အေးမြဖြူ

မြန်မာလူမျိုး အဆုိတော်

အေးမြဖြူသည် မြန်မာနိုင်ငံ၏ မြန်မာ အိုင်ဒေါ ရာသီ ၄ မှ ဒုတိယဆု ရရှိသူဖြစ်ပြီး အဆိုတော်နှင့် ကလေးသရုပ်ဆောင်ဟောင်း တစ်​ယောက်ဖြစ်သည်။[၁][၂]

အေးမြဖြူ
အေးမြဖြူ (ညာဘက်ဘေးဆုံး) ကို၂၀၂၀တွင်တွေ့ရစဉ်
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းအေးမြဖြူ
အခြားအမည်များမိုးသို
မွေးဖွား၉ မတ်၊၂၀၀၃
ရန်ကုန်၊ မြန်မာနိုင်ငံ
ဂီတဟန်မြန်မာသံ ၊ ပေါ့ပ်ဂီတ
အလုပ်အကိုင်အဆိုတော် ၊ သရုပ်ဆောင်
တူရိယာအဆို • ဂစ်တာ

အစောပိုင်းဘဝ နှင့် ပညာရေး ပြင်ဆင်ရန်

အေးမြဖြူကို မတ် ၉၊၂၀၀၃ တွင် အဖ ဦးမျိုးဇင် နှင့် အမိ ဒေါ်တူးတူးတို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ သမီးနှစ်ယောက်အနက် အငယ်ဖြစ်ပြီး သူမ၏ အစ်မနာမည်မှာ အေးချမ်းဖြူဖြစ်သည်။ ၂၀၀၈ခုနှစ်တွင် သူမ အသက်ငါးနှစ်သားအရွယ်က မူကြို၌ ကျင်းပသော မြန်မာ့ရိုးရာအကပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည်။ နောက်ပိုင်းတွင် အကပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အငြိမ့်ပွဲများတွင် ရိုးရာအကဖြင့် ကပြဖျော်ဖြေခဲ့သည်။ ၂၀၀၉ မှ ၂၀၁၈ ခုနှစ်အထိ အထက (၂) ကမာရွတ် (စိန့်ဩဂတ်စတင်း)တွင် ပညာသင်ယူခဲ့သည်။ ယခုအခါ နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)တွင် အင်္ဂလိပ်ဘာသာရပ်ကို လေ့လာဆည်းပူးလျက်ရှိသည်။

ဂီတလုပ်ငန်း ပြင်ဆင်ရန်

၂၀၁၂တွင် ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲများ ပြင်ဆင်ရန်

၁၉ ကြိမ်မြောက် ဆိုကရေးတီး ပြိုင်ပွဲ အဆိုကဏ္ဍတွင် ဒိုးကလေး သီချင်းဖြင့် ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။
ကြယ်ကလေးတို့ရဲ့ဂီတမိုးကောင်းကင် တတိယအကြိမ် ပြိုင်ပွဲတွင်ပါဝင်ခဲ့ပြီး ပထမဆုရရှိခဲ့သည်။

၂၀၁၉: Myanmar Idol ပြိုင်ပွဲ ပြင်ဆင်ရန်

သူမသည် Myanmar Idolပြိုင်ပွဲ Season 4တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အဆင့်များစွာကို အောင်မြင်ခဲ့ကာ ဇကာတင် ၁၁ယောက်တွင်ပါဝင်ခဲ့သည်။ နှစ်သက်ရာသီချင်းအပတ်၊ ရော့ခ်ဂီတအပတ်၊ တက္ကသိုလ်အမှတ်တရသီချင်းအပတ်၊ Countryသီချင်းအပတ်၊ စိုးလွင်လွင်သီချင်းအပတ်၊ ဆောင်းရာသီသီချင်းအပတ်၊ ရေပန်းစားတေးသီချင်းများအပတ်၊ မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်အထိမ်းအမှတ် ရုပ်ရှင်တေးသီချင်းအပတ် နှင့် ခွန်အားဖြည့်တေးသီချင်းအပတ် စသော ပြိုင်ပွဲ အပတ် ၈ပတ်ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် အက်စတာဒေါ့ချင်းဆုန် နှင့် ဘင်ဂျမင်ဆွန် တို့နှင့် ယှဉ်ပြိုင်ခဲ့ပြီး အက်စတာက ပထမဆုကိုရရှိ၍ အေးမြဖြူသည် ဘင်ဂျမင်ဆွန်နှင့်အတူ ပူးတွဲ ဒုတိယဆုကိုသာ ရရှိခဲ့သည်။[၁][၂]

