အမျိုးသားဒီမိုကရေစီပါတီသစ်

အမျိုးသားဒီမိုကရေစီပါတီသစ် (အင်္ဂလိပ်: New National Democracy Party) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[၂]

အမျိုးသားဒီမိုကရေစီပါတီသစ်
အင်္ဂလိပ် အမည်New National Democracy Party
ဥက္ကဋ္ဌဦးသိန်းညွန့်
ဆောင်ပုဒ်ပြည်သူ့အခက်အခဲ ဖြေရှင်းဖို့ ခမောက်သုံးလုံးကို မဲပေးစို့
တည်ထောင်ခြင်း၄ အောက်တိုဘာ ၂၀၁၁ (၂၀၁၁-၁၀-၀၄)
ဌာနချုပ်သင်္ဃန်းကျွန်းမြို့နယ်ရန်ကုန်တိုင်းဒေသကြီး
အဖွဲ့ဝင်၃,၀၀၀ ကျော်[၁]
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၀ / ၈၈၀
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

သမိုင်းကြောင်း ပြင်ဆင်ရန်

ဦးသိန်းညွန့်သည် ပါတီတွင်းရန်ပုံငွေ ပြဿနာများကြောင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ထုတ်ပယ်ခံခဲ့ရပြီးနောက်[၃][၄] ၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် တစ်သီးပုဂ္ဂလအနေဖြင့် ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ ထို့နောက် အမျိုးသားဒီမိုကရေစီပါတီသစ် ကို တည်ထောင်ပြီး[၃] ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။[၅][၄]

ကိုးကား ပြင်ဆင်ရန်

  1. "အမျိုးသားဒီမိုကရေစီပါတီသစ်" (၂၄ ဇူလိုင် ၂၀၁၅). ၇ ရက်သတင်းဂျာနယ် (၈၀၄). Retrieved on ၃၀ မတ် ၂၀၁၇.  Archived 25 September 2017 at the Wayback Machine.
  2. အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ 17 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၀ မတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ဦးသိန်းညွန့် ပါတီသစ်ထောင် (in my) (4 ဇူလိုင် 2011)။ ၃ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကို တပ်မတော်နေရာပေး (in en)။ ၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  5. အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်မည် (in my)။ ၃ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။