ဝီကီပီးဒီးယားမှ ကြိုဆိုပါ၏! ပြင်ဆင်ရန်

 
မြန်မာဝီကီပီးဒီးယားမှ လှိုက်လှဲစွာ ကြိုဆိုပါတယ်။ မိတ်ဆွေ စိတ်ပါဝင်စားရာ ကဏ္ဍတွင် ပါဝင်၍ ဆောင်းပါး ရေးသားနိုင်ပါတယ်။

မင်္ဂလာပါ Yin May Lwin။ ဝီကီပီးဒီးယားမှ ကြိုဆိုပါတယ်။ ဝီကီရဲ့ လမ်းစဉ်ငါးရပ်ကို ဖတ်ကြည့်ဖို့ အကြံပြုပါတယ်။

  • အကူအညီလိုရင် ဝီကီပီးဒီးယား လက်ဖက်ရည်ဆိုင်မှာ ဒါမှမဟုတ် Facebook ထဲက ဝီကီအဖွဲ့ရဲ့စာမျက်နှာ မှာ ဝင်ရောက်မေးမြန်း ဆွေးနွေးနိုင်ပါတယ်။
  • ဝီကီပီးဒီးယား ရေးသားဟန်အကျဉ်းချုပ်ကို သိနိုင်ဖို့ ကျူတိုရီရယ် မှာ လေ့လာနိုင်ပါတယ်။
  • ဝီကီဘယ်လိုစသုံးရမယ်ဆိုတာကိုတော့ တည်းဖြတ်နည်း စာမျက်နှာမှာ ကြည့်ပါ။ တည်းဖြတ်ခြင်းအကြောင်း နှိုက်နှိုက်ချွတ်ချွတ်လေ့လာချင်တယ် ဆိုရင်တော့ ဒီစာမျက်နှာကို ဖတ်ကြည့်ပါ။
  • စမ်းသပ်ကြည့်ချင်တယ်ဆိုရင် ဒီစာမျက်နှာကို သုံးပြီး စာမျက်နှာတည်းဖြတ်မှုကို စမ်းသပ်နိုင်ပါတယ်။
  • ဆောင်းပါးသစ်တစ်ပုဒ် စတင်ရေးသားချင်တယ်ဆိုရင် သင်၏ ပထမဆုံးဆောင်းပါး စာမျက်နှာကို ဖတ်ကြည့်ပါ။
  • ဝီကီနဲ့ပတ်သက်ပြီး မေးမြန်းစရာတွေ ရှိတယ်ဆိုရင် ဒီနေရာမှာ မေးမြန်းနိုင်ပါတယ်။
  • ယူနီကုဒ်ဖောင့် သွင်းဖို့ အခက်အခဲရှိရင် ဒီမှာ ကြည့်ပါ။
  • ဘာကီးဘုတ် သုံးရမလဲ မသိရင် ဒီမှာ ကြည့်ပါ။


ဝီကီမှာ အပီအပြင်ပျော်ရွှင်ပါစေဗျား။ (ဝီကီရောင်းရင်းများ)


Welcome to Myanmar Wikipedia! I hope you enjoy improving and editing this Wikipedia project. These pages are especially useful for those who are literate in Burmese. However, even experienced Wikipedians who don't know any Burmese have helped out with other things, like 'Interwikis' and updating images from Commons, etc. So don't be afraid to improve the wiki any way you can! Remember, someone else can always come later and fix any changes you make that are not perfect. Thank you.

Thakins and National Independence Struggle (1930-1948) ပြင်ဆင်ရန်

Thakins and National Independence Struggle (1930-1948) ဆိုတဲ့ စာမျက်နှာကို enwiki ဖက်မှာ ရေးပြီး ဒီဖက်က သခင်များနှင့် အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုကြီး(၁၉၃၀-၁၉၄၈) စာမျက်နှာနဲ့ ချိတ်လိုက်ပါလား .. ဒီဖက်မှာက မြန်မာလို ရှိနေပြီးသားဆိုတော့ အင်္ဂလိပ်လိုရေးထားတာကို enwiki ဖက်ကိုပို့လိုက်တာ ပိုကောင်းပါမယ်။ နောက်ပြီးTemplate:Infobox book ကိုလည်း သုံးလို့ရအောင် ပြင်ပေးထားပါတယ်။ NinjaStrikers «» ၁၇:၂၈၊ ၂၁ မတ်​ ၂၀၁၅ (UTC)

