အိသဉ္ဇာမောင်

မြန်မာ နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူ

အိသဉ္ဇာမောင် (၁၁ စက်တင်ဘာ ၁၉၉၄ မွေးဖွား) သည် မြန်မာ အမျိုးသမီး နိုင်ငံရေးသမား၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ[၁]နှင့် နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ယောက် ဖြစ်သည်။ သူမသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဖြစ်သည်။

အိသဉ္ဇာမောင်
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒုတိယ ဝန်ကြီး
(အမျိုးသားညီညွတ်ရေးအစိုးရ)
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၆ ဧပြီ ၂၀၂၁
သမ္မတဦးဝင်းမြင့်
ဝန်ကြီးနော်ဆူဇန်နာလှလှစိုး
ဒုတိယ သမ္မတဒူဝါလရှီးလ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၉၄-0၉-၁၁) စက်တင်ဘာ ၁၁၊ ၁၉၉၄ (အသက် ၂၉)
နိုင်ငံရေးပါတီလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
မိဘဦးတိုးတိုးမောင်၊ ဒေါ်ယု
ပညာရေးနိုင်ငံခြားဘာသာစကား ဒီပလိုမာဘွဲ့
ကျော်ကြားမှုနိုင်ငံရေးတက်ကြွလှုပ်ရှားသူ
ဆုတံဆိပ်များInternational Women of Courage Award (၂၀၂၂)

အစောပိုင်းဘဝနှင့် ပညာရေး ပြင်ဆင်ရန်

အိသဉ္ဇာမောင်ကို ဦးတိုးတိုးမောင်နှင့် ဒေါ်ယုတို့မှ ၁၉၉၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မွေးဖွားခဲ့သည်။[၂] သူမသည် မန္တလေးတက္ကသိုလ်မှ နိုင်ငံခြားဘာသာစကား ဒီပလိုမာဘွဲ့ကို ရရှိထားသည်။

နိုင်ငံရေး ပြင်ဆင်ရန်

၂၀၁၅ ခုနှစ် မတ်လ ၆ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၌ ၂၀၁၄ မြန်မာနိုင်ငံ ပညာရေးဥပဒေကို ပြင်ဆင်ရန် ဆန္ဒပြခဲ့စဉ် ရဲတပ်ဖွဲ့မှ ဖြိုခွဲဖမ်းဆီးခြင်းခံခဲ့ပြီး ထိုနေ့တွင်ပင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ မတ်လ ၁၀ နေ့တွင် ပြန်လည်ဖမ်းဆီးခံခဲ့ရကာ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅(ခ) တို့ဖြင့် အရေးယူခံခဲ့ရကာ သာယာဝတီအကျဉ်းထောင်တွင် ကျခံခဲ့ရသည်။[၂]

သူမသည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည်။[၃] ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ပန်းဘဲတန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။[၄][၅]

ကိုးကား ပြင်ဆင်ရန်

  1. Election 2020 | Rival Candidates Spell Out Goals, Dreams as Myanmar Election Nears (2 အောက်တိုဘာ 2020)။ ၁၆ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Political Prisoner Profile - Ei Thinzar Maung (PDF)။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း။ ဩဂုတ် ၂၀၁၅။ ၁၆ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး
  3. အာဏာသိမ်းမှုအပေါ် ထောက်ခံ၊ ဝန်းရံသူများလည်း ရှိနေသည် (5 ဖေဖော်ဝါရီ 2021)။ ၁၆ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  4. အင်တာဗျူး | လွှတ်တော်ထဲ မရောက်ပေမယ့် ပြင်ပကနေ ပံ့ပိုးတဲ့ အလုပ်တွေ လုပ်သွားမယ် (9 နိုဝင်ဘာ 2020)။ ၁၆ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  5. ၂၀၂၀ ရွေးကောက်ပွဲ - မဲဆွယ်ကတိကဝတ်တွေကို အခုအထိ လွှတ်မချသေးဘူး - BBC News မြန်မာ (in en)။ ၁၆ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်