ဝါရှင်တန်ပြည်နယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အချက်အခြာ +အချက်အချာ)
စာကြောင်း ၇၆ -
ဝါရှင်တန်ပြည်နယ်မှ အဓိကထွက်ကုန်များမှာ ဂျုံ၊ သစ်သီး၊ စည်သွတ်သစ်သီး၊ စည်သွတ် အစားအစာ၊ သစ်လုပ်ငန်းထွက်ပစ္စည်းများ ဖြစ်သော သစ်ပျော့ဖတ်၊ စက္ကူ၊ သုံးထပ်သားနှင့် ပို့တလန် ဘိလပ်မြေ၊ မဂ္ဂနီဆိုက်၊ ကျောက်မီးသွေးတို့ဖြစ်သည်။ စည်သွတ်ဆာမန်ငါးကို အများဆုံးတင်ပို့သော ပြည်နယ်လည်းဖြစ်သည်။
 
ပြည်နယ်ရှိ ထင်ရှားသော မြို့ကြီးများသည် များသောအားဖြင့် ပူဂျက်ဆောင်းရေလက်ကြားရှည်ဒေသတွင် တည်ရှိကြသည်။ ဆီအက်တယ်မြို့နှင့် တာကိုးမာမြို့တို့သည် ကုန်သွယ်ရေးအတွက် အချက်အခြာမြို့ကြီးအချက်အချာမြို့ကြီး များဖြစ်၍ အိုလံပီယာမြို့သည် အစိုးရရုံးစိုက်ရာမြို့ဖြစ်သည်။ အတွင်းပိုင်းတွင်ရှိသော စကိုကန်းမြို့သည် ပြည်နယ်၌ ဒုတိယမြို့ကြီးဖြစ်သည်။ အခြားထင်ရှားသော မြို့များမှာ ဗယ်လင်ဂမ်မြို့၊ အဲဗရက်မြို့နှင့် ဗန်ကူဗားမြို့များ ဖြစ်ကြသည်။
 
[[ပထမကမ္ဘာစစ်]]အတွင်းက ဆီအက်တယ်မြို့တွင် ဘိုးအင်းလေယာဉ်ပျံ တည်ဆောက်သည့် စက်ရုံကို တည်ထောင်ခဲ့လေသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း၌ ထင်ရှားခဲ့သော ''မိုးပျံခံတပ်''ခေါ် စစ်လေယာဉ်ပျံကြီး များကိုလည်းကောင်း၊ ယခုခေတ်၌ အသုံးပြုလျက်ရှိသော ခရီးသည်တင် ဘိုးအင်းဂျက်လေယာဉ်ပျံကြီများကိုလည်းကောင်း ထိုစက်ရုံတွင် တည်ဆောက်ခဲ့လေသည်။