ရာဇာဓိရာဇ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Monaonh (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Túrelio ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ရ +။ ရ, -။ထ +။ ထ)
စာကြောင်း ၃၃ -
 
==ငယ်ဘဝ==
ရာဇာဓိရာဇ်သည် ပဲခူးမြို့တွင် နန်းစိုက်သော မုတ္တမဘုရင် [[ဗညားဦး]] နှင့် သီရိမာမိဖုရားတို့မှ ဖွားမြင်သော သားတော် ဖြစ်သည်။ သက္ကရာဇ် ၇၂၉ ခုနှစ် တပို့တွဲလဆန်း ၈ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်စဉ်ကပင် မယ်တော်ကွယ်လွန်သဖြင့် ခမည်း တော် ဗညားဦး၏နှစ်မတော်မဟာဒေဝီမင်းသမီးက ရာဇာဓိရာဇ် ကို ဆက်လက်မွေးမြူသည်။ရာဇာဓိရာဇ်၏ဆက်လက်မွေးမြူသည်။ ရာဇာဓိရာဇ်၏ ငယ်မည်ကား ဗသုန်ဗန်စက် (ခံတွင်း၌ လျှာတွင် စက်ပါသူ) ဖြစ်၏။ နောင်တွင် ခမည်းတော်က ဗညားနွဲ့ဟူ၍ ဘွဲ့ချီတော်မူသည်။
 
အရွယ်ရောက်သော် ခမည်းတော် ဗညားဦးနှင့် စန္ဒာဒေဝီ မိဖုရားတို့မှ ဖွားမြင်သော တလမည်ဒေါ မင်းသမီးတို့ သင့်ရာမှ ဗောလောကျန်းတော မည်သော သားတော်ကို ရရှိသည်။ နောင်တွင် အင်းဝမင်းခေါင်၏ သားတော် [[မင်းရဲကျော်စွာ]]သည် ဤ [[ဘောလောကျန်းထော|ဗောလောကျန်းတော]] သေ၍ ဝင်စားသည်ဟု အဆိုရှိသည်။
စာကြောင်း ၅၄ -
သက္ကရာဇ် ၇၇၆ ခုနှစ်တွင် ရာဇာဓိရာဇ်သည် သိန္နီနှင့် မဟာမိတ်ပြုကာ သိန္နီစော်ဘွားအား အင်းဝကို တိုက်စေ၏။ အင်းဝစစ်ပန်းသည့်အခါတွင် ရာဇာဓိရာဇ် ချီတက်တိုက်ခိုက်ရာ ပြည်မြို့အထိ သိမ်းပိုက်နိုင်ခဲ့သည်။ အင်းဝဘုရင်မင်းခေါင်သည် ရာဇာဓိရာဇ်အား နှစ်မတော်ကို ဆက်ပြီးလျှင် ပြည်မြို့ ရွှေဆံတော်ဘုရားတွင် သစ္စာဆိုကာ စစ်ပြေငြိမ်းရသည်။ သို့ရာ တွင် မင်းခေါင်သည် ဇင်းမယ်နှင့် မဟာမိတ်ပြုကာ ရာဇာဓိရာဇ် အား လက်စားချေတိုက်ပွဲ ဆင်နွဲပြန်သည်။
 
