ဦးစီ (၁၂၀၀ ခန့်) သည် ကုန်းဘောင်ခေတ်တွင် ထင်ရှားခဲ့သည့် စာဆိုတော်တစ်ဦး ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဦးစီသည် ဘကြီးတော်လက်ထက်တွင် ရွှေတိုက်အတွင်းဝန်ရာထူးဖြင့် ထမ်းရွက်ရသည့် ရွှေတိုက်အတွင်းဝန် ဦးသာ၏ သားဖြစ်သည်။

ဦးစီသည် ဘကြီးတော်ဘုရား သာယာဝတီမင်းနှင့် ပုဂံမင်းတို့လက်ထက်တွင် ဗြဲတိုက်သံတော်ဆင့်ရာထူးဖြင့် ထမ်းရွက်ခဲ့ရသည်။ မင်းတုန်းမင်းလက်ထက်တွင် သံတော်ဆင့်အရာ၊ လယ်ဝန်အရာတို့ဖြင့် ထမ်းရွက်ခဲ့ရ၍ စဉ့်ကူးမြို့နှင့် ဆောမြို့များကို စားခဲ့ရသည်။ ထို့ကြောင့် ဆောမြို့စားဟု တွင်ခဲ့သည်။[၁]

စာပေများ ပြုစုခြင်း ပြင်ဆင်ရန်

ဦးစီသည် အောက်ပါစာပေများကို ပြုစုခဲ့သည်။

  1. တေးထပ်များ၊
  2. လေးချိုးများ၊
  3. ဗုံကြီးသံများ၊
  4. ဟန်ချင်းများ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၅၁။