ဘဦး (နိုင်ငံတော်သမ္မတ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
စာကြောင်း ၁၀၈ -
၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသောအခါ ဒေါက်တာ ဆာဘဦးကိုပင် တရားလွှတ်တော်ချုပ်၊ တရားဝန်ကြီးချုပ်အဖြစ် တင်မြှောက်ကြပြန်သည်။ ယင်းသို့ ဆောင်ရွက် နေစဉ် ဒေသ ဆိုင်ရာ အုပ်ချုပ်မှု စုံစမ်းရေး ကော်မတီ နှင့် ရွေးကောက်ပွဲ ကြီးကြပ်ရေး ကော်မရှင် တို့တွင် ဥက္ကဋ္ဌအဖြစ် ထမ်းဆောင် ခဲ့သည်။
 
၁၉၄၈ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် တရား လွှတ်တော်ချုပ် ၏ တရားဝန်ကြီး ဒေါက်တာဘဦး ခေါင်းဆောင် ပြီး လူမျိုးစု ကိုယ်စားလှယ်များ ပါဝင်သော ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်မှု စုံစမ်းရေး ကော်မရှင် ကို လည်းကောင်း၊ ဖွဲ့စည်းပေးပြီး ကရင်ပြည်နယ်အရေးကို ဖြေရှင်းဆောင်ရွက်ခဲ့သည်။ ဆာဘဦး ခေါင်းဆောင် သော ရွေးကောက်ပွဲကြီးကြပ်စီမံရေးအဖွဲ့ကို ၁၉၄၉ ခုနှစ်၊ ဖေဖေါ်ဝါရီလဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင်
ဖွဲ့စည်း ခဲ့သည်။ {{note|f|F}} ၁၉၄၉ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ကေ၊ အင်၊ ဒီ၊ အို ခေါင်းဆောင် [[စောဘဦးကြီး]] နှင့် ငြိမ်းချမ်းရေး သဘောတူ စာချုပ် လက်မှတ် ရေးထိုးရာတွင် နိုင်ငံတော် ဘက်မှ ပါဝင် ဆောင်ရွက် ခဲ့သည်။
 
၁၉၅၂ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ယာယီသမ္မတ [[စဝ်ရွှေသိုက်၊ (နိုင်ငံတော်သမ္မတ)|စဝ်ရွှေသိုက်]]က သက်တမ်းကုန်ဆုံးသွား သောအခါ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဒေါက်တာဆာဘဦးအား လွတ်လပ်သော မြန်မာနိုင်ငံတော် သမ္မတကြီး အဖြစ် လွှတ်တော်နှစ်ရပ်ပေါင်းကာ တညီတညွတ်တည်း တင်မြှောက်ခြင်းခံရသည်။
 
၁၉၅၃ ခုနှစ်၊ ဖေဖေါ်ဝါရီလဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၌ ပထမဆုံးစတင်သွားလာမည့် ရေကြောင်း ခရီးကို သမ္မတကြီး ကိုယ်တိုင် ''ပြည်တော်သာ'' သင်္ဘော ပေါ်မှနေ၍ စတင်ဖွင့်လှစ်ပေး ခဲ့သည်။
 
သမ္မတကြီး သည် ဘာသာရေး ကို သက်ဝင်ယုံကြည် သူဖြစ်သည်နှင့်အညီ ၁၉၅၃ ခုနှစ်၊ မတ်လ ၂၁ ရက် နေ့တွင် [[ကမ္ဘောဒီးယား]] သာသနာပိုင် ဆရာတော်ကြီးများနှင့် အဖွဲ့ဝင်များ၊ ဝန်ဆောင်သံဃာအဖွဲ့ဝင် ဆရာတော် ကြီးများ အား အိမ်တော်သို့ ပင့်ဖိတ် ၍ ဆွမ်းကပ် လှူဒါန်းခဲ့သည်။ ၁၉၅၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ပဲခူး [[ရွှေမော်ဓောဘုရား(ပဲခူး)|ရွှေမော်ဓေါ]] စေတီတော် ပထမဆင့်ကို နိုင်ငံတော် သမ္မတကြီး၊ ဝန်ကြီးချုပ်ဦးနုနှင့် လူထုပရိတ်သတ်တို့မှ အောင်မြင်စွာ တင်လှူခဲ့သည်။ ၁၉၅၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် [[ဆဋ္ဌသင်္ဂါယနာ]] မဟာ ဓမ္မသဘင်ကြီး ကို သင်္ဂါယနာ [[ဒါယကာ]]အဖြစ်ခဲ့ယူခဲ့သည်။ မေလ ၂၀ ရက်နေ့တွင် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီး သို့ တက်ရောက် လျက်ရှိကြသော သံဃာတော်အပါး ၂၅၀၀ ကို အိမ်တော်ဝန်းအတွင်း ပင့်ဖိတ်ကာ နေ့ဆွမ်း ဆပ်ကပ် လှူဒါန်းခဲ့သည်။