စာပေဗိမာန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး 136.228.174.149 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို NjsBot ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂန္တဝင် +ဂန္ထဝင်)
စာကြောင်း ၂၄ -
စာပေဗိမာန် (မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း) သည် ၁၉၆၃ ခုနှစ်အထိ အစိုးရဌာနများ၏ အထောက်အပံ့၊ နိုင်ငံခြားအသင်းအဖွဲ့များ၏ အထောက်အပံ့ဖြင့် ရပ်တည်ခဲ့သော အစိုးရဌာန မဟုတ်သည့် အသင်းအဖွဲ့ပုံစံလည်း မဟုတ်သည့် စာပေနှင်ယဉ်ကျေးမှု လုပ်ငန်းဌာနတစ်ခု အဖြစ် တည်ရှိခဲ့သည်။ ၁၉၆၃၊ ဩဂုတ်လ ၂၂ တွင် မူလ (စာပေဗိမာန်) မြန်မာနိုင်ငံ ဘာသာပြန်စာပေ အသင်းကို ပယ်ဖျက်ကာ စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ ဟူသော အမည်ဖြင့် အက်ဥပဒေ ပြဋ္ဌာန်း၍ အစိုးရ လက်အောက်ခံ ဌာနအဖြစ် သတ်မှတ်ခဲ့သည်။ ထိုအခါ စာပေဗိမာန်၏ လုပ်ငန်းများကိုလည်း ပိုင်းခြားသတ်မှတ်လိုက်သည်။ ထိုအသစ် ပြန်လည်ဖွဲ့စည်းသော စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့၏ လုပ်ငန်းများမှာ မြန်မာနိုင်ငံသား အားလုံး ဗဟုသုတ တိုးပွားရေးအတွက် နိုင်ငံခြားစာပေမှ ကောင်းနိုးရာရာများကို သုတေသနပြုရန်၊ စာအုပ်ပြုစုရန်နှင့် တိုင်းရင်းသား ဘာသာဖြင့် ပြန်လည်ထုတ်ဝေရန်၊ အစိုးရအသိအမှတ်ပြု [[ကျောင်းသုံးစာအုပ်]]များ ပုံနှိပ်ရန်၊ စာပေဆုပေးပွဲများ၊ စာပေနှီးနှောဖလှယ်ပွဲများ၊ စာပေဆိုင်ရာ ပြပွဲများ ကျင်းပရန် တို့ ဖြစ်လေသည်။
 
ထိုအစီအစဉ်များအရစာပေဆု(များ)အမျိုးမျိုးကို ချီးမြှင့်ခဲ့၏။ ကလေးစာပေ နှီးနှောဖလှယ်ပွဲ၊ သိပ္ပံစာပေနှီးနှောဖလှယ်ပွဲ၊ ပြဇာတ်စာပေနှီးနှောဖလှယ်ပွဲ၊ အတ္ထုပ္ပတ္တိစာပေ နှီးနှောဖလှယ်ပွဲ၊ သုတစာပေစာတမ်းဖတ်ပွဲ၊ ဂန္တဝင်စာပေဂန္ထဝင်စာပေ စာတမ်းဖတ်ပွဲ၊ ဇာတိမာန် စာပေစာတမ်းဖတ်ပွဲ စသော စာပေနှီးနှော ဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၈) ကြိမ် ကျင်းပခဲ့ပြီး ဖြစ်သည်။တင်သွင်းခဲ့သော စာတမ်းရှင်တို့၏ စာတမ်းများကို ပုံနှိပ်ထုတ်ဝေခဲ့ရာ သုတေသီတို့ အကိုးအထောက် ပြုကြရသော ကျမ်းများ ဖြစ်နေသည်။
 
စာပေဗိမာန်သည် မူလက အဖွဲ့အစည်းတစ်ခုမျှသာ ဖြစ်ရာ တော်လှန်ရေးကောင်စီ တာဝန်ယူပြီးနောက် ၁၉၆၃ ခုနှစ်တွင် စာပေဗိမာန် အဆောက်အအုံကို ပြည်သူပိုင်သိမ်းလိုက်ပြီး ဒုတိယဗိုလ်မှူးကြီးတင်ထွန်း၊ ဗိုလ်မှူးကိုလေး၊ ဦးထင်ကြီး(တက္ကသိုလ်ထင်ကြီး)တို့ ပါဝင်သော စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ အုပ်ချုပ်ရေးကိစ္စ အဝဝကို တာဝန်ယူစေသည်။ စာပေဗိမာန် အုပ်ချုပ်ရေး အဖွဲ့ ဥပဒေကိုလည်း ပြဋ္ဌာန်းပေးသည်။