၂၀၀၂ အာရှ အားကစားပြိုင်ပွဲ

၂၀၀၂ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2002 Asian Games) သည် ကိုရီးယားသမ္မတနိုင်ငံဘူဆန်မြို့ ၌ ၂၀၀၂ခုနှစ် စက်တင်ဘာ ၂၉ရက်နေ့မှ အောက်တိုဘာ ၁၄ရက်နေ့အထိ ကျင်းပခဲ့သော ၁၄ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ကိုရီးယားသမ္မတနိုင်ငံသည် ၁၉၈၆ပွဲတော်ကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၂၀၀၂ခုနှစ်တွင် ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ ကင်ဒေးဂျုံမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

၂၀၀၂ အာရှ အားကစားပြိုင်ပွဲ
XIV Asian Games
ကျင်းပရာမြို့ကိုရီးယားသမ္မတနိုင်ငံဘူဆန်မြို့
ဆောင်ပုဒ်New Vision, New Asia[၁]
(ကိုရီးယား: 새로운 비전, 새로운 아시아)
(saeloun bijeon, saeloun asia)
ပါဝင်သော နိုင်ငံများ၄၄
ပါဝင်ဆင်နွဲသော အားကစားသမားများ၇,၇၁၁
ကစားပွဲအမျိုးအစား၄၁၉ (၃၈နည်း)
ဖွင့်ပွဲအခမ်းအနား၂၉ စက်တင်ဘာ
ပိတ်ပွဲအခမ်းအနား၁၄ အောက်တိုဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူကင်ဒေးဂျုံ
တောင်ကိုရီးယားနိုင်ငံ၏ သမ္မတ
တရားဝင်ပိတ်သိမ်းပေးခဲ့သူSamih Moudallal
အာရှ အိုလံပစ်ကောင်စီ၏ ဒုတိယဥက္ကဋ္ဌ
Athlete's OathMoon Dae-sung၊ Ryu Ji-hye
Torch LighterHa Hyung-joo၊ Kye Sun-hui
အဓိကအားကစားကွင်းဘူဆန်အာရှ ပင်မအားကစားကွင်း
ဝက်ဘ်ဆိုဒ်busanasiangames.org
၁၉၉၈ ၂၀၀၆  >

နိုင်ငံ (၄၄)နိုင်ငံမှ အားကစားသမား (၇,၇၁၁)ဦးတို့သည် အားကစားနည်း (၃၈)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဘူဆန်အာရှ ပင်မအားကစားကွင်းတွင် ကျင်းပခဲ့သည်။ တရုတ်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံတို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

ဘူဆန်မြို့သည် တောင်ကိုရီးယားနိုင်ငံတွင် ဆိုးလ်မြို့ပြီးနောက် အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပသည့် ဒုတိယမြောက်မြို့ ဖြစ်လာခဲ့သည်။ အားကစားပွဲတော်ကို အနီးအနားရှိမြို့များဖြစ်ကြသည့် အောလ်ဆန်မြို့၊ ချန်ဝမ်မြို့၊ မာဆန်မြို့နှင့် ယန်ဆန်မြို့များတွင်လည်း ခွဲဝေ ကျင်းပခဲ့သည်။ ကိုရီးယားသမ္မတနိုင်ငံသည် ရွှေတံဆိပ် (၉၅)ခုဖြင့် စံချိန်သစ် တင်နိုင်ခဲ့သည်။ ဂျပန်ရေကူးအားကစားသမား Kosuke Kitajima သည် အကောင်းဆုံးအားကစားသမား (MVP) အဖြစ် ကြေညာခံခဲ့ရသည်။

