အီကွေဒေါနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
စာကြောင်း ၆၂ -
အီကွေဒေါနိုင်ငံတွင် ရွှေ၊ ရေနံ၊ ငွေ၊ ကြေးနီ၊ ကန့် နှင့် ခဲ စသောတွင်းထွက်သတ္တု အခြေအမြစ်များရှိသည်။ သို့သော် ရွှေနှင့် ရေနံတို့ကိုသာ အတော်အသင့် တူးဖော်လုပ်ကိုင်လျက်ရှိသည်။ သတ္တုတူးဖော်ခြင်းနှင့် စိုက်ပျိုးလုပ်ကိုင်ခြင်းတို့ကို တိုးချဲ့မလုပ်ကိုင်နိုင်သေးခြင်းမှာ ကူသန်းသွားလာရေးတွင် ခက်ခဲခြင်းကြောင့်ဖြစ်သည်။ အီကွေဒေါနိုင်ငံလုံးတွင် မီးရထားလမ်းမိုင်ပေါင်း ၈ဝဝကျော်နှင့် လမ်းကောင်းမိုင်ပေါင်း ၁၅ဝဝ ခန့်သာရှိသည်။ သို့ဖြစ်လေရာ အီကွေဒေါနိုင်ငံတွင် စက်မှုလုပ်ငန်း အနည်းငယ်သာ ရှိလေသည်။ အီကွေဒေါနိုင်ငံ၏ ထုတ်ကုန်များမှာ ကိုကိုး၊ ကော်ဖီ၊ ဆန်စပါး၊ ငှက်ပျောသီး၊ ပနားမား ဦးထုပ်နှင့် သစ်တောထွက်ပစ္စည်းများ စသည်တို့ဖြစ်၍ သွင်းကုန်များမှာ စက်ကရိယာ၊ မော်တော်ယာဉ်များ၊ အထည်အလိပ်နှင့် စက္ကူတို့ဖြစ်လေသည်။
 
အီကွေဒေါနိုင်ငံတွင် အသက် ၆ နှစ်နှင့် ၁၂ နှစ်အကြားရှိသောကလေးများကို မသင်မနေရစနစ်ဖြင့် ပညာကိုအခမဲ့ သင်ကြားပေးရန် ဥပဒေပြဌာန်းထားသည်။ဥပဒေပြဋ္ဌာန်းထားသည်။ သို့သော် အီကွေဒေါနိုင်ငံ၏လူဦးရေ ထက်ဝက်ခန့်သည် စာရေးစာဖတ်မတတ် ကြချေ။ ကွီတို၊ ဂွာယာကီး၊ ကွင်ကားနှင့် လိုဂျာမြို့များတွင် တက္ကသိုလ်ကျောင်းများရှိသည်။ အီကွေဒေါနိုင်ငံသားများသည် များသောအားဖြင့် ဗရင်ဂျီဂိုဏ်းအယူဝါဒတွင် သက်ဝင်ယုံကြည်ကြသည်။ ယခု အီကွေဒေါနိုင်ငံ တည်ရှိရာ နယ်ပယ်ဒေသတွင် ယဉ်ကျေးမှုအဆင့်အတန်း အတော်အတန်မြင့်မားသော လူမျိုး တစ်မျိုးတိုင်း နိုင်ငံတည်ထောင်ကာ နေထိုင်သွားခဲ့ဖူးသည်။ ထိုရှေးဟောင်းနိုင်ငံကို အင်ကားလူမျိုးတို့သည် ၁၄၇ဝ ပြည့်နှစ်ခန့် ကတိုက်ခိုက်အောင်မြင်ခဲ့ရာ ထိုအချိန်တွင် ထိုနိုင်ငံ၏ သက်တမ်းသည် နှစ်ပေါင်း ၂ဝဝဝ ကျော်ပြီဟု ဆိုလေသည်။
 
==သမိုင်းကြောင်း==