အယ်လ်ပ်တောင်တန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး အဲ့လပတောင်တန်း စာမျက်နှာကို အယ်လ်ပ်တောင်တန်း သို့ Zawthetက ရွှေ့ခဲ့သည်: modern usage
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လျှက်ရှိ +လျက် ရှိ)
စာကြောင်း ၁ -
[[File:2008 Jungfrau.jpg|right|thumb| ဂျန်ဖရော ဘာနိစ် အိုဘာလန်း]]
[[File:Satellitenaufnahme der Alpen.jpg|right|thumb|200px|[[ဂြိုဟ်တု]] မှမြင်ရသော အယ်လ်ပ် တောင်တန်းပုံ]]
'''အဲ့လပတောင်တန်း'''သည် [[ဥရောပတိုက်]]ရှိ ထင်ရှားသောတောင်တန်းများဖြစ်သည်။ ထိုတောင်တန်း ၏ ဗဟိုချက်တောင်မကြီးသည် [[ဆွစ်ဇာလန်နိုင်ငံ]]တွင် တည်ရှိ၍ တောင်စွယ် တောင်တန်းများသည် [[ဂျာမနီနိုင်ငံ]]၊ [[ပြင်သစ်နိုင်ငံ]]၊ [[အီတလီနိုင်ငံ]]၊ [[ဩစတြီးယားနိုင်ငံ]]များ အတွင်းသို့ ထိုးဝင်လျှက်ရှိသည်။ထိုးဝင်လျက် ရှိသည်။
 
အဲ့လပတောင်တန်းများသည် မိုင် ၆၈ဝ ခန့် အလျားရှည်၍၊ အကျယ် ၇၅ မိုင် မှ မိုင် ၁၆ဝ ခန့်အထိ ရှိပြီးလျှင်၊ စက်ဝိုင်းခြမ်းပုံကဲ့သို့ ခပ်ကွေးကွေးတည်ရှိသည်။ အနောက်ဘက် တောင်စွန်းသည် ပြင်သစ်နိုင်ငံ နီးစမြို့အနီးတွင်တည်ရှိ၍၊ အရှေ့ဘက်တောင်စွန်းသည် အီတလီနိုင်ငံထရိယက်စမြို့အနီးတွင် တည်ရှိသည်။ နီးစမြို့အနီးရှိတောင်တန်းကို မယ်ရီတိုင်း အဲ့လပတောင်ဟူ၍လည်းကောင်း ထရီယက်စမြို့ အနီးရှိ တောင်တန်းကို ဂျူလီယန် အဲ့လပတောင်တန်းဟူ၍လည်းကောင်း ခေါ်သည်။
စာကြောင်း ၇ -
အနောက်ပိုင်းရှိ အဲ့လပတောင်တန်းများတွင် ပေပေါင်း ၁၅၇၈၄ မြင့်၍ ဥရောတိုက်၌ အမြင့်ဆုံး တောင်ထိပ်ဖြစ်သော မောင့်ဗလန့်တောင်ထိပ်ရှိသည်။ ၄၈၀၈ မီတာ (၁၅၇၇၄ ပေ) မြင့်၍ [[အီတလီနိုင်ငံ]] နှင့် [[ပြင်သစ်နိုင်ငံ]] နယ်စပ်တွင် တည်ရှိသည်။ အခြားထင်ရှားသောတောင်ထိပ်များမှာ မင်နင်း တောင်တန်းရှိ မွန်တီရိုစာတောင်ထိပ် (၁၅၂၁၇ ပေ)နှင့် မက်တာဟွန်းတောင်ထိပ် (၁၄၇၈၂ ပေ) တို့ဖြစ် သည်။ ပေ ၁ဝဝဝဝ ကျော်မြင့်သော အခြားတောင်ထိပ်များလည်းရှိသည်။ အင်္ဂလိပ်စာလုံး အဲ့လပ (Alps) သည် လက်တင်စာ ပြင်သစ်စာတို့မှ ဆင်းသက်လာခြင်း ဖြစ်ပြီး လက်တင်ဘာသာ အဖြူရောင် (albus) မှ ဆင်းသက်လာသည်ဟု ယူဆရသည်။
 
အဲ့လပတောင်ထိပ်တို့သည် အမြဲလိုပင် ဆီးနှင်းဖုံးလွှမ်း လျှက်ရှိကြရာ၊လျက် ရှိကြရာ၊ ရေခဲမြစ်စီးဆင်းသည့် တောင်ထိပ်ပေါင်း ၁၅ဝဝ ခန့်ရှိသည်။ ဥရောပတိုက်ရှိ ထင်ရှားသည့်မြစ်များဖြစ်သော ရိုင်းမြစ်၊ ရုန်းမြစ်၊ ဒန်းညုမြစ်နှင့် ပိုးမြစ်တို့သည် အဲ့လပ တောင်တန်းများ၌ မြစ်ဖျားခံကြသည်။ တောင်ကျရေခဲမြစ်များတွင် မောင့်ဗလန့်တောင်၏ မြောက်ဘက်တောင်စောင်းမှ စီးဆင်းသော မားဒီးဂလေ့ ရေခဲမြစ်သည် အကြီးဆုံးနှင့် အလှပဆုံးရေခဲမြစ်ဖြစ်သည်ဟုဆိုသည်။ အဲ့လပတောင်များပေါ်မှ အရည်ပျော်ကျလာသော ဆီးနှင်းများကြောင့် ရေတံခွန်များစွာရှိရာ၊ ထိုရေတံခွန်များမှ လျှပ်စစ်ဓာတ်အားကိုရရှိသည်။
အထူးသဖြင့် ဆွစ်ဇာလန်နိုင်ငံရှိ မီးရထားတို့သည် ရေတံခွန်များမှရသော လျှပ်စစ်ဓာတ်ဖြင့် ခုတ်မောင်းသွားလာလျှက် ရှိကြသည်။