၂၀၁၅ ဟိန္ဒူကွတ် ငလျင်
၂၀၁၅ ဟိန္ဒူကွတ် ငလျင် သည် ပြင်းအား ၇.၅ မဂ္ဂနီကျူ့ရှိ မြေငလျင်တစ်ခုဖြစ်ပြီး[၁] [၂][၃] ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ ၁၃:၃၉ AFT၊ ၁၄:၀၉ PKT၊ ၁၄:၃၉ IST (၀၉:၀၉ UTC) အချိန်များတွင် တောင်အာရှတွင် လှုပ်ခတ်သွားခဲ့သည်။[၁][၂][၅] ငလျင်ဗဟိုချက်မှာ အာဖဂန်နစ္စတန်နိုင်ငံ Koran va Monjan ကျေးရွာ၏ မြောက်ဘက် ၄၅ ကီလိုမီတာအကွာတွင် ဖြစ်ပြီး[၆][၇] မြေအောက်အနက် ၂၁၀ ကီလိုမီတာတွင် ဖြစ်သည်။[၃] ပင်မငလျင်လှုပ်သွားပြီး မိနစ် ၄၀ ခန့်အကြာတွင် ၄.၈ မဂ္ဂနီကျူ့ရှိ နောက်ဆက်တွဲငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားခဲ့သည်။[၈][၉] အောက်တိုဘာ ၂၉ ရက်နေ့အထိ ၄.၁ မဂ္ဂနီကျူ့နှင့်အထက် ပြင်းအားရှိသော နောက်ဆက်တွဲငလျင်ပေါင်း ၁၃ ကြိမ် လှုပ်ခတ်ခဲ့ပြီးဖြစ်သည်။[၄]
ငလျင်မြေပုံ | |
UTC အချိန် | ?? |
---|---|
ရက်စွဲ * | ၂၆ အောက်တိုဘာ ၂၀၁၅ |
မူလ အချိန် * | ၁၃:၃၉ AFT၊ ၁၄:၀၉ PKT၊ ၁၄:၃၉ IST (၀၉:၀၉ UTC) [၁][၂] |
အတိုင်းအတာ | ၇.၅ Mw[၁][၂][၃] |
အနက် | ၂၁၂.၅ km (၁၃၂.၀ mi)[၁] |
ငလျင်ဗဟို | 36°26′28″N 70°43′01″E / 36.441°N 70.717°E[၁] အာဖဂန်နစ္စတန်နိုင်ငံ |
သက်ရောက်ဧရိယာ | |
အများဆုံးပြင်းအား | VI (ပြင်းထန်) |
Aftershocks | ၄.၁+ အထက် ၁၄ ကြိမ်[၄] |
ထိခိုက်သေကြေမှုများ | ၃၉၁ ဦးသေဆုံး၊ ၂,၆၈၁ ဒဏ်ရာရ |
* Deprecated | See documentation. |
အောက်တိုဘာလ ၂၆ ရက်နေ့အထိ လူပေါင်း ၃၉၁ ဦးသေဆုံးခဲ့ပြီး အများစုမှာ ပါကစ္စတန်နိုင်ငံမှ ဖြစ်ကြောင်း သတင်းများထုတ်ပြန်ထားသည်။[၁၀] ငလျင်တုန်ခါမှုများကို ပါကစ္စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံနှင့် ကာဂျစ္စတန်နိုင်ငံများတွင် ခံစားခဲ့ကြရသည်။[၁၁][၁၂][၁၃] အမေရိကန်ပြည်ထောင်စု ဘူမိဗေဒမြေတိုင်းဌာန၏ ထုတ်ပြန်ချက်များအရ ပါကစ္စတန်နိုင်ငံသည် အဓိကမြေငလျင်လှုပ်သွားသည့် နေရာထဲတွင် အများဆုံးပါဝင်နေသည်။[၁၄] မြေငလျင်လှုပ်ခတ်မှုကို နယူးဒေလီမြို့ နှင့် ဂျမ်မူး နှင့် ကက်ရှမီးယားပြည်နယ်၊ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှင်းကျန်းပြည်နယ်ရှိ Kashgar, Aksu, Hotan, နှင့် Kizilsu စီရင်စုနယ်များတွင်ပါ ခံစားခဲ့ကြရသည်။ အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့တော် ကဘူးလ်မြို့တွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။[၁၀][၁၅] အလားတူ နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူမြို့တွင်လည်း ငလျင်တုန်ခါမှုကို ခံစားခဲ့ကြရပြီး လူအများမှာ ဧပြီ ၂၀၁၅ နီပေါ ငလျင်၏ နောက်ဆက်တွဲငလျင်တစ်ခုဟု ထင်မှတ်နေခဲ့ကြသည်။
