ကပ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၁၀ -
 
====(၃) ရောဂန္တရာယ်ကပ်====
ရောဂါဆိုး ဥပဒ်ဆိုး ဖြစ်ပေါ်လာသည့်အတွက်နှင့် အသက်အန္တရာယ်ဖြစ်ပေါ်လာသည်ကို ရောဂန္တရာယ်ကပ်ဟု ဆိုသည်။ လောက၌ အလွန်ကြမ်းတမ်းသည့် စတုမဟာရာဇ်နတ်မင်းကြီးတို့၏ အုပ်စုနယ်တွင် အပါအဝင်ဖြစ်သည့် သူရဲသံဘက်၊ မြေဘီလူး၊ ရေဘီလူး၊ ကုန်းဘီလူး၊ ကောင်းကင်ဘီလူးတို့မည်သည် ရှိ၏။ ထိုဘီလူး စသည့် အဆိုးအဝါးတို့သည် လူတို့၏ အသွေးအသားကို သောက်စားတတ်ကြ၏။သောက်စားတတ်ကြ၏ ထိုဘီဘူး သံဘကတ်တို့သည် အလွန်ဆိုးသွမ်းကြမ်းတမ်းသည့်အတွက် အခါခပ်သိမ်း သူတို့သဘောအားဖြင့် မထားကြကုန်ဘဲ စတုမဟာရာဇ်နတ်မင်းကြီးတို့သည် ဩဇာအာဏာဖြင့် ထိန်းသိမ်းစောင့်ရှောက်ထား၏။ <ref name="depani"/>
 
လောက၌ လူတို့သည် တရားပျက်ယွင်းသည့်အခါ စတုမဟာရာဇ်နတ်မင်းကြီးတို့၏ အမိန့်နှင့် ထိုသူရဲသံဘက် ရက္ခိုသ်ဘီလူးများကို လူ့ပြည်သို့ စေလွှတ်ကြ၏။ ထိုအခါ ထိုဘီလူးစသည်တို့သည် လူ့ပြည်လောကသို့ ချဉ်းနင်းဝင်ရောက်ကြ၍ အခွင့်ရရှိတိုင်း လူတို့၏ အသွေးအသားကို စားသောက်ကြ၏။ ထိုသို့ ဘီလူးတို့ လူ့လောကနယ်သို့ ရောက်လာသည့်အခါတွင် လူတို့၌ များစွာသော အန္တရာယ်ရောဂါတို့ ဖြစ်ကြ၏။ လျင်မြန်စွာ သေဆုံးကြ၏။ အဖျားရိုးရိုး အနာရိုးရိုး မဟုတ်ဘဲ ထူးဆန်းကြမ်းတမ်းသော အဖျားအနာရောဂါဆိုးတို့သည် ဖြစ်ကြ၏။ ဝမ်းသက်လျှော၍ မြန်စွာသေဆုံးခြင်း၊ မူးမေ့၍ အမြန်သေဆုံးခြင်း စသော ရောဂါဆိုးတို့ ဖြစ်ကုန်၏။ ထိုရောဂါဆိုးတို့ကိုပင် ရောဂန္တရာယ်ကပ်ဟူ၍ ဆိုသည်။ <ref name="depani"/>
"https://my.wikipedia.org/wiki/ကပ်" မှ ရယူရန်