertical-align: inherit;"><font style="vertical-align: inherit;"><font style="vertical-align: inherit;"><font style="vertical-align: inherit;">ဟိုစိုင်းန်အိဘ်နေအလီ အိဘ်နေအဘီသွာလိဘ် သည်  ရှီအာတို့၏ တတိယမြောက်အေမာမ် ဖြစ်ပြီး ရှာဘာန် ၁၅ရက်ဟီဂျရီခုနှစ် ၄ တွင် မဒီနာမြို့တော်တွင် ဖွားမြင်တော်မူခဲ့သည် ။ ဟီဂျရီ ၆၁မိုဟရမ်လ(၁၀)ရက်နေ့တွင် ကရ်ဘလာစစ်ပွဲ၌(မတရားလုပ်ကြံခြင်းခံရပြီး) ရှဟီးဒ် ဖြစ်တော်မူခဲ့သည် ။.ထို့အတွက်ကြောင့်လည်း ရှီအာတို့သည် သူ့အား ရှဟီးဒ်ခေါင်းဆောင်(အစ္စလာမ့်အာဇာနည်ခေါင်းဆောင်)ဟု ခေါ်ခဲ့ကြသည်။ သူ၏ ကွန်နီယသ်(သားသမီးကို အစွဲပြု၍ ခေါ်သောအမည်)မှာ အဘာအဘ်ဒုလ္လာဟ် ဖြစ်ပြီး သူ၏ဖခမည်းတော်သည် အလီ(အ.စ)နှင့် မယ်တော်မှာ ဖှါတေမာ(စ.အ)ဖြစ်လေသည်။ ထို့အပြင် သူသည် တမန်တော်မြတ်ကြီးမိုဟမ္မဒ်အိဘ်နေအဘ်ဒုလ္လာဟ်(ဆွ)၏ မြေးတော်လည်းဖြစ်ပေသည်။သူ၏သားတော် စဂျ်ဂျားဒ် သည် ရှီအာတို့၏ စတုထ္ထမြောက် အေမာမ်(ခေါင်းဆောင်)ဖြစ်ပေသည်။မြောက်များစွာသော မွစ်လင်(မ)တို့သည် သူ့အား တမန်တော်မြတ်ကြီး(ဆွ)၏မြေးတော်ဖြစ်သည့်အတွက်နှင့် သူသည် အစ္စလာမ့်လမ်းစဉ်တွင် ကိုယ်ကျိုးစွန့် မိမိ၏အသက်ကို စတေးခဲ့သည့်အတွက် အရိုအသေပြုအလေးထားကြလေသည်။ </font></font></font></font>
 
ဟိုစိုင်း(န)(အ.စ)သည် မိမိသက်တော်(၇)နှစ်အရွယ်အထိ ဘိုးတော်မိုဟမ္မဒ်(ဆွ)နှင့်အတူဖြတ်သန်းခဲ့လေသည်။ ဘိုးတော်မိုဟမ္မဒ်(ဆွ) သူနှင့် သူ၏အစ်ကိုဖြစ်သူ ဟစန်-နေ-မွဂျ်သဘာ(အ.စ)အားအလွန်ပင် ချစ်ခင်နှစ်သက်တော်မူသည်နှင့် ပတ်သက်ပြီး ရေဝါယသ်တော်များ(အဆိုအမိန့်များ)ရှိထားပြီး ယင်းအဆိုအမိန့်များအတွင်းမှ တစ်ခုသည် ဟစန်နှင့်ဟိုစိုင်း(န)သည် ဂျန္နသ်(သုခဘုံ)လူရွယ်များ၏ခေါင်းဆောင်ဖြစ်ပေသည် ဟု ဖြစ်သည်။ ထို့အပြင် အခြားထူးခြားသော အဖြစ်အပျက်များအတွင်းမှ တစ်ခုသည် မိုဘာဟေလာ(ခရစ်ယာန်ဘုန်းတော်ကြီးများနှင့်ထိပ်တိုက်တွေ့ယှဉ်ပြိုင်ခြင်း)၌  ထိုမြေးတော်နှစ်ပါးကို ကျမ်းတော်မြတ်ကုရ်အာန် မုက္ခပတ်တော်တွင်ပါရှိသည့် (ابناءنا) ဟူသောနေရာတွင် ခေါ်ဆောင်သွားခဲ့သည်။ ဟိုစိုင်းန်(အ.စ)သည် လူရွယ်ဘဝတွင်သွဘ်ရစ်တာန်ဒေသကို အောင်နိုင်ရာတွင်လည်းကောင်း အွစ်မားန်းအိမ်ကို ခုခံကာကွယ်ပေးခဲ့ရာတွင်လည်းကောင်း ပါဝင်ကူညီခဲ့သည်ဟု များစွာသော သူတို့က ယုံကြည်လက်ခံထားကြသည်။ ဖခမည်းတော် တိုင်းပြည်အုပ်ချုပ်စဉ်ကာလများတွင် သူသည် ဖခမည်းတော်ဘက်နေ၍ မှ စစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့လေသည်။  မိုအာဝေယာသည် အလီ(အ.စ)နှင့်အပေါင်းအပါများအား လူအများရှေ့မှောက်တွင် ထင်ထင်ပေါ်ပေါ် လာအ်နသ် လုပ်ခဲ့လေသည်။ ထိုသို့လာအ်နသ်လုပ်ခြင်းခံရသူတို့အတွင်း ဟိုစိုင်း(န)(အ.စ)သည် တစ်ပါးအပါအဝင်ဖြစ်ပေသည်။ဟိုစိုင်း(န)(အ.စ)သည်မိမိ၏ နောင်တော် ဟစန်အိဘ်နေအလီ(အ.စ)အုပ်ချုပ်နေစဉ်ကာလာများအတွင်း၌ နောင်တော်သည် မိုအာဝေယာနှင့် ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုထားသဖြင့် ထိုစာချုပ်အပေါ် သစ္စာရှိစွာ နေခဲ့သည်။ မိုအာဝေယာနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ခြင်းမရှိခဲ့ချေ။ မိုအာဝေယာအုပ်ချုပ်နေစဉ်ကာလအတွင်းဟိုစိုင်း(န)(အ.စ)သည် အဓိကလုပ်ဆောင်ချက်နှစ်ခုကိုလုပ်ဆောင်ခဲ့ပြီး ထိုအရာနှစ်ခုသည် သမိုင်းတွင်စေခဲ့သည်။ ပထမတစ်ခုမှာ ဘနီအိုမိုင်ယာ မျိုးနွယ်စုအတွင်းမှ အချို့သူတို့သည် မြေအချို့ကို မိမိတို့ပိုင်ဆိုင်ကြောင်း ပြောဆိုလာချိန်တွင် ၎င်းတို့ဆန့်ကျင်ဘက်၌ မားမားမတ်မတ်ရပ်တည်ခဲ့သည်။ ဒုတိယတစ်ခုမှာ မိုအာဝေယာသည် မိမိ၏သားယဇီးဒ်ကို အိမ်ရှေ့မင်းသားရာထူးခန့်အပ်လိုက်ချိန်တွင်လည်း အစ္စလာမ်တွင် အိမ်ရှေ့မင်းသားခန့်အပ်ခြင်းသည် သာသနာ၌မရှိ အသစ်တီထွင်ခြင်း(ဘိဒ်အသ်)ဖြစ်သည့်အတွက် ထိုသို့ ခန့်အပ်မှုကို ဆန့်ကျင်ခဲ့လေသည်။