လက်ခံကျင်းပခြင်း ပြင်ဆင်ရန်

အိမ်ရှင်​ရွေးချယ်ခြင်း ပြင်ဆင်ရန်

၁၉၉၅ခုနှစ် မေလ ၂၃ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ကျင်းပသော အစည်းအဝေးတွင် ကိုရီးယားသမ္မတနိုင်ငံမှ ဘူဆန်မြို့အား တရုတ် (တိုင်ပေ) မှ ကောင်းရှုံမြို့ထက်ပို၍ မဲပေးခဲ့ကြသည်။ ၄၁မဲတွင် ၃၇မဲသည် ဘူဆန်အား မဲပေးခဲ့ကြသည်။ မဲကွာခြားမှု များခဲ့သဖြင့် ထိုင်ဝမ်က ၎င်းတို့အနေဖြင့် စိတ်ပျက်ကြောင်းနှင့် တရုတ်ပြည်မကြီး၏ ဖိအားပေးမှုကြောင့် ဘူဆန်အားရွေးချယ်ခဲ့ကြခြင်းဟု တိုင်ကြားခဲ့သည်။ သို့သော် အာရှအိုလံပစ်ကောင်စီက ထိုအချက်ကို ငြင်းဆိုခဲ့သည်။[၂][၃][၄]

၂၀၀၂ အာရှအားကစားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်ခြင်းရလဒ်
မြို့ အမျိုးသားအိုလံပစ်ကော်မတီ မဲရလဒ်
ဘူဆန်မြို့   တောင်ကိုရီးယား ၃၇
ကောင်းရှုံမြို့   တရုတ် တိုင်ပေ

အားကစားကွင်းများ ပြင်ဆင်ရန်

ပြိုင်ပွဲအတွက် (၄၂)​နေရာ အသုံးပြုခဲ့ပြီး ၎င်းတို့အနက် အာရှအားကစားရုံစုအပါအဝင် (၁၂)​နေရာကို အသစ်​ဆောက်ခဲ့သည်။[၅][၆]