ဒီဖက်က Thakins and National Independence Struggle (1930-1948) ဆောင်းပါးကို enwiki ဖက်မှာ en:Thakins and National Independence Struggle (1930-1948) ဆိုပြီး ရွေ့ထားပါတယ်။ အင်္ဂလိပ်လိုအတွက် အဲဒီဖက်မှာ ရေးပြီး မြန်မာလိုအတွက် ဒီဖက်က သခင်များနှင့် အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုကြီး(၁၉၃၀-၁၉၄၈) ဆောင်းပါးမှာ ရေးရင် ပိုအဆင်ပြေပါလိမ့်မယ်။ NinjaStrikers «» ၀၅:၄၆၊ ၂၄ မတ်​ ၂၀၁၅ (UTC)

ပညာရှင်များကို မမ မေးမြန်းတိုင်ပင်အကြံယူရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ ပြင်ဆင်ရန်

ဒီ “ပျူဖတ်စာ” ဆောင်းပါးဟာ အရေးကြီးပြီး သိလည်းသိသင့်တဲ့ အကြောင်းအရာတစ်ခုဖြစ်တယ်ဆိုတာကို သမီး ထောက်ခံသဘောတူပါတယ်။ ဒါပေမဲ့ ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင် ဒီလိုအရေးကြီးတဲ့ သမိုင်းအထောက်အထား စာမျက်နှာတွေနဲ့ ပတ်သက်လို့ တည်းဖြတ်နိုင်တဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှု သမီးမှာ သိပ်မရှိတဲ့အတွက်ကြောင့် သမီးထက်ပိုပြီး နားလည်တတ်ကျွမ်းတဲ့ မြန်မာဝီကီပီဒီးယားပုဂ္ဂိုလ်များ၊ ပညာရှင်များကို မမ မေးမြန်းတိုင်ပင်အကြံယူရင် ပိုကောင်းမယ်လို့ ထင်ပါတယ် မမရယ်။

ကျေးဇူးတင်ပါတယ်။

ရိုးသားစွာဖြင့်
သော်တာဝင်း --Ladybesttruthful (talk) ၀၃:၄၄၊ ၁၆ မေ​ ၂၀၁၅ (UTC)

အမအဲ့လောက်ထိမတွေးမိပါဘူး ညီမရယ်။ရုတ်တရက်ကြီးဆိုတော့ အရမ်းစိတ်ပူသွားတာ။ဘာလုပ်ရမှန်းမသိဘူးဖြစ်သွားတယ်။ညီမကိုတောင် ဝီကီမှာ တခါမှစကားမပြောဖူးဘဲအကူညီတောင်းတာသာကြည့်တော့။စိတ်အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်နော်ညီမ။ အမကိုတခုခုကူလုပ်ခိုင်းစရာရှိရင်ပြောနော်ညီမ။အားမနာနဲ့။အမက သူများတွေထက်စာရင် နည်းနည်းပိုအားပါတယ်။ Yin May Lwin (talk) ၁၀:၁၃၊ ၁၆ မေ​ ၂၀၁၅ (UTC)

အင်္ဂလိပ်လိုရေးပြီးသား references တွေကို မမကိုယ်တိုင်ရှာရပါလိမ့်မယ်။ ပြင်ဆင်ရန်

စာပြန်နောက်ကျတာကို ခွင့်လွှတ်ပါမမရယ်။ မမစာပြန်တာကို အခုမှသမီးမြင်မိလိုက်တာပါ။ ကြည့်ရတာ ပျူဖတ်စာ စာအုပ်အကြောင်းကို အင်္ဂလိပ်ဝီကီရဲ့ လူတွေက မြန်မာဝီကီမှာပဲ တင်စေချင်နေတယ်၊ အင်္ဂလိပ်ဝီကီမှာ မတင်စေချင်ဘူး။ အထောက်အထား references တွေ မမထည့်ထားတာကို သမီးတွေ့ပါတယ်။ ဒါပေမဲ့ မြန်မာလိုပဲဖြစ်နေတော့ သူတို့က လက်မခံချင်တဲ့ပုံပေါက်နေတယ်။

