ကြာနီကန်ဆရာတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
added a lead section (based on the existing article)
စာကြောင်း ၁ -
{{lead missing}}
{{cleanup}}
{{copyedit}}
'''အရှင်ဇဋိလ''' သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးဖြစ်၍ ဘွဲ့အမည်ထက် ''ကြာနီကန်ဆရာတော်'' ဟူ၍ ပိုသိရှိကြသည်။ နိုင်ငံကျော် ဓမ္မကထိကဆရာတော်တစ်ပါးဖြစ်သည်။ တရားဟောပြောရာ၌ အဆိုအငိုများဖြင့် အဟောအပြော ပိုင်နိုင်သော ရဟန်းတစ်ပါးဖြစ်သည်။ ထိုသို့ ဟောပြောခြင်းများကြောင့် ဆရာတော်ကို ဝေဖန်ကြသလို နှစ်သက်ကြသည်များလည်းရှိသည်။ သက်တော် (၄၆)နှစ်အရွယ်တွင် ကားမတော်တဆမှုဖြင့် ပျံလွန်တော်မူသည်။
 
==မွေးဖွားခြင်း==
ကြာနီကန်ဆရာတော်လောင်းလျာကို စစ်ကိုင်းတိုင်း ငါန်းဇွန်မြို့နယ်၊ ရွှေတွင်းကုန်းကျေးရွာနေ ဦးရှိန်+ဒေါ်ဒွန်းတို့မှ ၁၂၉၄ ခုနှစ် တော်သလင်းလဆန်း ၁၄ ရက် အင်္ဂါနေ့ ၈ နာရီတိတိအချိန်တွင် မွေးဖွားခဲ့သည်။ မတင်၊ မမှုန်ကြီး၊ မလှဖွေး၊ မောင်စိုးတင်၊ မောင်စိုးရှင်ဟူ၍ သားသမီးငါးဦးရှိရာ ကြာနီကန်ဆရာတော် လောင်းလျာ မောင်စိုးတင်သည် လေးဦးမြောက်ဖြစ်သည်။ [[၁၃၀၀ ပြည့် အရေးတော်ပုံ]]ကြီးပေါ်ပေါက်နေချိန်တွင် မိုးခေါင်ရေရှားမှုကြောင့် ကျွဲ၊ နွား တိရစ္ဆာန်များ သေကြေပျက်စီးကြသောကြောင့် ဦးရှိန်နှင့် ဒေါ်ဒွန်းတို့သည် သားသမီးများနှင့်အတူ ကြာနီကန်ရွာ၏ အရှေ့အရပ်ရှိ လျှော်ဖြူပင်ရွာသို့ ပြောင်းရွေ့ကာ လယ်လုပ်ခြင်း၊ ကျွဲနွား၊ သိုး၊ ဆိတ် မွေးမြူခြင်းအလုပ်ဖြင့် အသက်မွေး ဝမ်းကျောင်းကြသလို မိခင်ကြီးကလည်း ဒေသထွက်ကုန်များကို ရောင်းဝယ်ဖောက်ကားခဲ့သည်။ ထိုလျှော်ဖြူပင်ရွာသည်လည်း မကြာခဏဆိုသလို လူဆိုးဓားပြများ၏ လုယက်တိုက်ခိုက်မှုကို ခံနေရသောကြောင့် ၁၃၀၂ ခုနှစ်တွင် ကြာနီကန်ရွာသို့ ပြောင်းရွေ့ခဲ့သည်။