အာရှအားကစားရုံစု
အားကစားကွင်း အားကစားနည်း
ဘူဆန် အာရှအားကစားကွင်း ​ပြေးခုန်ပစ်၊ ​ဘောလုံး (ဗိုလ်လုပွဲ)၊ ဖွင့်ပွဲ၊ ပိတ်ပွဲ
ဆာဂျစ် ​ရေကူးကန် ​ရေပိုင်းဆိုင်ရာ အားကစားနည်းများ
ဆာဂျစ် အားကစားရုံ ဘက်စကတ်​ဘော၊ ကျွမ်းဘား
ဆာဂျစ် ​​​ဘေ့စ်​ဘော အားကစားကွင်း ​​​ဘေ့စ်​ဘော
ဂန်ဆို အားကစားဥယျာဉ်
အားကစားကွင်း အားကစားနည်း
ဂန်ဆို မြားပစ်ကွင်း မြားပစ်
ဂန်ဆို အားကစားရုံ ကြက်​တောင်ရိုက်၊ ဓားသိုင်း
ဂန်ဆို ​ဟော်ကီအားကစားကွင်း ​​​ဟော်ကီ
ဂျင်ဂျွန်း အားကစားဥယျာဉ်
အားကစားကွင်း အားကစားနည်း
ဂျင်ဂျွန်း အားကစားရုံ ဘက်စကတ်​ဘော
ဂျင်ဂျွန်း စက်ဘီးစီး အားကစားရုံ စက်ဘီးစီး (လမ်း​ကြောင်း)
ဂျင်ဂျွန်း တင်းနစ် အားကစားကွင်း တင်းနစ်
ဂူ​ဒေါ့ အားကစားရုံစု
အားကစားကွင်း အားကစားနည်း
ဘူဆန် ဂူ​ဒေါ့ အားကစားကွင်း ​ဘောလုံး
ဂူ​ဒေါ့ ​ဘေ့စ်​ဘော အားကစားကွင်း Soft tennis
ဂူ​ဒေါ့ အားကစားရုံ ဂျူဒို၊ တိုက်ကွမ်ဒို
အခြား
အားကစားကွင်း အားကစားနည်း
နက်​ဒေါင်မြစ် ကနူး​​လှေ၊ ​လှေ​လှော်
ဂီဂျန်း အားကစားရုံ ​ဘော်လီ​ဘော (ရုံတွင်း)
ဟန်​ဒေး ကမ်း​ခြေ ​ဘော်လီ​ဘော (ကမ်း​ခြေ)
​ဒေါင်ဂျူ​ကောလိပ် အားကစားရုံ ဘိလိယက်
ဂီဂျန်းလမ်း စက်ဘီးစီး (လမ်းမ)
ဂီဂျန်း ​တောင်တက်စက်ဘီးစီး အားကစားကွင်း စက်ဘီးစီး (​တောင်တက်၊ ​တောင်ဆင်း)
ဘူဆန် ပြည်သူ့ခမ်းမ ကိုယ်ကာယအလှပြ
ဟုမ်းပလပ်စ် အာရှ ဘိုလင်းကွင်း ဘိုလင်း
ဘူဆန် မြင်းပြိုင်ကွင်း မြင်းစီး၊ ​ခေတ်သစ် ငါးမျိုးဆင့် အားကစားနည်း
အာရှ ​ကျေးလက်ကလပ် ​ဂေါက်သီးရိုက်
တွန်​မြောင်း သတင်းအချက်အလက်နည်းပညာတက္ကသိုလ် အားကစားကွင်း Kabaddi
ဆမ်နက် မြစ်ကမ်း​ဘေး အားကစားကွင်း ​ခေတ်သစ် ငါးမျိုးဆင့် အားကစားနည်း (အ​ပြေး)
ဘူဆန်ရွက်​လှေစင်တာ ရွက်​လှေ
ပူ​ကျောင်း အမျိုးသားတက္ကသိုလ် အားကစားရုံ အ​လေးမ
ဒုန်ဆိုးတက္ကသိုလ် မင်​ဆော့အားကစားရုံ ဝူရှူး၊ ပိုက်​ကျော်ခြင်း
ချန်ဝန် အားကစားဥယျာဉ်
အားကစားကွင်း အားကစားနည်း
ချန်ဝန် ​ရေကူးကန် ဝါတာပိုလို၊ ​ခေတ်သစ် ငါးမျိုးဆင့် အားကစားနည်း (​ရေကူး)
ချန်ဝန် ပင်မအားကစာယကွင်း ​ဘောလုံး
ချန်ဝန် အားကစားရုံ Handball
မန်ဆန်အားကစားရုံစု
အားကစားကွင်း အားကစားနည်း
မန်ဆန် အားကစားရုံ လက်​ဝှေ့
မန်ဆန် အားကစားကွင်း ​ဘောလုံး
အခြား
အားကစားကွက်း အားကစားနည်း
ချန်ဝန် အမြဲစိမ်း ခန်းမ ​ခေတ်သစ် ငါးမျိုးဆင့် အားကစားနည်း (ဓားသိုင်း)
ချန်ဝန် အပြည်ပြည်ဆိုင်ရာ ​သေနတ်ပစ်ကွင်း ​သေနတ်ပစ်၊ ​ခေတ်သစ် ငါးမျိုးဆင့် အားကစားနည်း (​သေနတ်ပစ်)
ယန်​ဆန်​ကောလိပ် အားကစားရုံ ကရာ​တေး၊ နပန်း၊ စကွက်ရှ်
ယန်ဆန် အားကစားကွင်း ​ဘောလုံး
​အော်လ်ဆန်မြို့
အားကစားကွင်း အားကစားနည်း
​အော်လ်ဆန် မွန်ဆု အားကစားကွင်း ​ဘောလုံး
​အော်လ်ဆန် အားကစားကွင်း ရက်ဘီ
ဒုန်ချွန်း အားကစားရုံ စားပွဲတင်တင်းနစ်

ပြိုင်ပွဲအထိမ်းအမှတ်များ ပြင်ဆင်ရန်

အထိမ်းအမှတ်တံဆိပ် ပြင်ဆင်ရန်

၂၀၀၂ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ အရှေ့ပင်လယ်ရေလှိုင်းများကို ကိုရီးယားသမ္မတနိုင်ငံအလံမှ Taegeuk ပုံစံ ဖော်ထားသည်။ ၎င်းတို့သည် ဘူဆန်မြို့နှင့် ကိုရီးယားကို ကိုယ်စားပြုသည်။

