ကတ္တရာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး "typo fixing ဝလုံး/သုည"
စာကြောင်း ၁ -
'''ကတ္တရာ'''ကို ဟိုက်ဒရိုကာဗွန်ဒြပ်ပေါင်း အမျိုးမျိုး ပါဝင်သည့် ဗစ်တျူမင်ကတ္တရာခေါ် ပစ္စည်းတစ်မျိုးမှ ရရှိ၏။ ကတ္တရာအရောင်မှာ အညို သို့မဟုတ် အမည်းဖြစ်၏။ အချို့ ကတ္တရာသည် မည်း၍ အရောင်လက်၏။ အချို့မှာ တွင်းထွက် ကျောက်မီးသွေးများမှရသော ကတ္တရာစေးကဲ့သို့ ကပ်စေးစေး ရှိ၏။ ကတ္တရာကို တစ်ခုခုတွင်ထည့်၍ မီးတိုက်ပေး သောအခါ အပူချိန် စင်တီဂရိတ်ဒီဂရီ ၁ဝဝ၁၀ဝ တွင် အလွယ်တကူ အရည် ပျော်၍ ထူထပ်သောမီးခိုးလုံးများထွက်လာ၏။
 
ကတ္တရာကို တောင်အမေရိကတိုက် အော်ရင်နိုးကိုးမြစ်ဝ အလွန်တွင် တည်ရှိသော ထရင်းနီဒက်ကျွန်းမှ အမြောက်အမြား ရရှိသည်။ ထိုကျွန်းရှိ ကတ္တရာကျင်းများမှာ ရေကန်ကြီးသဖွယ်ဖြစ်၍ အကျယ်မှာတစ်မိုင်ခန့်ပင်ရှိ၏။ ထိုကတ္တရာကျင်း တည်နေရာသည် ရွှံ့မီးတောင်သေ၏ထိပ်ဝဖြစ်ဟန်တူသည်။ ထူးခြားသောအချက်တစ်ရပ်မှာ ကျင်းတစ်ကျင်းမှ ကတ္တရာကို အမြောက်အမြား ထူးဖော်ထုတ်ယူသော်လည်း ကတ္တရာများပြန်၍ ပြည့်လာသောအချက်ပင်ဖြစ်၏။ ယင်းသို့ပြန်ပြည့်လာခြင်း အကြောင်းမှာ ကတ္တရာကျင်းရှိရာမြေအောက်မှ ကတ္တရာများသည် အပေါ်သို့ အစဉ်မပြတ်တက်လာနေသောကြောင့်ပင် ဖြစ်သည်။ ကတ္တရာကို တောင်အမေရိကတိုက် ဗင်နီးဇွီးလား နိုင်ငံမှလည်းကောင်း၊ ကျူးဗားကျွန်းမှလည်းကောင်း၊ အများအပြားတူးဖော်ရရှိကြ