ကင်းမရွာ (အင်္ဂလိပ်: Kinma)သည် မကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်ပေါက်မြို့နယ်ကင်းမကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၈၈၃၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကင်းမကျေးရွာအုပ်စုတွင် ကျား ၉၉၁ ဦး၊ မ ၁၀၃၆ ဦး၊ လူဦးရေ စုစုပေါင်း ၂၀၂၇ ဦးနေထိုင်သည်။ [၁]

ကင်းမ
ရွာ
ကင်းမရွာ
ကင်းမ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကင်းမ
ကင်းမ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 21°16′03″N 94°23′16″E / 21.267520904541°N 94.3876495361328°E / 21.267520904541; 94.3876495361328ကိုဩဒိနိတ်: 21°16′03″N 94°23′16″E / 21.267520904541°N 94.3876495361328°E / 21.267520904541; 94.3876495361328
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မကွေး
ခရိုင်ပခုက္ကူခရိုင်
မြို့နယ်ပေါက်မြို့နယ်
ကျေးရွာအုပ်စုကင်းမ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ရွာလုံးကျွတ်မီးလောင်ခြင်း ပြင်ဆင်ရန်

၂၀၂၁ ခု၊ ဇွန်လ ၁၅ ရက်၌ တပ်မတော်မှ နယ်မြေရှင်းလင်းရေးဟု အမည်တပ်ကာ ရွာအား မီးရှို့ခြင်းကြောင့် အိမ်ခြေ ၂၄၀ ကျော်အနက် ၂၀၀ ခန့်ကို မီးသင့်ခဲ့ကာ ရွာတွင်းကျန် သက်ကြီးရွယ်အို ၂ ဦးပါ မီးခသေဆုံးခဲ့သည်။ တပ်မတော်ဘက်မှမူ တပ်မတော့်အသရေညှိုးစေရန် ရွယ်ရိုးရည်သန်ကာ ရွာသားများက ကိုယ်တိုင်ရှို့ကြောင်း သတင်းထုတ်သည်။[၂] အလားတူထုတ်ပြန်ချက်မျိုးကို ရိုဟင်ဂျာအရေး၌လည်း သုံးဖူးသည်။[၃] ရွာခံတဦး၏ပြောကြားချက်အရ ပြည်သူ့ကာကွယ်ရေးတပ်မှ ပြောက်ကျားစစ်ဆင်ပြီးနောက် ပြန်ဆုတ်သွားရာ အနီးရှိရွာသို့ ရောက်လာ၍ ရွာတောင်ပိုင်းမှစကာ တပ်မတော်သားတို့က မီးရှို့ကြောင်း ဆိုသည်။ မီးမှာ အားကြီးသည့်အတွက် နာဆာ၏ မီးလောင်မှုခြေရာကောက်စနစ်မှ ယင်းနေ့ ညနေ ၃ နာရီ ၂၂ မိနစ်ခန့်တွင် မှတ်တမ်းတင်ထားကြောင်း ရိုက်တာသတင်းအရ သိရသည်။[၄]

ကိုးကား ပြင်ဆင်ရန်