(၂) အာသန္နကံ — သေခါနီး ကာလ၌ ပြုလုပ်အပ်သောကံသည်၎င်း, ရှေးကပြုခဲ့ပြီး၍သေခါနီးမှ အောက်မေ့အပ်သောကံသည်၎င်း အာသန္နကံ မည်၏။[၁] ဒမိဠဒေါဝါရိကသည် အနှစ် ငါးဆယ်ပတ်လုံး ငါးမျှား၍ သေခါနီး ကာလ၌ စူဠပိဏ္ဍပါတိကတိဿမထေရ်ထံ၌ သရဏဂုံ ဆောက်တည်သော ကုသိုလ် အာသန္နကံကြောင့် စာတုမဟာရာဇ် နတ်ပြည်၌ ဖြစ်ရသည်။

မဟာဝါစကာလဥပါသကာသည် အနှစ်သုံးဆယ်ပတ်လုံး ၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို စီးဖြန်းသော်လည်း ဩဘာသနိမိတ် မျှမရ၍ “ဘုရားသာသနာတော်သည် သံသရာမှ ထွက်မြောက်ကြောင်း ဖြစ်မည်မထင်”ဟု အယူဖောက်ပြန်သော အကုသိုလ် အာသန္နကံ၏ အစွမ်းကြောင့် သေသည်၏ အခြားမဲ့၌ မဟာဂင်္ဂါမြစ်၌ မိကျောင်းပြိတ္တာ ဖြစ်ရသည်။[၂] [၃]

ကိုးကား ပြင်ဆင်ရန်

  1. (အံ၊ဋီ၊၂၊၁၀၂။ ဝိဘာဝိနီ၊၁၆၉။)
  2. (အံ၊ဋ္ဌ၊၂၊၁၀၇-၈)
  3. တိပိဋကအဘိဓာန် အတွဲ-၅