ကင်းရှေ့ရွာ၊ သရက်ချောင်းမြို့နယ်

'ကင်းရှေ့ရွာ(အင်္ဂလိပ်: Kinshey)သည် တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်သရက်ချောင်းမြို့နယ်ကင်းရှေ့ကျေးရွာအုပ်စု၌ တည်ရှိသည်။ ထားဝယ်မြို့မှ ၁၂ မိုင်ခန့်​ဝေးကွာပြီး သရက်ချောင်းမြို့မှ ၁၈ မိုင်ခန့်ကွာ​ဝေးသည်။ ရွာနေရာကုတ်မှာ ၁၇၇၂၄၆ ဖြစ်သည်။ အလက ရှိပြီး၊ ဆရာ/မ ၁၀ ကျော်၊ ကျောင်းသား/သူ ၂၀၀ ကျော် ရှိသည်။ ကျေးလက်ကျန်းမာရေးဌာနခွဲ ရှိသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၃၉၆၊ စုစုပေါင်း ၁၇၃၈ ဦးနေထိုင်သည်။ [၁]

ကင်းရှေ့
ရွာ
ကင်းရှေ့ရွာ
ကင်းရှေ့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကင်းရှေ့
ကင်းရှေ့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 14°01′24″N 98°16′46″E / 14.0234498977661°N 98.2794036865234°E / 14.0234498977661; 98.2794036865234ကိုဩဒိနိတ်: 14°01′24″N 98°16′46″E / 14.0234498977661°N 98.2794036865234°E / 14.0234498977661; 98.2794036865234
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
ခရိုင်ထားဝယ်ခရိုင်
မြို့နယ်သရက်ချောင်းမြို့နယ်
ကျေးရွာအုပ်စုကင်းရှေ့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

လမ်းပန်းဆက်သွယ်​ရေး ပြင်ဆင်ရန်

ကင်း​ရှေ့ရွာသို့ ကားလမ်းဖြင့်လွယ်ကူစွာ သွားလာနိုင်သည်။ ထားဝယ် -မြိတ် ကားလမ်း​ပေါ်ရှိ ရှင်မုတ္ထီးကျေးရွာမှတဆင့် ​၆ မိုင်ခန့်သွား​ရောက်ရမည် ဖြစ်ပြီး ​ကျောက်ရပ်ရွာမှတ်ဆင့်​သော်လည်း​ကောင်း ​ညောင်ဇင်ရွာမှ ၎င်းသွား​ရောက်နိုင်သည်။

စီးပွား​ရေး ပြင်ဆင်ရန်

ကင်း​ရှေ့​ကျေးရွာ၏ အဓိက စီးပွား​ရေးမှာဥယျာဉ်​ခြံများ စိုက်ပျိုးကြပြီး ရာဘာ ကွမ်းသီး သီဟိုပင်များစိုက်ပျိုးပြီး အသက်​မွေးကြသည်။ မိုးရာသီတွင် ဆန်စပါးများကို စိုက်ပျိုးကြသည်။ ​ကျေးရွာလူငယ်အများစုမှာ ထိုင်းနိုင်ငံ တွင် ​ရွေ့​ပြောင်းအလုပ်သမား များအဖြင့် အလုပ်သွား​ရောက်လုပ်ကိုင်လျက်ရှိပြီး အချို့လူငယ်များမှာ ​ရေလုပ်သားများ အဖြင့် ငါးဖမ်း​လှေများတွင် လုပ်ကိုင်ကြသည်။

ပညာ​ရေး ပြင်ဆင်ရန်

ကင်း​ရှေ့​ကျေးရွာတွင် အ​ခြေခံပညာအလယ်တန်း အဆင့် စာသ​င်ကျောင်းတစ်​ကျောင်းရှိပြီး ​နွေရာသီ​ကျောင်းပိတ်ရက်တွင် ဘုန်း​တော်ကြီး​ကျောင်းတွင် ယဉ်​ကျေးမှုသင်တန်းများကို ဆရာ​တော်မှ ပို့ချသင်ကြား​ပေးသည်။

ဘာသာ​ရေး ပြင်ဆင်ရန်

ကင်း​ရှေ့​ရွာသူ ရွာသားအားလုံးသည် ​ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြပြီး ဘုန်းကြီး​ကျောင်းကို ရွာ​တောင်ပိုင်းတွင် တည်​ဆောက်ကိုးကွယ်ထားသည်။ ရွာအဝင်ဝရှိ သင်္ဘောဝှက်​တောင်တွင် ​တောင်​ပေါ်​ကျောင်းတစ်​ဆောင်ကိုလည်း တည်​ဆောက်ကိုးကွယ်ထားကြသည်။

ကိုးကား ပြင်ဆင်ရန်