ဗြိတိသျှပိုင် ဗမာပြည်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာကြောင်း ၂၃၅ -
# [[ပဲခူးတိုင်း]] – [[ရန်ကုန်မြို့]]၊ ဟံသာဝတီခရိုင်၊ [[ပဲခူးခရိုင်]]၊ [[သာယာဝတီခရိုင်]]၊ [[ပြည်ခရိုင်]]
# [[ဧရာဝတီတိုင်း]] – [[ပုသိမ်ခရိုင်]]၊ [[ဟင်္သာတခရိုင်]]၊ [[သရက်ခရိုင်]]၊ [[မအူပင်ခရိုင်]]၊ [[မြောင်းမြခရိုင်]]၊ [[ဖျာပုံခရိုင်]]
# နယ်ခြားဒေသ (Scheduled Areas)
# [[ရှမ်းပြည်နယ်|ရှမ်းပြည်]]
# ပခုက္ကူချင်းတောင်ဒေသ
# [[ကချင်ပြည်နယ်|ကချင်တောတောင်ဒေသ]]
 
နယ်ခြားဒေသ (Frontier Areas သို့မဟုတ် Scheduled Areas) များကို ဗြိတိသျှတို့က Burma Frontier Service ဖြင့် သီးခြားအုပ်ချုပ်ခဲ့သည်။ ထိုဒေသများတွင် [[ချင်းလူမျိုး|ချင်း]]၊ [[ရှမ်းလူမျိုး|ရှမ်း]]၊ [[ကချင်လူမျိုး|ကချင်]]၊ [[ကရင်နီလူမျိုး|ကရင်နီ]]စသော တိုင်းရင်သားလူနည်းစုများ နေထိုင်ကြသည်။
 
၁၉၃၁ တွင် အုပ်ချုပ်ရေးဒေသ ၉ ခု ထားရှိခဲ့သည်။
စာကြောင်း ၂၅၂ -
# [[စစ်ကိုင်းတိုင်း]] – [[ဗန်းမော်ခရိုင်]]၊ [[မုံရွာခရိုင်|အောက်ချင်းတွင်းခရိုင်]]၊ [[မော်လိုက်ခရိုင်|အထက်ချင်းတွင်းခရိုင်]]၊ [[ကသာခရိုင်]]၊ [[မြစ်ကြီးနားခရိုင်]]၊ [[စစ်ကိုင်းခရိုင်]]၊ [[ဟူးကောင်းတောင်ကြား|ဟူးကောင်းချိုင့်ဝှမ်းဒေသ]]၊ [[ဂျိန်ဖော့လူမျိုး|တြိဂံဌာနေမြေယာ]]
# [[ဖက်ဒရယ်ရှမ်းပြည်နယ်]] – မြောက်ပိုင်း၊ အရှေ့ပိုင်း၊ အလယ်ပိုင်း၊ [[မြေလတ်]]၊ [[ကရင်နီပြည်နယ်များ|ကရင်နီပြည်]]၊ [[ကျိုင်းတုံ]]၊ [[ညောင်ရွှေ]]
# ပခုက္ကူ‌တောင်တန်းဒေသ – [[ချင်းပြည်နယ်|ချင်းတောင်တန်းဒေသ]]၊ [[မဏိပူရပြည်နယ်|မဏိပူရ]]၊ [[ပခုက္ကူခရိုင်]]၊ [[ကချာခရိုင်]]၊ Jaintia [[ဂျိန်းတိယ]]တောင်တန်းခရိုင်
 
