မင်းသိန်းဇံ
ဦးမင်းသိန်းဇံသည် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ သူသည် တပ်မတော်မှ ဗိုလ်မှူးချုပ်အဆင့်ဖြင့် အငြိမ်းစားယူခဲ့သူဖြစ်ကာ သီရိလင်္ကာနိုင်ငံနှင့် မော်လ်ဒိုက်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်လည်း ခန့်အပ်ခြင်း ခံခဲ့ရသည်။[၃][၄]
မင်းသိန်းဇံ | |
---|---|
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
တာဝန်သက်တမ်း ၁ ဩဂုတ် ၂၀၂၁ – ၃၁ ဇန်နဝါရီ ၂၀၂၅ | |
လက်ထောက် |
|
ဝန်ကြီးချုပ် | မင်းအောင်လှိုင် |
ယခင်လူ | ဒေါက်တာသက်ခိုင်ဝင်း (ကျန်းမာရေးနှင့် အားကစားအဖြစ်) |
ဆက်ခံသူ | Jeng Phang နော်တောင် |
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၁ ဩဂုတ် ၂၀၂၁ – ၃၁ ဇန်နဝါရီ ၂၀၂၅ | |
ယခင်လူ | ဒေါက်တာသက်ခိုင်ဝင်း |
ဆက်ခံသူ | Jeng Phang နော်တောင် |
သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး | |
တာဝန်သက်တမ်း အောက်တိုဘာ ၂၀၁၃ – ၂၀၁၈ | |
သမ္မတ | |
ယခင်လူ | ဦးမျိုးလွင်[၁] |
ဆက်ခံသူ | ဦးဟန်သူ[၂] |
မော်လဒိုက်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး | |
ကိုယ်ရေး အချက်အလက်များ | |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
ဆုတံဆိပ်များ | သီရိပျံချီဘွဲ့ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | ![]() |
တပ်/တပ်ဖွဲ့ခွဲ | ![]() |
ရာထူး | ![]() |
အလုပ်အကိုင်
ပြင်ဆင်ရန်ဦးမင်းသိန်းဇံသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၃)ဆင်းဖြစ်သည်။[၅] တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ပြည့်နှစ်တွင် ဘုတ်ပြင်းတပ်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ သူ၏ကိုယ်ပိုင်အမှတ်မှာ ကြည်း ၁၆၇၃၆ ဖြစ်သည်။ တပ်မတော်တွင် (၃၅)နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၃ခုနှစ် မေလ (၁၄)ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဖြစ်လာခဲ့သည်။ ၂၀၁၄ခုနှစ် ဩဂုတ်လ ၅ရက်နေ့တွင် မော်ဒိုက်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ပူးတွဲခန့်အပ်ခံရသည်။[၄]
ပြည်ထောင်စုဝန်ကြီး
ပြင်ဆင်ရန်၂၀၂၁ခုနှစ် ဩဂုတ်လ (၁)ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအား ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းရာ ဦးမင်းသိန်းဇံအား အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။[၆][၇]
ပုဂ္ဂိုလ်ရေးဘဝ
ပြင်ဆင်ရန်ဦးမင်းသိန်းဇံ၏ ဇနီး ဒေါ်မေသန်းကြိုင်သည် ရန်ကုန်တက္ကသိုလ်မှ အငြိမ်းစားပါမောက္ခဖြစ်သည်။ ၎င်းတို့သည် ငယ်ရွယ်စဉ်ကပင် အိမ်နီးချင်းသူငယ်ချင်းများ ဖြစ်ခဲ့ကြပြီး ၁၉၈၀ကျော်တွင် လက်ထပ်ခဲ့ကြသည်။ ၎င်းတို့တွင် သားသုံးဦးရှိသည်။ သားအကြီးဆုံးမှာ သင်္ဘောကပ္ပတိန်၊ အလတ်မှာ ဒုတိယတန်းအရာရှိဖြစ်ပြီး အငယ်ဆုံးမှာ မြို့ပြအင်ဂျင်နီယာဖြစ်သည်။ ထို့အပြင် မွေးစားသားတစ်ဦးလည်းရှိသည်။
ဦးမင်းသိန်းဇံသည် ဂေါက်သီးရိုက်အားကစားကို ဝါသနာပါသူဖြစ်သည်။[၃]
ကိုးကား
ပြင်ဆင်ရန်- ↑ U Min Thein Zan - Myanmar's New Ambassador to Sri Lanka.။ 9 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 May 2023 တွင် ပြန်စစ်ပြီး။
- ↑ APPOINTMENT OF AMBASSADOR OF THE REPUBLIC OF THE UNION OF MYANMAR TO SRI LANKA။ 9 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 May 2023 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ Aced art။
- ↑ ၄.၀ ၄.၁ New Burmese Ambassador presents credentials to the President။
- ↑ “An Attempt to Lead Myanmar Back to the Future? Data on the State Administration Council Regime’s Union Ministers”။
- ↑ စစ်ကိုင်း၊ တနင်္သာရီနှင့် ဧရာဝတီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများအား တာဝန်မှ အနားယူခွင့်ပြုခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးဌာနအချို့ကို ပြင်ဆင်ဖွဲ့စည်း။
- ↑ မြန်မာ့အားကစားသမိုင်းနှင့် ဝန်ကြီးဌာန သမိုင်းအကျဉ်း။