ဆင်ဖြူရှင်မင်း: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
No edit summary
စာကြောင်း ၂၈ -
| signature =
}}
'''ဆင်ဖြူရှင်မင်း''' (မြန်မာ ၁ဝ၉၈-၁၁၃၈) သည် မြန်မာနိုင်ငံ [[ကုန်းဘောင်မင်းဆက်]]တွင် တတိယမြောက်မင်းဖြစ်၍ [[အလောင်းမင်းတရား|အလောင်းမင်းတရားကြီး]] ဦးအောင်ဇေယျ၏ ဒုတိယသားတော်ဖြစ်လေသည်။ သက္ကရာဇ် ၁ဝ၉၈ ခုနှစ် ဝါခေါင်လဆန်း ၁၃ ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်၏။ ငယ်မည်မှာ မောင်ရွဖြစ်၍၊ မြေဒူးမင်းဟုလည်းတွင်သည်။ တနင်္ဂနွေမင်း ဟုလည်း ခေါ်ကြသည်။
 
နောင်အခါ ဆင်ဖြူကျွန်မြို့မှ [[ဆင်ဖြူတော်]]ရရှိသဖြင့် ဆင်ဖြူရှင်ဘွဲ့ ကိုခံယူသည်။ ဆင်ဖြူရှင်မင်းဟူသော ဘွဲ့အမည်ဖြင့်သာ နိုင်ငံသမိုင်းတွင် ထင်ရှား၏။ သို့သော် ဘွဲ့တံဆိပ်နာမံတော်ကား သီရိပဝရသုဓမ္မမဟာရာဇာဇီန္ဒာဓိပတိတည်း။ သက္ကရာဇ် ၁၁၂၅ ခုနှစ်(ခရစ် ၁၇၆၃ ခုနှစ်)၌ အလောင်းမင်း တရားကြီး၏ ပထမသားတော် [[နောင်တော်ကြီးမင်း]]လွန်သဖြင့် ဒုတိယသားတော် မြေဒူးမင်း ထီးနန်းဆက်ခံသည်။ ပထမတွင် ရွှေဘို၌ နှစ်နှစ်မျှ စံနေတော်မူပြီးနောက် အင်းဝ၌ မြို့နန်းအသစ်တည်ထောင် ပြောင်းရွေ့စံတော်မူသည်။ အင်းဝမြို့ကို ရွေးချယ်ခြင်းမှာ အောင်မြေအဖြစ် ယုံကြည်သောကြောင့် တစ်ကြောင်း၊ ရွှေဘိုမြို့သည် ကုန်းခေါင်ခေါင်တွင် တည်ရှိသဖြင့် ကူးသန်းသွားလာမှု မလွယ်ကူဘဲ၊ အင်းဝမြို့ကား လယ်တွင်းကိုးခရိုင်ဖြစ်သော ကျောက်ဆည်နယ်နှင့် အဆက်အသွယ်လွယ်ကူနီးစပ်ခြင်း၊ ဧရာဝတီနှင့် မြစ်ငယ်မြစ်ဆုံရာတွင် တည်ရှိသဖြင့် ရေလမ်းခရီးအားဖြင့် အသွားအလာ လွယ်ကူခြင်းတို့ကြောင့်တစ်ကြောင်း ဖြစ်ဟန်တူပေသည်။ ဖခမည်းတော်အလောင်းမင်းတရားကြီး၏ "ငါ၏သားတော်များသည် ကြီးစဉ်ငယ်လိုက် (အစဉ်အလိုက်) ထီးနန်းသိမ်းပိုက်စိုးစံကြရမည်။" ဟုသော မိန့်မှာချက်ရှိသော်လည်း နောင်တော်ကြီးနတ်ရွာစံပြီးနောက် ဆင်ဖြူရှင်နန်းတက်လာသောအခါ ညီတော်[[အမြင့်မင်းသား]]ကို အိမ်ရှေ့အရာ၌ထားရမည်ဖြစ်သော်လည်း လစ်လျူရှုကာ သားတော် [[စဉ့်ကူးမင်း]]ကိုသာ အိမ်ရှေ့မင်းအဖြစ် သက်မှတ်ကြေငြာခဲ့သည်။ သားတော်ကိုသာ နန်းတက်စေခဲ့သည်။ ယေဘုယျကြည့်လျှင် ဖခင်၏စကားကို ပယ်ရှားခဲ့သည်ဟု နားလည်နိုင်သော်လည်း များစွာသော ရှေးမြန်မာဘုရင်မင်းမြတ်တို့နတ်ရွာစံလျှင် သားတော်တစ်ဦးဦးကိုသာလျှင် အိမ်ရှေ့မင်းအဖြစ် သက်မှတ်ပြီး ထီးနန်းကိုလည်း ဆက်ခံစေခဲ့သော အစဉ်အလာကို နမူနာယူပြီး ဆင်ဖြူရှင်မင်းလည်း ညီတော်အမြင့်မင်းကို ထီးနန်းမလွှဲအပ်ပဲ သားတော်ကိုသာ ထီးနန်းဆက်ခံစေသည်ဟု ပညာရှင်တစ်ချို့က သုံးသပ်ခဲ့သည်။ <ref>{{cite book|title=ညိုမြ - ကုန်းဘောင်ရှာပုံတော်|date=၁၉၉၇ ခုနှစ်၊ မတ်လ|publisher=ရာပြည့်စာအုပ်တိုက်|location=ရန်ကုန်မြို့|page=စာမျက်နှာ ၉၄|edition=ဒုတိယအကြိမ်}}</ref>
စာကြောင်း ၇၂ -
တောင်စေတီကို ထပ်မံ တည်တော်မူသည်။
 
ဆင်ဖြူရှင်မင်းသည် သက္ကရာဇ် ၁၁၃၈ ခုနှစ် နယုန်လ ပြည့်ကျော် ၉ ရက် တနင်္ဂနွေနေ့တွင် သက်တော် ၃၉ နှစ် ၁ဝ လအရွယ်၌၊ လေနာရောဂါဖြင့် နတ်ရွာစံတော်မူလေသည်။ ဆင်ဖြူရှင်မင်း ကား ရဲရင့်တည်ကြည်ခြင်း၊ စစ်မက်လိုလားခြင်း၊ ယောက်ျားမြတ်တို့ ရုပ်လက္ခဏာနှင့် ပြည့်စုံခြင်းတို့ကြောင့် အလောင်းမင်းတရားကြီး၏သား တော်ပီသပေသည်ဟု ပြည်သူတို့ပြောဆိုကြသည်။ ရတနာသုံးပါး၌ယုံကြည်၊ ပညာရှိတို့ကို ချစ်ကြည်၊ ပညာရှိတို့၏ စကားကိုနာယူ၊ မိမိလည်း ပညာရှိတော်မူသည်။ အမှုထမ်းကျွန်တော်မျိုးတို့ကို အထိုက်အလျှောက် ချီးမြှင့်ပြုစုတတ်၊ လူရည်လူသွားကို သိ၍ ရွေးချယ်ခန့်ထားတတ်သောကြောင့် ခန့်ထားခိုင်းစေသမျှ အောင်မြင်သည်များ၏။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)</ref>
==ကိုးကား==
<references/>2. ဝိဇ္ဇာဘွဲ့ရ ရဲထွဋ်လှ ၊ သမိုင်းနိဒါနအကျဉ်း ၊ စာမျက်နှာ ၁၄၉{{ကုန်းဘောင်ခေတ်}}