၁၉၆၂ အာရှ အားကစားပြိုင်ပွဲ

၁၉၆၂ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1962 Asian Games) သည် အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့ ၌ ၁၉၆၂ခုနှစ် ဩဂုတ်လ ၂၄ရက်နေ့မှ စက်တင်ဘာလ ၄ရက်နေ့အထိ ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတ ဆူကာနို မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

၁၉၆၂ အာရှ အားကစားပြိုင်ပွဲ
IV Asian Games
ကျင်းပရာမြို့အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့
ဆောင်ပုဒ်Ever Onward
ပါဝင်သော နိုင်ငံများ၁၇
ပါဝင်ဆင်နွဲသော အားကစားသမားများ၁,၄၆၀
ကစားပွဲအမျိုးအစား၁၂၀ (၁၃နည်း)
ဖွင့်ပွဲအခမ်းအနား၂၄ ဩဂုတ်
ပိတ်ပွဲအခမ်းအနား၄ စက်တင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဆူကာနို
(သမ္မတ)
တရားဝင်ပိတ်သိမ်းပေးခဲ့သူHamengkubuwono IX
အာရှ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ
အဓိကအားကစားကွင်းဂျီလိုရာ ဘန်ကာနို အားကစားကွင်း
၁၉၅၈ ၁၉၆၆  >

နိုင်ငံ (၁၇)နိုင်ငံမှ အားကစားသမား (၁,၄၆၀)ဦးတို့သည် အားကစားနည်း (၁၃)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဂျီလိုရာ ဘန်ကာနို အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံအင်ဒိုနီးရှားနိုင်ငံအိန္ဒိယနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။[၁]

လက်ခံကျင်းပခြင်း ပြင်ဆင်ရန်

အိမ်ရှင်ရွေးချယ်ခြင်း ပြင်ဆင်ရန်

၁၉၅၈ခုနှစ် မေလ ၂၃ရက်နေ့တွင် ဂျပန်နိုင်ငံ၌ ကျင်းပသော အစည်းအဝေး၌ ၁၉၆၂ခုနှစ်ပွဲတော်ကို ကျင်းပမည့်နိုင်ငံအား မဲပေးရွေးချယ်ခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့နှင့် ပါကစ္စတန်နိုင်ငံ ကရာချိမြို့တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲအရေအတွက် မတိမ်းမယိမ်းဖြင့် ဂျာကာတာက အနိုင်ရခဲ့သည်။

၁၉၆၂ အာရှအားကစားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်ခြင်းရလဒ်
မြို့ အမျိုးသားအိုလံပစ်ကော်မတီ မဲရလဒ်
ဂျာကာတာမြို့   အင်ဒိုနီးရှား ၂၂
ကရာချိမြို့   ပါကစ္စတန် ၂၀

ပြဿနာများ ပြင်ဆင်ရန်

အင်ဒိုနီးရှားနိုင်ငံသည် ထိုစဉ်က လွတ်လပ်ရေးရသည်မှာ (၁၇)နှစ်သာ ရှိသေးပြီး နိုင်ငံတကာအားကစားပြိုင်ပွဲတစ်ခုကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ) နှင့် အရှေ့အလယ်ပိုင်းရှိ မွတ်စလင်နိုင်ငံများ၏ တင်ပြချက်အရ အစ္စရေးနိုင်ငံနှင့် တရုတ်သမ္မတနိုင်ငံ (အာအိုစီ - ထိုင်ဝမ်) တို့ကို ပြိုင်ပွဲမှ ဖယ်ထုတ်ခဲ့သည်။ အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံမှ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် အစ္စရေးနှင့် အာအိုစီတို့မှ အဖွဲ့ဝင်များကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးခဲ့ပေ။ ထိုအချက်များသည် အာရှအားကစားအဖွဲ့ချုပ်၏ စည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံမှ မူလက ကတိပေးထားသည့် အဖွဲ့ဝင်နိုင်ငံအားလုံး (အင်ဒိုနီးရှားနှင့် သံတမန်ဆက်ဆံရေးမရှိသည့် အစ္စရေး၊ အာအိုစီ၊ ကိုရီးယားသမ္မတနိုင်ငံ တို့အပါအဝင်) ကိုဖိတ်ကြားရန် အချက်အားလည်း ချိုးဖောက်ခြင်းဖြစ်သည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီမှ အင်ဒိုနီးရှားနိုင်ငံအား အပြစ်ပေးသည့်အနေဖြင့် ၁၉၆၄ နွေရာသီ အိုလံပစ်ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ခဲ့သည်။ ထိုဒဏ်ပေးမှုကို တုံ့ပြန်မှုအနေဖြင့် အင်ဒိုနီးရှားနိုင်ငံက ဦးစီးကာ GANEFO အားကစားပြိုင်ပွဲကို ၁၉၆၃ခုနှစ်တွင် ကျင်းပခဲ့သည်။[၂]