အင်္ဂလိပ်ဝီကီလူတစ်ယောက်ဆိုရင် မမကို အခုလိုပြောနေပါတယ်။
“မြန်မာလို ကျွန်တော်တို့ နားမလည်တဲ့အတွက်ကြောင့် ပျူစာအုပ်နဲ့ပတ်သတ်လို့ အင်္ဂလိပ်လိုရေးထားတဲ့ website တွေပြပါ။ စာအုပ်ဘယ်လောက်ပဲကောင်းစေကာမူ ထိုစာအုပ်နဲ့ပတ်သတ်လို့ အင်္ဂလိပ်လိုရေးထားတဲ့အထောက်အထား/website တွေ မပြနိုင်ဘူးဆိုရင် အင်္ဂလိပ်ဝီကီမှာ ဆောင်းပါးလာမရေးသင့်ပါဘူး။”

နောက်လူတစ်ယောက်က မမကို အခုလိုမေးနေတယ်။
“ထိုစာအုပ်သည် ဆုတစ်ခုခုရရှိခဲ့ဖူးပါသလား။ ကြည့်ရတာ စာအုပ် references တွေကို ကျွန်တော်သွားကြည့်တဲ့အခါမှာ အဲဒီစာအုပ်က Top Ten National Literary Award Winner Books စာရင်းမှာ ပါပုံပေါက်ပါတယ်။ ကျွန်တော်မြန်မာစကားနားမလည်တော့ အဲဒီစာအုပ်ဆုရထားခြင်းရှိမရှိ မသေချာပါဘူး။ တကယ်သာသေချာရင် အင်္ဂလိပ်ဝီကီမှာ ထိုစာအုပ်ကို လက်ခံသင့်ပါတယ်။”

ပျူစာအုပ်သည် ဆုရထားခဲ့ဖူးကြောင်းကို အင်္ဂလိပ်လိုရေးပြီးသား reference ပြနိုင်ရင် မမတင်ထားတာကို မဖျက်ဖို့ ရာခိုင်နှုန်းများသွားပါပြီ။

သမီးဒီလောက်ပဲသိတာပါ။ ပျူစာအုပ်နဲ့ပတ်သတ်လို့ အင်္ဂလိပ်လိုရေးပြီးသား references တွေကို မမကိုယ်တိုင်ရှာရပါလိမ့်မယ်။ သမီးကတော့ မအားလို့ပါ။ ^_^ --Ladybesttruthful (talk) ၁၅:၁၁၊ ၂၅ မေ​ ၂၀၁၅ (UTC)

တိုက်တိုက်ဆိုင်ဆိုင် ဒီစာမျက်နှာ သမီးတွေ့လို့ အင်္ဂလိပ်ဝီကီမှာ ကိုးကားတစ်ခုအဖြစ် သွားထည့်ထားပါတယ်။ :D

ထပ်ကူညီပါ့မယ်။ ပြင်ဆင်ရန်

စာပြန်တာထပ်နောက်ကျပြန်ပြီမမရယ်။ ၁ ပတ်လောက် ခရီးသွားနေလို့ အင်တာနက် သမီးမသုံးဖြစ်ခဲ့တာပါ။

အခုပြန်ကြည့်တဲ့အခါမှာ သမီး ဟို website ထည့်ပြီးလည်းပြီးရော တိုက်တိုက်ဆိုင်ဆိုင် မမရဲ့ စာမျက်နှာဖျက်ဖို့အစီအစဉ် ရုပ်သိမ်းလိုက်တာကို တွေ့ပါတယ်။ အရမ်းဝမ်းသာပါတယ်။ ဦးသာမြတ်ရဲ့ စာမျက်နှာလည်း မဖျက်ခံရဖို့တော့များပါတယ်။

Tibeto Burman Languages စာသားပါတဲ့ website တို့၊ ဂျီအိတ်ချ်လုစ်ပြောတဲ့ တရုတ်စာကနေဆင်းသက်တယ်ဆိုတဲ့ website တွေ မမ မထည့်တာမှန်ပါတယ်။ ထည့်လိုက်ရင် လွဲသွားပါပြီ။

