အသက်တမ်း
အသက်တမ်း
ပြင်ဆင်ရန်ကမ္ဘာပေါ်တွင် တိရစ္ဆာန်နှင့် အပင်အမျိုးမျိုး ရှိသဖြင့် အသက်တမ်းတူညီသော အမျိုး အနည်းငယ်မျှသာ ရှိခြင်းသည် အံ့ဩဘွယ်ရာ မဟုတ်ချေ။ အရွယ်ရောက်ပြီး မေဖလိုင်းယင်းသည် ယင်းစားသည့် အစာကိုကြေအောင် မချေ နိုင်သဖြင့် နာရီအနည်းငယ်မျှသာ သက်တမ်းရှိလေသည်။ အမေ ရိကန် ပြည်ထောင်စု၊ ပစိဖိတ်ကမ်းခြေတစ်လျှောက်တွင် ပေါက် ရောက်သော ဆီကွိုင်ယာ (ခေါ်) သစ်ပင်ကြီးသည် နှစ်ပေါင်း လေးထောင်၊ သို့မဟုတ် ထိုထက်မကပင် အသက်ရှည်လေ သည်။
အပင်၊ သို့မဟုတ် တိရစ္ဆာအမျိုးမျိုး၏ အသက်ရှည်မှုသည်
ထိုအပင်၊ သို့မဟုတ် ထိုတိရစ္ဆာန်၏ မျိုးရိုး ဇာတိပေါ်တွင်
အခြေတည်လေသည်။ ပတ်ဝန်းကျင် အခြေအနေသာ မပြောင်း
လဲလျှင် အပင်တစ်မျိုးမျိုး၊ သို့မဟုတ် တိရစ္ဆာန် တစ်မျိုးမျိုး
သည် ယင်း၏ မိဘ အသက်ရှည်သည်ထက် ပို၍ အသက်ရှည်
ခဲလေသည်။ အနာ ရောဂါနှင့် သဘာဝရန်သူများက အသက်
တမ်းကို တိုစေသည်။ ပတ်ဝန်းကျင် အခြေအနေကို တိုးတက် ကောင်းမွန်စေခြင်းသည် အသက်တမ်းကို ရှည်စေ နိုင်သည့်
ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်။
အသက်တမ်း ရှည်မှု၊ သို့မဟုတ် အသက်တမ်းတိုမှုကို
သက်ရှိတစ်မျိုးမျိုးသည်မည်မျှလျင်မြန်စွာကြီးထွားသည်၊
သို့မဟုတ် မည်မျှ လှုပ်ရှားထကြွသည်ဆိုသည့် အချက်တို့က
ပြုပြင်ပေးလေသည်။ လျင်မြန်စွာအရွယ်ရောက်လာသော သက်ရှိ
များသည် များသောအားဖြင့် လျင်မြန်စွာ သေကြသည်သာ
ဖြစ်လေ သည်။
အချို့သိပ္ပံပညာရှင်များက အချို့သစ်ပင်များသည် ရောဂါ
ဝေဒနာနှင့် ထိခိုက်နာကျင်မှုများသာ မရှိလျှင် မည်သည့်အခါ
မျှပင် မသေဟု ယုံကြည်ကြသည်။ ထိုသစ်ပင်များ အသက်ကြီး
ရင့်သည်ထက် ကြီးရင့်၍ကြီးထွားသည်ထက် ကြီးထွားလာသော
အခါတွင် မြေဆီလွှာမှ အာဟာရဓာတ်ကို ရယူပြီးလျှင် ပင်စည်
များမှ တစ်ဆင့် ထိုအာဟာရဓာတ်ကို ဖြန့်ဖြူးပေးရန် ခဲယဉ်း
လာကြလေသည်။ ထိုကြောင့် သစ်ပင်များသည် အားနည်းလာ
ပြီးလျှင် အသက်တိုလာကြလေသည်။
ပင်လယ်လိပ်ကြီးများ၊ သို့မဟုတ် ကုန်းလိပ်ကြီးများသည်
ကမ္ဘာပေါ်တွင် အသက်အရှည်ဆုံး တိရစ္ဆာန်ဖြစ်သည်ဟုဆို
သည်။ ပင်လယ်လိပ်ကြီးတစ်ကောင်သည် မှတ်တမ်းတင်ထား
ချက်အရ အသက် ၁၅၂ နှစ်အထိ နေရုံမျှမက နှစ်ပေါင်း ၂ဝဝ