အားကစားကွင်းများ ပြင်ဆင်ရန်

အားကစားနည်းအားလုံးနီးပါးကို အသစ်တည်ဆောက်ထားသော ဂျီလိုရာ ဘန်ကာနို အားကစားကွင်း အပါအဝင် ဂျီလိုရာ ဘန်ကာနို အားကစားပြိုင်ဝင်းရှိ အားကစားကွင်း/ရုံများတွင် ကျင်းပခဲ့သည်။ ထိုအားကစားပြိုင်ဝင်းကို ၁၉၅၉ခုနှစ် မေလ ၁၁ ရက်နေ့မှစ၍ စီစဉ်ခဲ့ကြပြီး ပြိုင်ပွဲကျင်းပရန် တစ်လအလိုတွင် ပင်မအားကစားကွင်းကို တည်ဆောက်ပြီးစီးခဲ့သည်။[၃]

ပွဲများနှင့်အားကစား ပြင်ဆင်ရန်

ပါဝင်​သော အားကစားနည်းများ ပြင်ဆင်ရန်

အလေးမအားကစားနည်းကို ထည့်သွင်းကျင်းပရန် စီစဉ်ခဲ့သော်လည်း အစ္စရေးနှင့် တရုတ်သမ္မတနိုင်ငံတို့အား ယှဉ်ပြိုင်ခွင့် ပိတ်ခဲ့သောကြောင့် ကမ္ဘာ့အလေးမအဖွဲ့ချုပ်မှ ပြိုင်ပွဲကို အသိအမှတ်မပြုခဲ့ပေ။ ထို့ကြောင့် ထည့်သွင်းမကျင်းပခဲ့တော့ပေ။ ကြက်​တောင်အားကစားနည်းကို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပခဲ့သည်။

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    •  ဒိုင်ဗင်
    •  ​ရေကူး
    •  ဝါတာပိုလို
  •  ​ပြေးခုန်ပစ်
  •  ကြက်​တောင်ရိုက်
  •  ဘတ်စကက်​ဘော
  •  လက်​ဝှေ့
  •   စက်ဘီးစီး
  •  ​ဟော်ကီ
  •  ​ဘောလုံး
  •  ​သေနတ်ပစ်
  •  စားပွဲတင်တင်းနစ်
  •  တင်းနစ်
  •  ဘော်လီ​ဘော
  •  နပန်း

သရုပ်ပြအားကစားနည်း ပြင်ဆင်ရန်

  •   မြားပစ်

ပါဝင်သည့်နိုင်ငံများ ပြင်ဆင်ရန်

ဆုတံဆိပ်ဇယား ပြင်ဆင်ရန်

Key

  *   အိမ်ရှင်

၁၉၆၂ အာရှ အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NOC ရွှေ ငွေ ကြေး စုစုပေါင်း
  ဂျပန် ၇၃ ၅၆ ၂၃ ၁၅၂
  အင်ဒိုနီးရှား* ၁၁ ၁၂ ၂၈ ၅၁
  အိန္ဒိယ ၁၀ ၁၃ ၁၀ ၃၃
  ပါကစ္စတန် ၁၁ ၂၈
  ဖိလစ်ပိုင် ၂၄ ၃၇
  တောင်ကိုရီးယား ၁၀ ၂၃
  ထိုင်း ၁၂
  မလာယာ ၁၅
  မြန်မာ
၁၀   စင်ကာပူ
၁၁  ဆီလွန်
၁၂   ဟောင်ကောင်
၁၃   အာဖဂန်နစ္စတန်
  ကမ္ဘောဒီးယား
  ​တောင်ဗီယက်နမ်
စုစုပေါင်း (15 NOCs) ၁၂၀ ၁၂၂ ၁၃၀ ၃၇၂

ကိုးကား ပြင်ဆင်ရန်

  1. Jakarta 1962 Asian Gamesအာရှ အိုလံပစ်ကောင်စီ။ 11 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. Field၊ Russell (2011)။ The Olympic Movement’s Response to the Challenge of Emerging Nationalism in Sport: An Historical Reconsideration of GANEFO။ Winnipeg: University of Manitoba။
  3. Sukarno dan GBK (in id)။ 2018-01-21 တွင် ပြန်စစ်ပြီး။
  4. အာရှအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေ။ 16 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 January 2022 တွင် ပြန်စစ်ပြီး။