စိတ်ရောဂါပညာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
 
စာကြောင်း ၁ -
'''စိတ်ရောဂါပညာ''' ({{Lang-en|Psychiatry}}) သည် ဆေးပညာ၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ စိတ်ရောဂါပညာ၏ အခြေခံပြဿနာမှာ စိတ်ဓာတ်လှုပ်ရှားမှု၊ စိတ်မကျေနပ်မှုနှင့် မကျန်းမာသဖြင့် ဖြစ်ပွားတတ်သော စိတ် ရောဂါများ၏ အကြောင်းရင်း များကို ရှာဖွေကုသရန် ဖြစ်လေသည်။ ဤကဲ့သို့ကုသရာတွင် ဖေါက်လှဲ ဖေါက်ပြန်ဖြစ်မှုများ၏ အခြေခံအချက်အလက်များကို လူနာများ အတိတ်က အကြောင်းများနှင့် စပ်လျဉ်း၍ စိတ်ရှည် လက်ရှည် မေးမြန်းခြင်း ထုတ်ဖေါ်နိုင်ရန်ထုတ်ဖော်နိုင်ရန် ရည်သန်လေသည်။ လူကောင်းများဟု ထင်ရသူများ၌ စိတ်မသိမသာဖေါက်ပြန်နေသူ အများအပြားရှိလေသည်။ အကြောင်းမူကား၊ အချို့သော သူတို့သည် မိမိတို့၏ စိတ်တွင် ဖြစ်ပေါ်ခံစားရသော အာရုံများကို ချုပ်တည်းဖိနှိပ်ရလွန်းဖြင့် အခဲမကျေချက် အမျိုးမျိုးသည် 'မသိစိတ်'၌ ကိန်းဝပ်နေတတ်၏။ ထိုမကျေနပ်ချက်များ စုပေါင်း၍ အင်အားများလာသောအခါ စိတ်ကို ဒုက္ခပေးသဖြင့် သောကပိုခြင်း၊ မပျော်ပိုက်ခြင်း၊ မကြည်နူးခြင်းစသော ပြင်းထန်သည့် စိတ်ရောဂါများ စွဲကပ်လာတတ်၏။ ဤဝေဒနာများကို နားလည်အောင်ကြိုးစားကုသရန် အထူးလိုအပ်လှပေသည်။
 
အချို့သောသူများသည် အရက်သေစာကို အလွန်အကျွံ သောက်စားကြသဖြင့် အရက်သေစာတွင်ပါသော အရက်ပျံကြောင့် ဦးနှောက်အင်အား ကုန်ခန်းနွမ်းနယ်လာတတ်၏။ ထိုသူမျိုးများသည်လည်း စိတ်နှင့်ဆိုင်သော ဝေဒနာစွဲကပ်တတ် သဖြင့် တင်ကြိုသတိထားကာ ကုသရန်လိုအပ်၏။