၁၉၆၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်

၁၉၆၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် သည် မြန်မာနိုင်ငံရန်ကုန်မြို့ တွင် ၁၉၆၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၁၃ ရက်​နေ့အထိ ကျင်းပခဲ့​သော ပဉ္စမအကြိမ်​မြောက် အ​ရှေ့​တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲဖြစ်သည်။

၁၉၆၉ အ​ရှေ့​တောင်အာရှကျွန်းဆွယ် အားကစားပွဲ​တော်
5th Southeast Asian Penisular Games
ကျင်းပရာမြို့မြန်မာနိုင်ငံ ရန်ကုန်မြို့
ပါဝင်သော နိုင်ငံများ၆ နိုင်ငံ
ကစားပွဲအမျိုးအစားအားကစား ၁၅ မျိုး
ဖွင့်ပွဲအခမ်းအနား၆ ဒီဇင်ဘာ
ပိတ်ပွဲအခမ်းအနား၁၃ ဒီဇင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဦးနေဝင်း
ဝန်ကြီးချုပ်
အခမ်းအနားကျင်းပရာ အားကစားကွင်းဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း
၁၉၆၇ ၁၉၇၁  >

ထိုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိသော်လည်း ဗီယက်နမ်စစ်ပွဲကြောင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ငြင်းဆန်ခဲ့သည်။ မြန်မာနိုင်ငံသည် ဒုတိယအကြိမ်ပွဲ​တော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုအားကစားပွဲ​တော်သည် မြန်မာနိုင်ငံအ​နေဖြင့် ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုအချိန်၌ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ၏ အငယ်ဆုံးအဖွဲ့ဝင် နိုင်ငံဖြစ်နေသော စင်ကာပူနိုင်ငံသည် အားကစားပြိုင်ပွဲ၏အမည်ကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (Southeast Asian Games) ဟု ပြောင်းလဲရန် အကြံပြုခဲ့သည်။

ထိုစဉ်က နိုင်ငံ​တော်ဝန်ကြီးချုပ်နှင့် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး​နေဝင်းမှ ဗိုလ်ချုပ်​အောင်ဆန်းအားကစားကွင်းတွင် အားကစားပွဲ​တော်အား ဖွင့်လှစ်​ပေးခဲ့သည်။

နိုင်ငံအသီးသီးမှ ဝင်​ရောက်ယှဉ်ပြိုင်သူ ၉၂၀ဦးရှိခဲ့သည်။ မြန်မာ၊ ထိုင်းနှင့် စင်ကာပူတို့မှ နိုင်ငံအလိုက် ပထမ၊ဒုတိယနှင့် တတိယရရှိခဲ့သည်။

ပွဲများနှင့်အားကစား ပြင်ဆင်ရန်

ပါဝင်သောနိုင်ငံများ ပြင်ဆင်ရန်

အားကစားနည်းများ ပြင်ဆင်ရန်

အားကစားနည်း​ပေါင်း ၁၅မျိုးပါဝင်ခဲ့သည်။

  •  ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
  •  ပြေးခုန်ပစ်
  •  ကြက်တောင်ရိုက်
  •  ဘတ်စကက်ဘော
  •  လက်​ဝှေ့
  •  စက်ဘီးစီး
  •  ​ဘောလုံး
  •  ကျွမ်းဘား
  •  ဂျူဒို
  •  ​သေနတ်ပစ်
  •  ရွက်​လှေ
  •  စားပွဲတင် တင်းနစ်
  •  တင်းနစ်
  •  ​ဘော်လီ​ဘော
  •  အ​လေးမ

ဆုတံဆိပ် ဇယား ပြင်ဆင်ရန်

  *   အိမ်ရှင်နိုင်ငံ

၁၉၆၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NOC ရွှေ ငွေ ကြေး စုစုပေါင်း
  မြန်မာ* ၅၇ ၄၆ ၄၆ ၁၄၉
  ထိုင်း ၃၂ ၃၂ ၄၅ ၁၀၉
  စင်ကာပူ ၃၁ ၃၉ ၂၃ ၉၃
  မလေးရှား ၁၆ ၂၄ ၃၉ ၇၉
 ​တောင်ဗီယက်နမ် ၂၂
  လာအို
စုစုပေါင်း (၆နိုင်ငံ) ၁၄၅ ၁၄၆ ၁၆၄ ၄၅၅
ရင်းမြစ် Archived 28 February 2018 at the Wayback Machine.

ကိုးကား ပြင်ဆင်ရန်


ယခင်က
၁၉၆၇
ဘန်​ကောက်
ပဉ္စမအကြိမ် အ​​ရှေ့​တောင်အာရှကျွန်းဆွယ် အားကစားပွဲ​တော်
၁၉၆၉
ရန်ကုန်
ဆက်ခံသူ
၁၉၇၁
ကွာလာလမ်ပူ