၈၇,၃၅၁ ဦးသေဆုံးပြီး ၇၅,၂၆၆ ဦးဒဏ်ရာရရှိခဲ့ကာ လူဦးရေ ၂.၈ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော ၂၀၀၅ အောက်တိုဘာလတွင် နောက်ဆုံးလှုပ်ခတ်သွားခဲ့သည့် ပြင်းအား ၇.၆ မဂ္ဂနီကျူ့ရှိသော ဒေသတူ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး ဆယ်နှစ်အတိအကျအကြာ ယခုငလျင် လှုပ်ခတ်သွားခြင်းဖြစ်သည်။ ငလျင်နှစ်ခုအကြား သိသာထင်ရှားသည့် ခြားနားမှုမှာ မြေငလျင်အနက်ဖြစ်ပြီး ၂၀၀၅ ငလျင်မှာ ၁၅ ကီလိုမီတာအနက်တွင် ဖြစ်ပြီး ယခုငလျင်မှာ ၂၁၂.၅ ကီလိုမီတာအနက်တွင် ဖြစ်သည့်အတွက် မျက်နှာပြင်ထိခိုက်မှု နည်းပါးစေခဲ့သည်။
နောက်ခံအချက်အလက်
ပြင်ဆင်ရန်အိန္ဒိယတိုက်ငယ်၏ ဟိမဝန္တာ တောင်တန်းဒေသများသည် ကျောက်လွှာချပ်ကြီးများ၏ တိုက်မိခြင်းကြောင့် အပျက်အစီးကြီးစေသည့် ငလျင်များကို ဖြစ်ပေါ်စေနိုင်သည်။[၁] နီပေါနိုင်ငံ၏ နှစ် ၈၀ အတွင်း အဆိုးရွားဆုံး ငလျင်ဖြစ်သည့် ဧပြီ ၂၀၁၅ တွင် လှုပ်ခတ်သည့် ငလျင်သည် လူပေါင်း ၉,၀၀၀ ကို သေဆုံးစေခဲ့သည်။ ၂၀၀၅ ခုနှစ်တွင်လည်း ကက်ရှမီးယားဒေသကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် လူပေါင်း သောင်းချီသေဆုံးခဲ့ရသေးသည်။[၁၆]
မြေငလျင်
ပြင်ဆင်ရန်ပင်မငလျင်သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ ၁၃:၃၉ AFT၊ ၁၄:၀၉ PKT၊ ၁၄:၃၉ IST (၀၉:၀၉ UTC) အချိန်များတွင်[၁][၂] အာဖဂန်နစ္စတန်နိုင်ငံ ဖဇာဘတ်မြို့၏ အရှေ့တောင်ဘက် ၈၂ ကီလိုမီတာအကွာ၊ မြေအနက် ၂၁၂.၅ ကီလိုမီတာကို ဗဟိုပြုကာ လှုပ်ခတ်သွားခဲ့သည်။ အမေရိကန်ပြည်ထောင်စု ဘူမိဗေဒမြေတိုင်းဌာန (USGS) ၏ ကနဦးတိုင်းထွာချက်အရ ငလျင်၏ ပြင်းအားမှာ ၇.၇ ရှိပြီး ၇.၆ သို့ ကျဆင်းသွားကာ နောက်ပိုင်းတွင် ၇.၅ ဖြစ်သွားခဲ့သည်။ ပါကစ္စတန်နိုင်ငံ မိုးလေဝသဌာနကမူ မြေငလျင်၏ မဂ္ဂနီကျူ့မှ ၈.၁ ရှိသည်ဟု ဆိုသည်။[၁၇] USGS ၏အဆိုအရ မြေငလျင်ဗဟိုသည် ချစ်ထရွယ်မြို့မှ ၆၇ ကီလိုမီတာအကွာတွင် ဖြစ်သည်။[၁၈][၁၉][၂၀]
ထိခိုက်သေဆုံးမှုများ
ပြင်ဆင်ရန်နိုင်ငံ | သေဆုံး | ဒဏ်ရာရ | ရည်ညွှန်း |
---|---|---|---|
ပါကစ္စတန် | ၂၇၂ | ၂,၁၂၃ | [၂၁][၂၂] |
အာဖဂန်နစ္စတန် | ၁၁၅ | ၅၃၈ | [၁၀][၂၃] |
အိန္ဒိယ | ၄ | ၂၀ | [၂၄] |
စုစုပေါင်း | ၃၉၁ | ၂,၆၈၁ |
အာဖဂန်နစ္စတန်နိုင်ငံတွင် လူပေါင်း ၁၁၅ ဦးသေဆုံးခဲ့ပြီး သေဆုံးသူများထဲတွင် ဂျလာလာဘတ်မြို့တွင် ၅ ဦး၊ တပ်ခါပြည်နယ်ရှိ ကျောင်းတွင် ငလျင်လှုပ်ခြင်းကြောင့် ထွက်ပြေးကြရာမှ အသက် ၁၀ နှစ်မှ ၁၅ နှစ်အရွယ် ကျောင်းသူ ၁၂ ဦး သေဆုံးခဲ့ရသည်။[၂၃][၂၅][၂၆]