=== အစောပိုင်းကာလအုပ်ချုပ်ရေး ===
[[ပထမ အင်္ဂလိပ် - မြန်မာစစ်|ပထမ အင်္ဂလိပ်–မြန်မာ စစ်ပွဲ]]အပြီးတွင် [[ဗြိတိသျှအင်ပါယာ]]သည် [[ရခိုင်ပြည်နယ်|ရခိုင်]]နှင့် [[တနင်္သာရီတိုင်း|တနင်္သာရီ]]ဒေသတို့ကို ရရှိခဲ့သည်။ ရခိုင်ဒေသကို ဘင်္ဂလားအစိုးရ၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင်ထားရှိပြီး တနင်္သာရီကိုမူ အိန္ဒိယဘုရင်ခံချုပ်က တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ ၁၈၅၂ တွင် [[ပဲခူးတိုင်း]]ကို ရရှိခဲ့၍ ၁၈၆၂ တွင် ရခိုင်၊ တနင်္သာရီတို့နှင့် ပူးပေါင်း၍ ဗြိတိသျှဘားမားအဖြစ် ဖွဲ့စည်းခဲ့ပြီး မဟာဝန်ရှင်တော်မင်းကြီးကို ခန့်အပ်ခဲ့သည်။ ၁၈၈၅ တွင် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ၁၈၈၆ မတ်လအထိ ဗိုလ်ချုပ်ကြီး ပရင်ဒါဂတ်က မြန်မာ့လွှတ်တော်နှင့် ပူးပေါင်းအုပ်ချုပ်ခဲ့သည်။ လွှတ်တော်ကို ဖျက်သိမ်းပြီးချိန်မှစ၍ အထက်အောက်မြန်မာနိုင်ငံကို ပူးပေါင်း၍ အိန္ဒိယဘုရင်ခံချုပ်ကခန့်သော မဟာဝန်ရှင်တော်မင်းကြီးက အုပ်ချုပ်ခဲ့ရသည်။
 
ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို အိန္ဒိယ၏နယ်ပယ်အဖြစ် အုပ်ချုပ်ခဲ့သည်။ ၁၈၉၇ တွင် မြန်မာနိုင်ငံကို အိန္ဒိယ၏ပြည်နယ်အဖြစ် တိုးမြှင့်ခဲ့ရာ မဟာဝန်ရှင်တော်မင်းကြီးအစား ဒုတိယဘုရင်ခံအဖြစ် ပြောင်းလဲအုပ်ချုပ်ခဲ့သည်။ ဒုတိယဘုရင်ခံကို အကြံဉာဏ်ပေးရန် [[ဥပဒေပြုကောင်စီ]]ကို ဖွဲ့စည်းခဲ့ပြီး အမတ် ၉ ဦးပါဝင်သည်။ ၁၉၀၉ တွင် အမတ်ဦးရေကို ၁၇ ဦးအထိသော်လည်းကောင်း ၁၉၁၅ တွင် ၃၀ ဦးအထိတို့မြှင့်ခဲ့သည်။ သို့သော်ဤအဖွဲ့သည် ဥပဒေပြုရေးတွင် အမည်ခံမျှဖြစ်ပြီး ဒုတိယဘုရင်ခံကသာ ဩဇာလွှမ်းမိုးထားသည်။ ဒုတိယဘုရင်ခံကိုလည်း အိန္ဒိယနိုင်ငံအစိုးရက ချုပ်ကိုင်ထားသည်။ ထို့အပြင် အိန္ဒိယအစိုးရသည်လည်း ဗြိတိသျှတို့၏လက်အောက်၌သာရှိသည်။
=== ဒိုင်အာခီ ===
{{further information|ဒိုင်အာခီ}}
စာကြောင်း ၂၇၂ -
၉၁ ဌာနအုပ်ချုပ်ရေးတွင်လည်း ဘုရင်ခံသည် အရေးပါဆုံးဌာနများကို ချုပ်ကိုင်ထားသည်။ တိုင်းရင်းသားကိုယ်စားလှယ်များသည် အခြားအရေးပါသည့် ဌာနများကို ချုပ်ကိုင်ခွင့်ရှိသည်။ တောင်းတန်းနှင့်ပြည်မတို့ကို ဆက်လက်ခွဲခြား အုပ်ချုပ်ခဲ့သည်။ ဘုရင်ခံသည် လွှတ်တော်နှစ်ရပ်၏ ဆုံးဖြတ်ချက်များကို [[ဗီတို]]အာဏာဖြင့် ပယ်ဖျက်နိုင်သည်။ ထို့အပြင် ဘုရင်ခံသည်လည်း အင်္ဂလိပ်အစိုးရ၏ လက်အောက်‌‌၌သာ ရှိနေခဲ့ရာ တိုင်းပြည်အာဏာကို အင်္ဂလိပ်အစိုးရကသာ ချုပ်ကိုင်ထားသည်။ သို့ဖြစ်ရာ ၉၁ ဌာနအုပ်ချုပ်ရေး၏ အခြေအနေများသည် [[ဒိုင်အာခီ]]အုပ်ချုပ်ရေးနှင့် မကွဲမပြားပင်ဖြစ်ခဲ့သောကြောင့် [[တို့ဗမာအစည်းအရုံး]]သည် ထိုအုပ်ချုပ်ရေးကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။
=== စစ်ပြီးခေတ်အုပ်ချုပ်ရေး ===
ဒုတိယကမ္ဘာစစ်တွင်မြန်မာနိုင်ငံသည် ဂျပန်တို့၏လက်အောက်သို့ ကျရောက်ခဲ့သော်လည်း မြန်မာနိုင်ငံ၏အစွန်းအဖျားဒေသ အနည်းငယ်ကို အင်္ဂလိပ်တို့က ဆက်လက်အုပ်ချုပ်နိုင်ခဲ့သည်။ ထိုဒေသများကို အုပ်ချုပ်ရန်အတွက် အိန္ဒိယနိုင်ငံရှိ စစ်သေနာပတိချုပ်လက်အောက်၌ထားရှိ၍ ကက်စ်ဘီ (Civil Affairs Service (Burma)၊CAS၊ CAS (B)) အဖွဲ့ဖြင့်အုပ်ချုပ်ခဲ့သည်။ စစ်အုပ်ချုပ်ရေးကို ၁၉၄၄ ခုနှစ်တွင် ကြေညာခဲ့သော်လည်း ဩဂုတ်လရောက်မှသာ တစ်နိုင်ငံလုံးကိုအုပ်ချုပ်နိုင်ခဲ့သည်။ စစ်ပြေးဘုရင်ခံ [[ဒေါ်မန် စမစ်]]၏ တောင်းဆိုမှုကြောင့် [[မောင့်ဗက်တင်၊ လူဝီ|မောင့်ဘက်တန်]]သည် မြို့ပြအုပ်ချုပ်ရေးသို့ ပြောင်းလဲပေးရန်အတွက် မြန်မာပြည်လွှဲပြောင်းရေးကော်မရှင်ကို ၁၉၄၅ ဇူလိုင်တွင် ဖွဲ့စည်းပေးခဲ့သည်။
 
