၃ ဇန်နဝါရီ
ရက်စွဲ
ဇန်နဝါရီလ၊ (၃)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၃)ရက်မြောက် နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၃၆၂) ရက် (ရက်ထပ်နှစ်ဖြစ်လျှင် (၃၆၃) ရက်) ကျန်သေးသည်။
ဖြစ်ရပ်များ
ပြင်ဆင်ရန်- ၁၇၇၇ – အမေရိကန်စစ်ဗိုလ်ချုပ် ဂျော့ချ် ဝါရှင်တန်သည် ဗြိတိသျှစစ်ဗိုလ်ချုပ် လော့ကွန်းဝေါလစ် ကို ပရင်စတန်တိုက်ပွဲတွင် အနိုင်ရရှိခဲ့သည်။
- ၁၈၆၁ – အမေရိကန် ပြည်တွင်းစစ်: ဒယ်လာဝဲပြည်နယ်သည် ပြည်ထောင်စုမှ ခွဲထွက်ခြင်းကို ကန့်ကွက်မဲ ပေးခဲ့သည်။
- ၁၉၂၅ – ဗင်နီတို မူဆိုလီနီသည် အီတလီနိုင်ငံကို အာဏာသိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။
- ၁၉၃၈ – သမ္မတ ဖရန်ကလင် ဒီလာနို ရုစဗဲ့ သည် March of Dimes ဖောင်ဒေးရှင်းကို စတင်တည်ထောင်ခဲ့သည်။
- ၁၉၄၇ – အမေရိကန် ကွန်ဂရက် လွှတ်တော် အစည်းအဝေးများကို ရုပ်မြင်သံကြားမှ ပထမဆုံး ထုတ်လွှင့်ခဲ့သည်။
- ၁၉၅၆ – မီးလောင်မှုတစ်ခုကြောင့် အီဖယ်လ် မျှော်စင်၏ ထိပ်ပိုင်း အစိတ်အပိုင်းများကို ပျက်စီးစေခဲ့သည်။
- ၁၉၅၉ – အလက်စကာပြည်နယ်သည် အမေရိကန်ပြည်ထောင်စု၏ ၄၉ ခုမြောက် ပြည်နယ် ဖြစ်လာခဲ့သည်။
- ၁၉၆၁ – အမေရိကန်နိုင်ငံပိုင် ကုမ္ပဏီများကို နိုင်ငံပိုင်ပြုလုပ်လိုက်ခြင်းကြောင့် ကျူးဘားနိုင်ငံကို အမေရိကန်ပြည်ထောင်စုမှ သံတမန်အဆက်အသွယ် ဖြတ်တောက်လိုက်သည်။
- ၁၉၇၇ – Apple Inc.ကို ပေါင်းစပ်ဖွဲ့စည်းခဲ့သည်။
- ၁၉၉၇ – ယန်ဇီမြစ် နှင့် မြစ်ဝါမြစ် မြစ်ဝှမ်းများ တိုက်စားခံရခြင်းနှင့် ညစ်ညမ်းခြင်းများကို တွန်းလှန်ရန် အမေရိကန်ဒေါ်လာ ၂၇.၇ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ကြေညာခဲ့သည်။
- ၂၀၀၂ – အစ္စရေးတပ်ဖွဲ့များသည် ပါလက်စတိုင်း ကုန်တင်သင်္ဘော Karine A ကို ပင်လယ်နီတွင် ဖမ်းဆီးခဲ့ရာ လက်နက်တန်ချိန် ၅၀ ကို ရှာဖွေတွေ့ရှိခဲ့သည်။
မွေးဖွားသူများ
ပြင်ဆင်ရန်- ဘီစီ ၁၀၆ – ဆစ်ဆရို၊ ရောမ နိုင်ငံရေးသမားနှင့် အတွေးအခေါ်သမား (ဘီစီ ၄၃ ကွယ်လွန်)
- ၁၈၈၃ – အက်တလီ ကလီမင့် ရစ်ချတ်၊ အမေရိကန် စစ်မှုထမ်း၊ ရှေ့နေ နှင့် နိုင်ငံရေးသမား၊ ဗြိတိသျှနန်းရင်းဝန် (၁၉၆၇ ကွယ်လွန်)
- ၁၉၆၉ – မိုက်ကယ် ရှူးမက်ကာ၊ ဂျာမန်လူမျိုး ပြိုင်ကားမောင်းနှင်သူ
- ၁၉၉၆ – သီဟထက်အောင်၊ မြန်မာလူမျိုး ဘောလုံးကစားသမား
ကွယ်လွန်သူများ
ပြင်ဆင်ရန်- ၁၉၃၁ – ဂျိုးဇက် ဂျောဖား၊ ပြင်သစ် ဗိုလ်ချုပ် (၁၈၅၂ မွေး)