ငလျင်ကြောင့် ပါကစ္စတန်နိုင်ငံတွင် အနည်းဆုံးလူ ၂၆၈ ဦးသေဆုံးခဲ့ကြပြီး[၂၁] ငလျင်တုန်ခါမှုကို မြို့ကြီးအများစုတွင် ခံစားခဲ့ကြရသည်။ ဆွက်ခရိုင်တွင် ဒဏ်ရာရရှိသူ အနည်းဆုံးလူ ၁၉၄ ဦးကို ဆေးရုံတင်ပို့ခဲ့ရပြီး ပီရှဝါမြို့တွင် ၁၀၀ ကျော်ကို ဆေးရုံတင်ပို့ခဲ့ရသည်။ Gilgit-Baltistan နှင့် Khyber Pakhtunkhwa ပြည်နယ်များတွင် နေရာအနှံ့ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ Khyber Pakhtunkhwa ပြည်နယ်ရှိ ထိခိုက်ပျက်စီးမှု အများဆုံးနေရာဒေသများမှာ Shangla, Lower Dir, Upper Dir, Swat နှင့် Chitral မြို့များဖြစ်ကြသည်။[၂၇]
အိန္ဒိယနိုင်ငံ ဂျမ်မူး နှင့် ကက်ရှမီးယားပြည်နယ်တွင် လူလေးဦးသေဆုံးခဲ့ရသည်။ ဒေလီမြို့တော် မက်ထရို ပြောရေးဆိုခွင့်ရှိသူက “၁၉၀ လောက်ရှိတဲ့ ပြေးလမ်းပေါ်က ရထားတွေအားလုံး ငလျင်လှုပ်ချိန်မှာ ရပ်ထားလိုက်ရပါတယ်" ဟု ဆိုသည်။ မိုဘိုင်းဖုန်းများလည်း နာရီအတော်ကြာ လိုင်းကြပ်တည်းမှုများ ဖြစ်ပေါ်ခဲ့သည်။[၉]
ကယ်တင်ရေးနှင့် အကူအညီများ
ပြင်ဆင်ရန်ပါကစ္စတန် ဝန်ကြီးချုပ် နာဝါရှရစ်က ပြည်ထောင်စု၊ ပြည်သူ၊ စစ်တပ်နှင့် ပြည်နယ်အေဂျင်စီများအား ချက်ခြင်း အသင့်အနေအထား ရှိစေရန်နှင့် ပါကစ္စတန်နိုင်ငံသားများ၏ လုံခြုံမှုကို သေချာစေရန် ဆော်ဩညွှန်ကြားခဲ့သည်။ ပြည်သူ့ဆက်ဆံရေးဝန်ဆောင်မှုဌာန အဆိုအရ ဗိုလ်ချုပ်ကြီး ရာဟီးရှရစ်သည် စစ်သည်များအား ဘေးသင့်ဒေသမှ ပြည်သူများအား အမိန့်တစုံတရာ စောင့်ဆိုင်းမနေပဲ ကယ်တင်ကြရန် ညွှန်ကြားခဲ့ကြောင်း ဆိုသည်။[၁၈][၁၉]
အာဖဂန်နစ္စတန်နိုင်ငံ၏ CEO ဖြစ်သူ အဘဒူလာ အဘဒူလာသည် ဘေးအန္တရာယ်ကို တုံ့ပြန်နိုင်ရန် အကြီးတန်းအရာရှိများအား အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့သည်။[၂၈]
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရမ်ဒရာ မိုဒီ က အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ အဆာရပ်ဖ် ဂမ်နီ နှင့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် နာဝါရှရစ်တို့ထံ ဆက်သွယ်ကာ အကူအညီကမ်းလှမ်းခဲ့သည်။[၁၀][၂၉]
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကုလသမဂ္ဂ၏ အေဂျင်စီများအား ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် သို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရန် ဆော်ဩခဲ့သည်။[၃၀]
အခြားကြည့်ရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ M7.5 – 45km N of `Alaqahdari-ye Kiran wa Munjan, Afghanistan။ United States Geological Survey (26 October 2015)။