အထိပင် နေကောင်းနေသွားပေလိမ့်မည်။ အချို့ သိပ္ပံပညာရှင်
များက ဆူးတောင် ရှိ ဝေလငါးသည် နှစ်ရာပေါင်းများစွာ
အသက်ရှည်သည်ဟု ယုံကြည်ကြသော်လည်း အထောက်အထား
ကား မသေချာချေ။ ချစ်စနိုး တိရစ္ဆာန်များကဲ့သို့ ထိန်းသိမ်း
စောင့်ရှောက်ထားသော တိရစ္ဆာန် အမြောက်အမြားသည်
ယင်းတို အရိုင်းဘဝတွင် အသက်ရှည်သည်ထက်ပို၍ အသက်
ရှည်ကြလေသည်။
ပိုးကောင်များသည် များသောအားဖြင့် သက်တမ်းတိုကြလေ
သည်။ အခြေအနေ ကောင်းမွန်လျှင် သစ်သီး၊ သို့မဟုတ်
ဗနီဂါယင်တစ်မျိုး၏ ပျမ်းမျှအသက်တမ်းသည် တစ်ဆဲ့တစ်နှစ်
ရှိသည်။ သို့သော် ပိုးကောင် အမြောက်အမြား၏ ဥနှင့်
ပိုးတုံးလုံးကောင်များသည် ကြာမြင့်စွာ အသက်ရှည်ကြလေ
သည်။ သာဓကအဖြစ် ဖော်ပြရလျှင် ကျိုင်းကောင်သည် မြေ
ကြီးအောက်၌ပင် တစ်ဆဲ့ခုနစ်နှစ်ကြာအောင် နေထိုင်နိုင်လေ
သည်။
ဆင်၏ ပျမ်းမျှသက်တမ်းမှာ အနှစ် ၆ဝ ဖြစ်၍ မြင်း၏
ပျမ်းမျှသက်တမ်းမှာ အနှစ် ၂ဝ ဖြစ်သည်။ ကျား၏ပျမ်းမျှ
သက်တမ်းမှာ အနှစ် ၂ဝ ဖြစ်၍ နွားမ၏ ပျမ်းမျှသက်တမ်း
လမှာလည်း အနှစ် ၂ဝ ဖြစ်သည်။ နွားထီး၏ ပျမ်းမျှ
သက်တမ်းမှာ ၁၃ နှစ်ဖြစ်၍ ခွေး၏ ပျမ်းမျှသက်တမ်းမှာ ၁၅
နှစ်ဖြစ်သည်။ ကြောင်၏ ပျမ်းမျှသက်တမ်းမှာ ၁၅ နှစ်ဖြစ်၍၊
သိုး၏ ပျမ်းမျှသက်တမ်းမှာ ၁၃ နှစ် ဖြစ်သည်။ ပင်လယ်လိပ်
ကြီး၏ ပျမ်းမျှသက်တမ်းမှာ အနှစ် ၁ဝဝ ဖြစ်၍ ပင်လယ်လိပ်
၏ ပျမ်းမျှသက်တမ်းမှာ ၄၂ နှစ် ဖြစ်သည်။ အိမ်မွေးငန်း၏
ပျမ်းမျှသက်တမ်းမှာ ၆၅ နှစ်ဖြစ်၍ ကြက်တူရွေး၏ ပျမ်းမျှ
သက်တမ်းမှာ ၅၄ နှစ်ဖြစ်သည်။ ကျီးကန်း၏ ပျမ်းမျှသက်
တမ်းမှာ အနှစ် ၃ဝ ဖြစ်သည်။
ယခုအခါတွင် ဆေးပညာနှင့် ကျန်းမာရေး ဆောင်ရွက်ပေး
ချက်များသည် တိုးတက်ကောင်းမွန်လာပြီ ဖြစ်သဖြင့် လူ၏
ပျမ်းမျှသက်တမ်းသည် တဖြည်းဖြည်း တိုးတက်လာလေသည်။
လူများသည် များသော အားဖြင့် အသက် ၇ဝ၊ သို့မဟုတ် ၈ဝ
အထိ အသက်ရှည်ကြရာ၊ မိန်းမများက ယောက်ျားများထက်
ခြောက်နှစ်ခန့်ပိုသက်တမ်း ရှည်သည်။ ၁၉ဝဝ ပြည့်နှစ်မှစ၍ လူတို့၏ အသက်တမ်းသည် နှစ်
ပေါင်း ၂ဝ မကအထိ တိုးတက်လာခဲ့လေသည်။ ရှေးက ၄၇.၃
နှစ်သာ နေနိုင်ခဲ့ကြရာမှ ယခုအခါ ၆၈.၅ နှစ်အထိ အသက်ပို
၍ ရှည်လာကြသည်ကို တွေ့ရသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)