လာဘ်ကောင် ပြင်ဆင်ရန်

၂၀၀၂ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်လာဘ်ကောင်မှာ ဘူဆန်မြို့၏ အထိမ်းအမှတ်ငှက်ဖြစ်သော Duria ဟု အမည်ရသည့် ပင်လယ်ဇင်ယော်ဖြစ်သည်။ ထိုအမည်သည် Durative နှင့် Asia ဟူသောစကားလုံး နှစ်ခုမှ ပေါင်းစပ်ထားခြင်းဖြစ်ကာ မင်းနဲ့ငါ အတူတကွ (သို့မဟုတ်) ထာဝရအာရှ ဟု ဖော်ညွှန်းသည်။

ပွဲများနှင့်အားကစား ပြင်ဆင်ရန်

ဖွင့်ပွဲအခမ်းအနား ပြင်ဆင်ရန်

၂၀၀၂ အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၀၂ခုနှစ် စက်တင်ဘာ ၂၉ရက်နေ့တွင် ဘူဆန်အာရှပင်မအားကစားကွင်း၌ ကျင်းပခဲ့သည်။ ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံများမှ အားကစားသမားများသည် ကိုရီးယားဘာသာစကား အက္ခရာစဉ်အတိုင်း အစဉ်လိုက် ဝင်ရောက်လာခဲ့ကြသဖြင့် နီပေါနိုင်ငံမှ ပထမဆုံး ချီတက်ဝင်ရောက်လာခဲ့သည်။ အာရှအားကစားပြိုင်ပွဲသမိုင်းတွင် ပထမဆုံးအနေဖြင့် တောင်နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံသည် တစ်ခုတည်းသောအလံအောက်မှ ချီတက်လာခဲ့ကြသည်။ ဤသည်မှာ ၂၀၀၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲ အပြီးနောက် ဒုတိယအကြိမ်ဖြစ်သည်။ သမ္မတ ကင်ဒေးဂျုံမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

ပိတ်ပွဲအခမ်းအနား ပြင်ဆင်ရန်

၂၀၀၂ အာရှအားကစားပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို ၂၀၀၂ခုနှစ် အောက်တိုဘာ ၁၄ရက်နေ့တွင် ဘူဆန်အာရှပင်မအားကစားကွင်း၌ ကျင်းပခဲ့သည်။ အာရှအိုလံပစ်ကောင်စီဥက္ကဋ္ဌ ကိုယ်စား ဒုတိယဥက္ကဋ္ဌက အားကစားပွဲတော်ကို ပိတ်သိမ်းပေးခဲ့သည်။ ၂၀၀၆ပွဲတော်ကို လက်ခံကျင်းပမည့် ကာတာနိုင်ငံ ကိုလည်း အာရှအိုလံပစ်ကောင်စီအလံကို လွှဲပြောင်းပေးခဲ့သည်။

ပါဝင်​သော အားကစားနည်းများ ပြင်ဆင်ရန်

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    •  ဒိုင်ဗင်
    •  ​ရေကူး
    •  ​ကိုယ်ရည်​သွေးပြ ​ရေကူး
    •  ဝါတာပိုလို
  •  မြားပစ်
  •  ​ပြေးခုန်ပစ်
  •  ကြက်​တောင်ရိုက်
  •  ​​​​ဘေ့စ်ဘော
  •  ဘတ်စကက်ဘော
  •   ဘိလိယက်
  • စက်ဘီးစီး
    •  Mountain bike
    •  Road
    •  Track
  •  မြင်းစီး
  •  ဓားသိုင်းအတတ်
  •  ​ဟော်ကီ
  •  ​ဘောလုံး
  •  ​ဂေါက်သီးရိုက်
  • ကျွမ်းဘား
    •  Artistic
    •  Rhythmic
  •  Handball
  •  ဂျူဒို
  •  Kabaddi
  •  ကရာ​တေး
  •  ​ခေတ်သစ် အားကစားနည်း၅မျိုးလက်ဆင့်ကမ်း
  •  ​လှေ​လှော်
  •  ​ ရက်ဘီ
  •  ရွက်​လှေ
  •  ပိုက်​ကျော်ခြင်း
  •  ​သေနတ်ပစ်
  •  Soft tennis
  •  Softball
  •  Squash
  •  စားပွဲတင်တင်းနစ်
  •  တိုက်ကွမ်ဒို
  •  တင်းနစ်
  • ​ဘော်လီ​ဘော
    •  ​ကမ်း​ခြေ ဘော်လီ​ဘော
    •  ရုံတွင်း ​ဘော်လီ​ဘော
  •   အ​လေးမ
  •  နပန်း
  •  ဝူရှူး