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ National Geophysical Research Institute (26 October 2015)။ afg.doc။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 October 2015 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ ၃.၂ "Pakistan and Afghanistan rocked by Earthquake"၊ The Guardian၊ 26 October 2015။ 26 October 2015 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ Search Results။ United States Geological Survey။ 29 October 2015 တွင် ပြန်စစ်ပြီး။
- ↑ M 7.7 Earthquake 45km SSW of Jarm, Afghanistan (26 October 2015)။
- ↑ Map of the earthquake M7.5 – 45km N of `Alaqahdari-ye Kiran wa Munjan, Afghanistan (26 October 2015)။
- ↑ M7.5 – 45km N of `Alaqahdari-ye Kiran wa Munjan, Afghanistan။ United States Geological Survey (26 October 2015)။ 26 October 2015 တွင် ပြန်စစ်ပြီး။
- ↑ M4.8 – 42km E of Farkhar, Afghanistan။ USGS။ 27 October 2015 တွင် ပြန်စစ်ပြီး။
- ↑ ၉.၀ ၉.၁ Massive earthquake kills 105 across South Asia။ The Hindu။ 27 October 2015 တွင် ပြန်စစ်ပြီး။
- ↑ ၁၀.၀ ၁၀.၁ ၁၀.၂ ၁၀.၃ The Latest: UN Mobilizing to Aid Quake Victims။ The Associated Press။ ABC News (26 October 2015)။ 26 October 2015 တွင် ပြန်စစ်ပြီး။
- ↑ Strong earthquake in Afghanistan causes tremors across region Powerful quake felt in Pakistan, Afghanistan and India but full extent of impact not yet known။ Jon Boon။ The Guardian (26 October 2015)။
- ↑ 7.5 magnitude earthquake hits Hindu Kush in Afghanistan။ Times of India (26 October 2015)။
- ↑ Deaths, damage reported in powerful Afghanistan quake။ CNN (26 October 2015)။ 26 October 2015 တွင် ပြန်စစ်ပြီး။
- ↑ Pakistan in the most active quake zone, says US Geological Survey (2015-10-27)။ 2015-10-28 တွင် ပြန်စစ်ပြီး။
- ↑ 阿富汗发生7.8级强震 新疆南部多地震感强烈။ xinhuanet.com။ 26 October 2015 တွင် ပြန်စစ်ပြီး။
- ↑ "Afghanistan Struck by Powerful Earthquake"၊ The New York Times၊ 26 October 2015။ 26 October 2015 တွင် ပြန်စစ်ပြီး။
- ↑ "8.1 magnitude earthquake strikes Pakistan"။ 27 October 2015 တွင် ပြန်စစ်ပြီး။
- ↑ ၁၈.၀ ၁၈.၁ Over 139 dead as 7.5 magnitude earthquake jolts Pakistan။ dawn.com။ 26 October 2015 တွင် ပြန်စစ်ပြီး။
