ကံ့ကော်ပင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး replace photo
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၏ ။ +၏။, -သည် ။ +သည်။)
စာကြောင်း ၂၉ -
ပုံသဏ္ဌာန် : အပင် အမြဲစိမ်းပင်ကြီးမျိုး ဖြစ်သည်။ ပင်စည်ဖြောင့်မတ်၍ အခေါက် ကြမ်းသည်။ အကိုင်းအခက်များစွာ ဖြာသည်။
အရွက် ရွက်လွှဲထွက်သည်။ ရှည်မျောမျောပုံ ဖြစ်သည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းဝိုင်း သို့မဟုတ် ချွန်သည်။ နုသောအခါ နီ၍ ရင့်သောအခါ စိမ်းလျက် ကျောဘက်၌ အဖြူရောင်အမှုန်ကလေးများ ရှိ၏။ အပေါ်မျက်နှာပြင် ပြောင်လက်၍ ချောမွတ်၏ ။ချောမွတ်၏။ ရွက်ကြောများနီးကပ်၍ ထင်ရှားသည်။ ရွက်နားညီသည်။ ရွက်ညှာတို၍ ရွက်ပြားမာကြွပ်သည်။
အပွင့် တစ်ပွင့်တည်း သို့မဟုတ် စုပွင့် ၏။ အချင်း ၁ လက်မမှ ၃ လက်မအထိရှိပြီး ပွင့်ဖတ်အဖြူရောင်ရှိသည်။ အလယ်တွင်ဝါ၍ မွှေးသောဝတ်ဆံတို့သည် တစ်စုတဝေးတည်း လုံးထွေးနေ၏ ။လုံးထွေးနေ၏။ တပို့တွဲမှ တန်ခူးလအတွင်း ပွင့်သည်။
အသီး အနည်းငယ် ထိပ်ချွန်၍ လုံးဝိုင်းသည်။ အရွယ်အစား အမျိုးမျိုးရှိသည်။ အခြေကို တည်မြဲနေသော ပွင့်ဖတ်ဖြင့် ဝန်းရံထားသည်။ ကဆုန်နှင့် နယုန်လတွင် သီးသည်။
အစေ့ ၁ မှ ၄ စေ့ထိ ပါရှိသည် ။ပါရှိသည်။ အညိုရောင်ရှိ၍ ချောမွတ်သည်။ အစေ့ခွံ မာကျောသည်။
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : အပွင့် ၊ ဝတ်ဆံ ၊ အစေ့ ၊ အမြစ် ၊ အခေါက် နှင့် အဆီ။
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြား တွင်တွေ့ရသည်။ အထူးသဖြင့် တနင်္သာရီတိုင်းတွင် တွေ့နိုင်သည်။
ပေါက်ရောက်ပုံ။ ။ သဘာ၀အလျောက် ပေါက်ရောက်သည်။ အမြဲစိမ်းလန်းသော သစ်တောများတွင် အမြင့်ပေ ၃၅၀၀ အထိ ပေါက်ရောက်၏ ။ပေါက်ရောက်၏။ ဥယျာဉ်ခြံများတွင်လည်း အလှအပ စိုက်ပျိုးကြသည်။
အသုံးဝင်ပုံ : အာနိသင်။ ။ မြန်မာဆေးကျမ်း များအလိုအရ အစာကို ကြေစေသည်။ အရောင်အဆင်း ကို ဖြစ်စေသည်။ သွေး ဖောက်ပြန်ခြင်း ၊ နှလုံးနာကျင်ခြင်း ၊ အဆိပ်သင့်ခြင်း ၊ ဆီးအိမ်နာကျင်ကိုက်ခဲခြင်း ၊ ရောင်ရမ်းခြင်းတို့ကို ပျောက်စေ၍ အားကြွစေသည်။
အသုံးပြုပုံ-
အပွင့်
၁ ။ အပွင့်များကို ထောပတ် ၊ သကြား ရောစပ်၍ ကြိတ်ပြီး စားပါက ပူလောင်ခြင်း နှင့်ဒူလာသွေးကျရောဂါ ပျောက်ကင်း၏။
၂ ။ အဆိပ်ကို ပြယ်စေသဖြင့် အဆိပ်သင့်သော ရောဂါကုဆေးများ၌ ထည့်သွင်းသုံး၏ ။ထည့်သွင်းသုံး၏။
၃ ။ အပွင့်ခြောက်များကို အစာအိမ်မကောင်းခြင်း ၊ ချွေးထွက်လွန်ခြင်း ၊ ချောင်းဆိုး ၊သလိပ်များ ခြင်း စသော ရောဂါများအတွက် အသုံးပြုသည်။
ဝတ်ဆံ
၁ ။ ကံ့ကော်ဝတ်ဆံကို အလွန်ပြင်းသော အဖျား ၊ဦးခေါင်း သို့ သွေးဝင်သောအနာ ၊ မီးယပ်သွေးလျှံသောအနာ၊ ထိတ်လန့်ရူးသွပ်သော အနာတို့ကို ကုသသော ဆေးဖော်စပ်ရာ၌ သုံးသည်။
၂ ။ သကြားခဲနှင့် ကံ့ကော်ဝတ်ဆံ ရောကြိတ်၍ ဆီဦးနှင့် တေပြီးသုံးဆောင်ပါက ခြေပူခြေကွဲ ၊ ဒူလာသွေးကျရောဂါ ပျောက်၏။
၃ ။ မီးယပ်သွေးဆေးဖော်စပ်ရာတွင်လည်း ထည့်သွင်း အသုံးပြု၏ ။အသုံးပြု၏။
၄ ။ အရေပြားပေါ်တွင်ပေါက်သော အပူဖုများ၊ ယားနာများကို သနပ်ခါးနှင့် ကြိတ်၍ သွေးလိမ်းပါက အနာများကို ပျောက်၏ ။ပျောက်၏။
အမြစ်နှင့် အခေါက်
၁ ။အမြစ်နှင့် အခေါက်ကို အားဆေးအဖြစ် အသုံးပြု၏။
အစေ့ဆီ
၁ ။ အစေ့မှရသော အဆီကို အဆစ်အမျက်ရောင် ရောဂါ၊ ဝဲ ၊ ယားနာ စသောရောဂါများ ပျောက်ကင်း စေရန် လိမ်းဆေးအဖြစ် အသုံးပြု၏ ။အသုံးပြု၏။
၂ ။ အနာများ ပုပ်ညှီက ၎င်းအဆီကို လိမ်းပေးရ၏ ။လိမ်းပေးရ၏။ <ref>http://arogyamonline.com/commodity/materials/?raw=60</ref>
 
== ကိုးကား ==