လက်ဖက်ရည်တော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ချက်ခြင်း +ချက်ချင်း)
အရေးမကြီးNo edit summary
စာကြောင်း ၁ -
လက်ဖက်ရည်တော် ဆိုသည်မှာ [[ဘုရင်]]မင်းမြတ်က [[လက်ဖက်ရည်]] သုံးဆောင်တော်မူသည့်အခါ လက်ဖက်ရည်ကပ်ရသော အလုပ်ကို အမှုထမ်းရသောသူများ ဖြစ်သည်။ လက်ဖက်ရည်တော် ရာထူးသည် သာမညရာထူးမဟုတ်ပေ။ ဤရာထူးမျိုးကိုလည်း ဘုရင်မင်းမြတ်တို့က မည်သည့်တစ်စုံတစ်ယောက်အား လွယ်လွယ်နှင့် ပေးအပ်ခန့်ထားကြသည် မဟုတ်ပေ။ လွန်စွာ ကိုယ်သွေးကိုယ်သားကဲ့သို့ ယုံကြည်စိတ်ချရသော ကျေးတော်မျိုး၊ ကျွန်တော်မျိုးတို့ကိုသာ ပေးအပ်ခန့်ထားခြင်း ပြုတတ်ကြသည်။
လက်ဘက်ရည်တော် ရာထူးသည် အမရပူရမြို့တည် ဘိုးတော်မင်းတရား လက်ထက်တော်အခါကစ၍ ခန့်ထားခြင်း ဖြစ်သည်။ ရံဖန်ရံခါ မင်းတရားကြီးသည် လက်ဘက်ရည် သုံးဆောင်တော်မူတတ်သဖြင့် အလိုရှိတော်မူသည့်အခါ ဆက်သရသည်။ လက်ဖက်ရည်တော် ဟူရာ၌ လက်ဖက်ရည်အကြမ်း၊ လက်ဖက်ရည်အချို၊ ရေနွေးတော်၊ ရေပူတော် ဟူ၍ အလိုရှိတော်မူသည့် အခါတွင် အဆင်သင့်ရှိရအောင် စီမံရသော အရာရှိဖြစ်သည်။