- ↑ ၁၉.၀ ၁၉.၁ Strong earthquake in remote northern Afghanistan felt across Asia, more than 150 dead – CTV News။ CTVNews။ 26 October 2015 တွင် ပြန်စစ်ပြီး။
- ↑ Latest earthquakes။ Pakistan Meteorological Department။ 29 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 October 2015 တွင် ပြန်စစ်ပြီး။
- ↑ ၂၁.၀ ၂၁.၁ Shereena Qazi (28 October 2015)။ Families of South Asia quake victims bury their dead။ Al Jazeera English Online။ 28 October 2015 တွင် ပြန်စစ်ပြီး။
- ↑ Live Updates။ ndma.gov.pk။ 21 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 October 2015 တွင် ပြန်စစ်ပြီး။
- ↑ ၂၃.၀ ၂၃.၁ "115 killed & 538 injured; 7,630 homes,12 schools, 17 mosques, 20 office buildings have been damaged in 9 provinces by #AfghanistanEarthquake"၊ president.gov.af၊ 27 October 2015။
- ↑ Earthquake claims four lives in Jammu and Kashmir, 20 others injured။ Firstpost။ 27 October 2015 တွင် ပြန်စစ်ပြီး။
- ↑ Nearly 280 dead as powerful earthquake jolts Afghanistan, Pakistan။ The Economic Times (27 October 2015)။ 29 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 October 2015 တွင် ပြန်စစ်ပြီး။
- ↑ Schmitz၊ Melanie။ "The Afghan Schoolgirls Killed In An Earthquake Were The Victims Of A Devastating Panic"၊ Bustle၊ October 26, 2015။ October 28, 2015 တွင် ပြန်စစ်ပြီး။
- ↑ "Pakistan and Afghanistan rocked by earthquake – live updates"၊ Guardian၊ 26 October 2015။ 26 October 2015 တွင် ပြန်စစ်ပြီး။
- ↑ "Powerful Earthquake Shakes Afghanistan, Pakistan"၊ WSJ၊ 26 October 2015။ 26 October 2015 တွင် ပြန်စစ်ပြီး။
- ↑ PM Narendra Modi calls up J&K CM Mufti, offers help to quake-hit Pakistan, Afghanistan
- ↑ Statement attributable to the Spokesman for the Secretary-General on earthquake in South Asia။ United Nations (26 October 2015)။ 27 October 2015 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်- အမေရိကန် ဘူမိဗေဒမြေတိုင်းဌာန၏ အသေးစိတ် အစီရင်ခံစာ
- အမျိုးသား ရူပပထဝီဝင် သုတေသနသိပ္ပံ၏ နည်းပညာဆိုင်ရာ အစီရင်ခံစာ Archived 3 March 2016 at the Wayback Machine.
- နာဆာ၏ အာဖဂန်နစ္စတန်ငလျင်အကြောင်း