စာအုပ်ဆုမရသေးလည်းအရေးမကြီးပါဘူး။ လိုလိုမယ်မယ် သူတို့အင်္ဂလိပ်ဝီကီက မေးတာပါ။ ဆုရတဲ့စာအုပ်ဆိုလက်ခံမယ်၊ ဆုမရတဲ့စာအုပ်ဆိုလက်မခံဘူးဆိုပြီး အဲလိုမျိုး ဝီကီမှာ မရှိပါဘူး။

ပျူစာအုပ်နဲ့ပတ်သတ်လို့၊ ဦးသာမြတ်နဲ့ပတ်သတ်လို့ အထောက်အထားတွေ သမီးအားခဲ့ရင်ထပ်ရှာပါဦးမယ်။ ကိုယ့်မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့စာမျက်နှာတွေပဲ။ ဒီလောက်တော့ အနည်းနဲ့အများဝိုင်းကူညီဖို့ သမီးကြိုးစားပါ့မယ်။

ရိုးသားစွာဖြင့်
သော်တာဝင်း --Ladybesttruthful (talk) ၀၆:၂၀၊ ၆ ဇွန်​ ၂၀၁၅ (UTC)

အင်္ဂလိပ်ဝီကီ ဦးသာမြတ်စာမျက်နှာမှာ……….

Tha Myat was a member of Thukhamein team of the Burma Translation Society.

အဲဒီစာကြောင်းအတွက် reference က “ကမ္ဘာသိမြန်မာများနှင့်ကမ္ဘာသိမြန်မာစာအုပ်များ” ဖြစ်ကြောင်းကို မမရေးထားတာ တွေ့ပါတယ်။ ဒါပေမဲ့ ဘယ်စာမျက်နှာမှာပါလဲဆိုတာကို မမပြောပြနိုင်မလား။ ဥပမာ - စာမျက်နှာ ၂၇

နောက်တစ်ခုက အဲဒီ စာမျက်နှာမှာ ဘယ်လိုရေးထားတာလဲ။ မြန်မာလိုအတိအကျ ရေးပြပါ။ ဥပမာ - ဦးသာမြတ်သည် Thukhamein team of the Burma Translation Society (မြန်မာလိုမရေးတတ်လို့ :D) ၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်။

အဲဒါလေးရေးပေးပါမမရယ်။ စာမျက်နှာနံပါတ်နဲ့ မြန်မာလိုအတိအကျစာသားရပြီဆိုရင် ဒီ website ပြပြီး သမီး reference တစ်ခုရေးလို့ရပါပြီ။

(၁)စာပြန်နောက်ကျ ပြင်ဆင်ရန်

(၁)စာပြန်နောက်ကျ
စာပြန်နောက်ကျတဲ့ကိစ္စအတွက်နဲ့တော့ တောင်းပန်စရာမလိုပါဘူး ညီမရယ်။ တောင်းပန်ချင်းတောင်းပန် အစ်မက တောင်းပန်ရမှာပါ။ ကိုယ့်ဘက်က အကူညီတောင်းထားပြီးတော့ ညီမစာရေးပေးထားတာတောင် မသိဘူး။ ကျေးဇူးတင်ပါတယ် ညီမရယ် တကယ်ပါ။

(၂)Tibeto Burman
တီဗက်တို ဘားမန်းကတော့ တမင်ကိုမထည့်တာ။ ဟို မြန်မာစာက အိန္ဒိယအက္ခရာတွေနဲ့ မျိုးရင်းတူတယ်ဆိုပြီး သက်သေပြခဲ့တဲ့သူဆိုတော့။ တရုတ်စာကနေဆင်းသက်ပါတယ်ဆိုတဲ့ စာအုပ်ကို ကိုးကားလိုက်ရင် သူ့ကို စော်ကားလိုက်သလိုပဲလေ။အဲ့လို မြင်မိလို့ မထည့်တာပါ။