၁၉၄၅ မေလတွင် အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံကို မည်သို့အုပ်ချုပ်မည်ဟူသော အစီအစဉ်များပါဝင်သည့် စက္ကူဖြူစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။ ထိုစာတမ်းလာအုပ်ချုပ်ရေးပုံစံမှာ ခေတ်နောက်ပြန်ဆွဲ့သည့် အုပ်ချုပ်ရေးမျိုးဖြစ်နေသဖြင့် [[ဖတပလ]]အဖွဲ့ကြီးကပင် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ ဘုရင်ခံဒေါ်မန်စမစ်သည် ၁၉၄၅ အောက်တိုဘာတွင် မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီး မြို့ပြအုပ်ချုပ်ရေးကိုစတင်ခဲ့သည်။ ထိုအုပ်ချုပ်ရေးစနစ်တွင် ဘုရင်ခံကဥက္ကဋ္ဌအဖြစ် ဦးဆောင်သော အမှုဆောင်ကောင်စီဖြင့် အုပ်ချုပ်သည့်စနစ်ဖြစ်သည်။ ဘုရင်ခံသည် အမှုဆောင်ကောင်စီကို ဖွဲ့စည်းရန် ဖတပလကိုခေါ်ယူသော်လည်း ဖွဲ့စည်းသည့်အခါတွင်မူ ဘုရင်ခံ၏အလိုတော်ရိများနှင့်သာ ဖွဲ့စည်းပေးခဲ့သည်။