ဝီကီပီးဒီးယား:ထင်ရှားအရေးပါမှု (စာအုပ်များ): တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
|||
စာကြောင်း ၂၂ -
==လွှမ်းခြုံနိုင်ခြင်း==
"[[စာအုပ်]]" တစ်အုပ်၏ အယူအဆ သဘောထားကို ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုထားကြသော်လည်း ဤလမ်းညွှန်ချက်တွင် အောက်ပါဖြန့်ချိမှု အမျိုးအစားများအတွက် သီးခြား ထင်ရှားအရေးပါမှု သတ်မှတ်ချက်များကို မထောက်ပံ့ပေးနိုင်ပါ။ ယင်းတို့မှာ ကာတွန်းစာအုပ်၊ ရုပ်ပြစာအုပ်၊ မဂ္ဂဇင်းများ၊ အဘိဓာန်များ၊ ဝေါဟာရပဒေသာကျမ်းများ၊ စွယ်စုံကျမ်းများ၊ မြေပုံစာအုပ်များ၊ နှစ်ချုပ်စာအုပ်များ၊ ဂီတလက်ကွက်စာအုပ်များကဲ့သို့သော ဂီတသီးသန့် ထုတ်ဝေမှုများ၊ လမ်းညွှန်စာအုပ်များ၊ စာမေးပွဲ အထူးစာအုပ်များ စသည်တို့ဖြစ်သည်။ သီးခြားလမ်းညွှန်ချက်များကို ဖော်ထုတ်နေဆဲ ဖြစ်နိုင်ပြီး ယင်းမတိုင်မီ ဤလမ်းညွှန်ချက်ကို နှိုင်းယှဉ်ချက်အနေဖြင့် သုံးနိုင်သည်။
ဤသတ်မှတ်ချက်များအောက်တွင် [[အီလက်ထရွန်းနစ်စာအုပ်]]များကို ထည့်သွင်းသတ်မှတ်ထားသည်။ အီလက်ထရွန်းနစ် စာအုပ်တစ်အုပ်သည် ဤလမ်းညွှန်ချက်ပါ သတ်မှတ်ချက်များနှင့် မကိုက်ညီသော်လည်း [[WP:WEB|ဝဘ်သီးသန့် အကြောင်းအရာများအတွက် ထင်ရှားအရေးပါမှု လမ်းညွှန်ချက်]]နှင့် ကိုက်ညီနေပါက ထင်ရှားအရေးပါသည်ဟု ယူဆနိုင်သည်။ ဤလမ်းညွှန်ချက်နှင့် ကိုက်ညီသော အီလက်ထရွန်းနစ် စာအုပ်တစ်အုပ်သည် ထင်ရှားအရေးပါမှု ရှိရန်အတွက် ဝဘ်သီးသန့် အကြောင်းအရာများအတွက် ထင်ရှားအရေးပါမှု လမ်းညွှန်ချက်နှင့် ကိုက်ညီခြင်းရှိရန် မလိုအပ်ပါ။
==သတ်မှတ်ချက်များ==
|