သီဆိုခဲ့သော သီချင်းများ ပြင်ဆင်ရန်

တစ်ကိုယ်တော်သီချင်း ပြင်ဆင်ရန်

  • တိုင်ပြောမယ် (သင်္ကြန်သီချင်း)
  • ဇာတ်လမ်းပဲ (သင်္ကြန်သီချင်း)
  • လွမ်းနေလို့ (၂၀၂၀)
  • နော်
  • Brand new love

ရိုက်ကူးခဲ့သော ဇာတ်ကားများ ပြင်ဆင်ရန်

ဗီဒီယိုဇာတ်ကားများ ပြင်ဆင်ရန်

ခုနှစ် ဇာတ်ကားအမည် ဒါရိုက်တာ တွဲဖက်သရုပ်ဆောင်များ
၂၀၁၆ တစ္ဆေများနှင့်တွေ့ဆုံခြင်း မောင်မျိုးမင်း(ရင်တွင်းဖြစ်) မိုးယံဇွန်၊ ချစ်သုဝေ ၊ ဝါဆိုမိုးဦး
၂၀၁၆ ချစ်လို့ဆိုးတာ ဗန်းကြီး နေမင်း၊ ဝိုင်းစုခိုင်သိန်း၊ စိုးမိုးကြည်၊ သိင်္ဂီထွန်း
၂၀၁၇ တစ်နဲ့ပေါင်းတဲ့တစ် သိန်းဟန်(ဖီးနစ်) ကျော်ရဲအောင်၊ စိုးမြတ်သူဇာ

ရုပ်ရှင်ဇာတ်ကားများ ပြင်ဆင်ရန်

ခုနှစ် ဇာတ်ကားအမည် ဒါရိုက်တာ တွဲဖက်သရုပ်ဆောင်များ မှတ်ချက်
၂၀၁၅ ဘိုမ ဏကြီး ရဲတိုက်၊ ဖွေးဖွေးဖွေးဖွေး
ချစ်ခင်စမှော်ရုံ ဏကြီး ဒေါင်း၊ ကျော်ထက်အောင်မိုးဟေကိုပိုင်ဖြိုးသု ရိုက်ကူးဆဲ
မြကေခိုင် မင်ရည်လဲ့ ဩရသ ကျော်ရဲအောင်၊ အလင်းရောင်၊ ထူးအောင်၊

ကျော်ကျော်၊ မျိုးသန္ဒာထွန်း၊ သက်မွန်မြင့်၊ စိုးမိုးကြည်၊

ဟန်လေး၊ ဆုမြတ်နိုးဦး

ရိုက်ကူးဆဲ

ရုပ်သံဇာတ်လမ်းတွဲ ပြင်ဆင်ရန်

ခုနှစ် ဇာတ်လမ်းတွဲအမည် ဒါရိုက်တာ တွဲဖက်သရုပ်ဆောင် ရုပ်သံလိုင်း
၂၀၁၇ ချစ်ခြင်းကို ဖန်ဆင်းသူ မေတင်

MMG

ကောင်းပြည့်၊ ရွှေမှုန်ရတီ၊ ကောင်းဆက်ထူး၊ သဲနော်ဇာ၊ လုလု၊ ရွှေပိုးအိမ်၊ နှင်းနှင်းထက်ဝေ၊ ထွန်းထွန်းဝင်း၊ သန်းသန်းစိုး၊ သိင်္ဂီထွန်း မြဝတီရုပ်သံ Documentary Channel

ကိုးကား ပြင်ဆင်ရန်