(၃)ဦးသာမြတ်အထောက်အထား
ဦးသာမြတ်နဲ့ပတ်သတ်တဲ့ အထောက်အထားတွေက နည်းတယ်ညီမရယ်။ သူသွားခဲ့တဲ့နိုင်ငံတွေကလေ သူသွားတဲ့အချိန်မှာ ၂ခြမ်းကွဲနေတဲ့နိုင်ငံတွေက အခုပေါင်းနေတယ်။ တခုတည်းဖြစ်နေတဲ့နိုင်ငံတွေက ၂ခြမ်းကွဲသွားပြီ။ တရုတ် ရုရှား အိန္ဒိယ တို့လောက်ပဲ အရင်အတိုင်းရှိတာ။မှတ်တမ်းမှတ်ရာတွေက နည်းနည်းရှားနေတယ်။

(၄)referenceစာမျက်နှာ
စာအုပ်က တခြားနေရာ ရောက်နေလို့ အစ်မ မနက်ဖြန်မှ တင်မယ်နော်။ကျေးဇူးတင်ပါတယ်။

(၅)ညီမဘက်က အစ်မကို တခုခုလုပ်ခိုင်းစရာရှိရင်လည်း လုံးဝအားမနာနဲ့နော်။ပြောသာပြော။

အခုဟာက ကိုယ့်ထက်အငယ်ဆီက အကူညီတွေဆက်တိုက်ယူပြီး ဘာမှ ပြန်မလုပ်ပေးရသေးဘူးဖြစ်နေတာ။ Yin May Lwin (talk) ၁၀:၂၅၊ ၉ ဩ​ဂုတ်​ ၂၀၁၅ (UTC)

ရပါတယ် မမရယ်။ သမီးစောင့်နေပါ့မယ်။ ;) --Ladybesttruthful (talk) ၀၈:၅၅၊ ၁၁ ဩ​ဂုတျ​ ၂၀၁၅ (UTC) ၁၄၄ပါ ညီမ။ကျေးဇူးအများကြီးတင်ပါတယ်။ Yin May Lwin (talk) ၁၅:၂၆၊ ၁၁ ဩ​ဂုတ်​ ၂၀၁၅ (UTC)

ဒီအတိုင်း ထားရတော့မယ်ထင်တယ် ပြင်ဆင်ရန်

oh! website မှာ စာအုပ်အထောက်အထားနဲ့ ပတ်သက်လို့ တစ်ခုမှ မရှိတော့ပါလား။ မြန်မာနိုင်ငံကပဲ အင်တာနက်နှေးလို့လားမသိ။ မမထည့်ထားတာက reference ၆-၇ လောက်ကို စာအုပ်တစ်အုပ်တည်း ရည်ညွှန်းထည့်လိုက်ပြီပဲဆိုတော့ စာမျက်နှာနဲ့ သမီး ဘယ်လိုလို့ ရေးလို့ရတော့မလဲ....ကြည့်ရတာ ဘာမှပြင်စရာမလိုပဲ ဒီအတိုင်း ထားရတော့မလားမသိ...:o

မြန်မာနိုင်ငံပြန်ရောက်သွားလို့ အင်တာနက်အရမ်းနှေးပြီး ဝီကီကို တစ်လတစ်ခါတောင် မကြည့်ဖြစ်သလိုဖြစ်နေတယ်။ :D ရရင်ရသလောက် ကူညီပေးဦးမည်ဖြစ်ပါကြောင်း။

ရိုးသားစွာဖြင့်
သော်တာဝင်း--Ladybesttruthful (talk) ၀၄:၃၄၊ ၁၈ စက်​တင်​ဘာ​ ၂၀၁၅ (UTC)

ဒီပြန်ရောက်နေပြီလို့ ကြားရတာ အများကြီးဝမ်းသာပါတယ် ညီမရယ်။

အင်တာနက်ကိစ္စကတော့ ဒီလိုပါပဲ။အခုရက်ပိုင်းအတွင်းမှာ တော်တော် အခြေအနေဆိုးလာတယ်။နို့မဟုတ်ရင်တောင် ညီမကို ပြောစရာတွေရှိနေတာ။

ကဲ ထားပါ။ရောက်တုန်းရောက်ခိုက် ပျော်ရွှင်ပါစေ။ Yin May Lwin (talk) ၁၃:၁၈၊ ၁၈ စက်​တင်​ဘာ​ ၂၀၁၅ (UTC)