ပဉ္စမမြောက် ဂျော့ဘုရင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား: +sort key
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
စာကြောင်း ၄၉ -
အဖွားဖြစ်သူ [[ဝိတိုရိယ ဘုရင်မ|ဝိတိုရိယဘုရင်မ]]ကြီးလက်ထက်တွင် ဖွားမြင်ခဲ့ကာ ဖခင် ဝေလမင်းသား အဲဘတ် အက်ဒဝပ်၊ အစ်ကို အဲဘတ် ဗစ်တာ မင်းသား တို့၏နောက် တတိယမြောက် နန်းတက်သူဖြစ်လာသည်။ ၁၈၇၇ မှစ၍ [[တော်ဝင် ရေတပ်မတော်]]တွင် အမှုထမ်းရာ အစ်ကိုဖြစ်သူ တိမ်းပါးသည့် ၁၈၉၂ ခုနှစ် အစောပိုင်းအထိပင် ဖြစ်သည်။ သူ၏ မမျှော်လင့်သော သေဆုံးမှုက ဂျော့၏ ဦးခေါင်းထက်သို့ သရဖူရောက်လာစေသည်။ ၁၉၀၁ ခုနှစ် အဖွားဖြစ်သူ ခေါင်းချသွားသည့်အခါ ဖခင်မှာ ဗြိတိသျှအင်ပါယာသခင် [[သတ္တမမြောက် အက်ဒဝပ်ဘုရင်]]အဖြစ် နန်းတက်ပြီး ဂျော့မှာမူ ဝေလမင်းသား ဖြစ်လာသည်။ ၁၉၁၀ ခုနှစ်တွင် ဖခင်၏အရိုက်အရာကို ဆက်ခံသည်။ ဂျော့သည် အိန္ဒိယအင်ပါယာသခင်အနေဖြင့် [[ဒေလီဒါဘီ]]သို့ ကိုယ်တိုင်တက်ရောက်ခဲ့သည့် တစ်ဦးတည်းသောဘုရင် ဖြစ်သည်။
 
ပဉ္စမမြောက်ဂျော့ဘုရင် အုပ်စိုးစဉ်ကာလတွင် [[ဆိုရှယ်လစ်ဝါဒ]]၊ [[ကွန်မြူနစ်ဝါဒ]]၊ [[ဖက်ဆစ်ဝါဒ]]၊ [[အိုင်းရစ်သမ္မတနိုင်ငံထူထောင်ရေးဝါဒ]]နှင့် [[အိန္ဒိယလွတ်လပ်ရေးလှုပ်ရှားမှု]]များ ဖြစ်ခဲ့ရာ နိုင်ငံရေးအခင်းအကျင်း၌ အပြောင်းအလဲများစွာ ပေါ်လာသည်။ [[ဗြိတိသျှရွေးကောက်ခံလွှတ်တော်]]က ရွေးကောက်ခံရန်မလိုသည့် [[မျက်နှာဖုံးအသိုင်းအဝိုင်းလွှတ်တော်]]ကို ဩဇာသက်ရောက်နိုင်သည့် [[၁၉၁၁ ပါလီမန်အက်ဥပဒေ]]ကို ပြဌာန်းခဲ့သည်။ပြဋ္ဌာန်းခဲ့သည်။ [[ပထမကမ္ဘာစစ်]]၏ အကျိုးဆက်အဖြစ် ဝမ်းကွဲညီအစ်ကိုများဖြစ်သော [[ရုရှားမှ ဒုတိယမြောက် ဇာ နီကိုလက်]] နှင့် [[ဂျာမနီမှ ဒုတိယမြောက် ကိုင်ဇာ ဗီလင်]] တို့ ထီးနန်းပြုတ်ကျကာ ဗြိတိသျှအင်ပါယာ၏ ဩဇာအာဏာ ထင်ရှားလာသည်။ ဂျာမနီဆန့်ကျင်သော လူထုလှုပ်ရှားမှုများကြောင့် ၁၉၁၇ ခုနှစ်တွင် [[ဆက် ကိုဘာ နှင့် ဂိုသာ အိမ်တော်]]အား [[ဝင်ဆာ အိမ်တော်]] ဟူ၍ အမည်ပြောင်းခဲ့ရာ ထိုအိမ်တော်မှ ပထမဆုံး စိုးစံသူ ဖြစ်လာသည်။ ပထမဆုံးသော [[အလုပ်သမားဝန်ကြီးဌာန]]ကို ၁၉၁၇ ခုနှစ်တွင် ဖွင့်လှစ်ပေးသကဲ့သို့ [[ဝတ်မင်စတာ]]အား ဗြိတိသျှအင်ပါယာနှင့် ဓနသဟာယနိုင်ငံတို့တွင် မပါဝင်သော သီးခြားနယ်မြေအဖြစ်လည်း ၁၉၃၁ ခုနှစ်တွင် သတ်မှတ်နိုင်ခဲ့သည်။ နန်းစံနှစ်နောက်ပိုင်းကာလများမှာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သည့် ကျန်းမာရေးပြဿနာများ ရှိခဲ့ပြီး ကွယ်လွန်ပြီးနောက် အကြီးဆုံးသားက [[ဆဋ္ဌမမြောက် အက်ဒဝပ်ဘုရင်|ဆဋ္ဌမမြောက်အက်ဒဝပ်ဘုရင်]]အဖြစ် နန်းတက်သည်။
 
==ကိုးကား==