ပါဝင်သည့်နိုင်ငံများ ပြင်ဆင်ရန်

အာရှအိုလံပစ်ကောင်စီအဖွဲ့ဝင် (၄၄)နိုင်ငံ ပါဝင်ခဲ့ကြသည်။ အရှေ့တီမောနိုင်ငံအနေဖြင့် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ကာ အာဖဂန်နစ္စတန်နိုင်ငံသည်လည်း ပြန်လည် ပါဝင်လာခဲ့သည်။

ဆုတံဆိပ်ဇယား ပြင်ဆင်ရန်

Key

  *   အိမ်ရှင်

၂၀၀၂ အာရှ အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NOC ရွှေ ငွေ ကြေး စုစုပေါင်း
  တရုတ် ၁၅၀ ၈၄ ၇၄ ၃၀၈
  တောင်ကိုရီးယား* ၉၆ ၈၀ ၈၄ ၂၆၀
  ဂျပန် ၄၄ ၇၃ ၇၂ ၁၈၉
  ကာဇက်စတန် ၂၀ ၂၆ ၃၀ ၇၆
  ဥဇဘက်ကစ္စတန် ၁၅ ၁၂ ၂၄ ၅၁
  ထိုင်း ၁၄ ၁၉ ၁၀ ၄၃
  အိန္ဒိယ ၁၁ ၁၂ ၁၃ ၃၆
  တရုတ် တိုင်ပေ ၁၀ ၁၇ ၂၅ ၅၂
  မြောက်ကိုရီးယား ၁၁ ၁၃ ၃၃
၁၀   အီရန် ၁၄ ၁၄ ၃၆
၁၁   ဆော်ဒီအာရေဗျ
၁၂   မလေးရှား ၁၆ ၃၀
၁၃   စင်ကာပူ ၁၀ ၁၇
၁၄   အင်ဒိုနီးရှား ၁၂ ၂၃
၁၅   ဗီယက်နမ် ၁၈
၁၆   ဟောင်ကောင် ၁၁ ၂၁
၁၇   ကာတာ ၁၇
၁၈   ဖိလစ်ပိုင် ၁၆ ၂၆
၁၉   ဘရူနိုင်း
၂၀   ကူဝိတ်
၂၁   သီရိလင်္ကာ
၂၂   ပါကစ္စတန် ၁၃
၂၃   ကာဂျစ္စတန် ၁၂
  မြန်မာ ၁၂
၂၅   တာ့ခ်မင်နစ္စတန်
၂၆   မွန်ဂိုးလီးယား ၁၂ ၁၄
၂၇   လက်ဘနွန်
၂၈   တာဂျစ်ကစ္စတန်
၂၉   မကာအို
၃၀   အာရပ်စော်ဘွားများပြည်ထောင်စု
၃၁   ဘင်္ဂလားဒေ့ရှ်
၃၂   နီပေါ
  ဆီးရီးယား
၃၄   ဂျော်ဒန်
၃၅   လာအို
၃၆   အာဖဂန်နစ္စတန်
  ဘရူနိုင်း
  ပါလက်စတိုင်း
  ယီမင်
စုစုပေါင်း (39 NOCs) ၄၂၇ ၄၂၁ ၅၀၂ ၁၃၅၀

ကိုးကား ပြင်ဆင်ရန်

  1. 14th Asian Summer Games: Pusan 2002။ Chinese Olympic Committee။ 27 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 January 2022 တွင် ပြန်စစ်ပြီး။
  2. 3 Children born on the day Busan was selected as the site for the 2002 Asian Games will appear in a play to be performed during the Opening Ceremony။ 26 September 2002 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 January 2022 တွင် ပြန်စစ်ပြီး။
  3. 'Busan 2002 Asian Games held' (in ko) (24 May 1995)။
  4. Paul Lin (26 May 2001)။ Trust China's actions, not its words
  5. Venues readiness။ busanasiangames.org။ 2003-07-05 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  6. 2002 Asian Games venues။ Pusan Web။