စစ်တိုက်ခိုက်ရာ၌ ခြေခင်းလက်ခင်းသာသည့် အချိန်၌သာ တိုက်ခိုက်ကြသည်။ မိုးကျလျှင် ပြန်ကြပြန်သည်။ တိုက်ပုံ တိုက်နည်းတို့မှာ အခြေအနေအရ သင့်လျော်သလို စီမံသွားကြ သည်။ ပြောက်ကျားတိုက်ခြင်း၊ ချောင်း၍ အလစ်တိုက်ခြင်း၊ ခံတပ်ပြုလုပ်၍ တိုက်ခိုက်ခြင်း၊ မြို့ကြီးများကို ပိတ်ဆို့ဝန်းရံ၍ တိုက်ခိုက်ခြင်း၊ ရံဖန်ရံခါ တစ်ယောက်ချင်း လူစွမ်းပြခြင်း၊ စီးချင်းထိုးခြင်း စသည့် တိုက်ခိုက်နည်းတို့ဖြင့် တိုက်ကြသည်။ရာဇာဓိရာဇ်၏တိုက်ကြသည်။ ရာဇာဓိရာဇ်၏ မိဖုရားများ ငိုယိုသည်နှင့် မိမိတို့နိုင် လောက်ပြီဆိုရသော စစ်ကို ပြေငြိမ်းလိုက်ခြင်း၊ ရွှေဆံတော် ဘုရားတွင် မင်းနှစ်ပါး သစ္စာပြုပြီးနောက် မကြာမီပင်လျှင် စစ်ဖြစ်ပြန်ခြင်းတို့ကို ထောက်၍ ထိုအခါက စစ်မည်မျှ ဖြစ် လွယ်သည်ကို ထောက်ချင့်နိုင်သည်။ စစ်ပွဲအတွင်း တစ်ဖက်နှင့် တစ်ဖက် သွားလာကျွေးမွေး ခေါ်ငင်ကြသည်လည်း ရှိသည်။ထိုစစ်အတွင်းရှိသည်။ ထိုစစ်အတွင်း အရှင်၏သစ္စာကို မှန်ကန်စွာ စောင့်ထိန်း၍ အမှုထမ်းသော သူရဲကောင်းတို့လည်း ရှိသည်။ တစ်ဖက်မှ တစ်ဖက်သို့ ဝင်စားကြသည်လည်း ရှိသည်။ သူရသတ္တိနှင့် တိုက်ခိုက်ကြသည်ရှိသော်လည်း မင်းရဲကျော်စွာ လဂွန်းအိမ်ကို လှည့်ဖျားသကဲ့သို့ ဥပါယ်တံမျည်ဖြင့် လိမ်လည်လှည့်ပတ် တိုက်ခိုက်ကြသည်လည်း များလေသည်။ တစ်ဖက်ရန်သူကို အကောက်ကြံ၍ ပြုလုပ်ရာ၌ မင်းတို့ အလိုတူသည်လည်း ရှိသည်။
 
စင်စစ်သော်ကား အခြားသောနိုင်ငံများကဲ့သို့ပင် လူစွမ်း ပြလိုခြင်း၊ အနိုင်ရ၍ ဂုဏ်ယူလိုခြင်း၊ လက်စားချေလိုခြင်း စသော ရည်ရွယ်ချက်တို့ကြောင့် စစ်ဖြစ်ရလေသည်။၇၈၃ ခုနှစ်တွင် အင်းဝဘုရင်မင်းခေါင် နတ်ရွာစံပြီး နောက် စစ်မက်ရေးရာမှာ ငြိမ်သက်သွား၏။ ထို ၇၈၃ ခုနှစ်တွင်ပင် ရာဇာဓိရာဇ်လည်း တောကစား ရင်း ဆင်ဖမ်းရာတွင် ဒဏ်ရာသဖြင့် ထိုဒဏ်ရာကြောင့်ပင် ကံကုန်လေသည်။
 
==မင်းမှူထမ်းများ==
ရာဇာဓိရာဇ်မင်းသည် ဆင်စီး၊ မြင်းစီး၊ စစ်ဆင်၊ စစ်ထိုး၊ အတတ်များကို ကောင်းစွာ တတ်ကျွမ်း၏။ အမတ်ဒိန်မဏိရွတ်၊ ဗိုလ်မင်းဗြာတ်စ၊ လဂွန်းအိမ်၊ သမိန်ဗရမ်း စသော သူရဲကောင်း အမှုထမ်းတို့ ပေါများသည်။ မှူးမတ်သူရဲကောင်းတို့ တိုက်ပွဲ တွင် ထိခိုက်ရှနလျှင် ကိုယ်တော်တိုင် ပြုစုတော်မူတတ်သဖြင့် သက်စွန့်ကြိုးပမ်း အမှုထမ်းသူ ပေါများလှလေသည်။ရာဇာဓိရာဇ်သည်ကားပေါများလှလေသည်။ ရာဇာဓိရာဇ်သည်ကား မြန်မာ့သမိုင်းတွင် ဝါရီရူးဘုရင်များအနက် အထက်မြက်ဆုံးမင်း၊ သူရဲကောင်းများကို ချစ်ခင်လေးစားတတ် သောမင်းအဖြစ် မှတ်တမ်းတင် ကျန်ရစ်ခဲ့လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)</ref>
 
== ရာဇာဓိရာဇ်နတ်ရွာစံခြင်း ==