[၁] ဘဝဟူသောအကျိုး ဖြစ်ကြောင်းကံ၊ ဘဝသို့ရောက်စေတတ်သော ကံ။ (လောကီကုသိုလ် အကုသိုလ်စေတနာ, ယင်းနှင့်ယှဉ်သော အဘိဇ္ဈာစသောတရားများသည် ကမ္မဘဝ။ [၂][၃]


စေတနာဆိုတာ ကမ္မဘဝ ပြင်ဆင်ရန်

ဝိပါက်နာမက္ခန္ဓာကဋတ္တာရုပ်ဟု ဆိုအပ်သော အကျိုးတရားကို ဖြစ်စေတတ်သောကြောင့် စေတနာကို “ဘဝ = ကမ္မဘဝ”ဟုလည်း ခေါ်ဆိုရသည်။ ယင်းဘဝ (ကမ္မဘဝ) အရ ပုညာဘိသင်္ခါရ-အစရှိသော လောကီ ကုသိုလ်, အကုသိုလ်စေတနာ ၂၉-ပါးကို ကောက်ယူရသည်[၄]

သင်္ခါရနှင့် ဘဝတို့၏ ထူးခြားကွဲပြားမှု ပြင်ဆင်ရန်

သင်္ခါရနှင့် ဘဝသည် စေတနာကိုပင် ကောက်ယူရသော်လည်း ထူးခြားကွဲပြားမှုရှိသည်၊

  • မှန်၏-ပစ္စုပ္ပန်ပဋိသန္ဓေ၏အကြောင်း ဖြစ်သော အတိတ်စေတနာသည် “သင်္ခါရ” မည်၏။
  • အနာဂတ်ပဋိသန္ဓေ၏ အကြောင်း ဖြစ်သော ပစ္စုပ္ပန်စေတနာသည် “ဘဝ” မည်၏။
  • တနည်းအားဖြင့် စေတနာသက်သက်သည် “သင်္ခါရ”မည်၏၊
  • စေတနာ, စေတနာနှင့် တကွဖြစ်သော စိတ်, စေတသိက်သည် ဘဝ မည်၏။
  • တနည်းအားဖြင့် ဝိညာဉ်၏ ကြောင်းဖြစ်သော စေတနာသည် “သင်္ခါရ” မည်၏။
  • ဝိညာဉ်နှင့် အသညာဘဝ၏ကြောင်း ဖြစ်သော စေတနာသည် “ဘဝ” မည်၏။
  • တနည်းအားဖြင့် ကုသိုလ်, အကုသိုလ် တရားသည် “သင်္ခါရ”မည်၏၊
  • ကုသိုလ်, အကုသိုလ်၊ အဗျာကတတရားသည် “ဘဝ”မည်၏ [၅]
  • တနည်းအားဖြင့် ထိုထိုကုသိုလ်, အကုသိုလ် ပြုလုပ်ရာ၌ အထမမြောက်မီ ရှေ့အဖို့၌ ဖြစ်သော ပုဗ္ဗစေတနာသည် “သင်္ခါရ”မည်၏၊
  • အထမြောက်သော မုဉ္စစေတနာသည် “ဘဝ” မည်၏။
  • တနည်းအားဖြင့် ဇော ၇-ကြိမ်တွင် ရှေ့ ဇော ၆-ကြိမ်နှင့်ယှဉ်သော စေတနာသည် “သင်္ခါရ”မည်၏၊
  • သတ္တမဇောနှင့် ယှဉ်သော စေတနာသည် “ဘဝ”မည်၏။
  • တနည်းအားဖြင့် စေတနာနှင့် ယှဉ်သော စိတ်, စေတသိက်သည် “သင်္ခါရ” မည်၏။
  • စေတနာသက်သက်သည် “ဘဝ”မည်၏[၆][၃]

ဝိပဿနာရှုကောင်းတဲ့ ကမ္မဘဝ ပြင်ဆင်ရန်

ဤခွဲထားသတ်မှတ်ချက်များအတိုင်း – အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်သည့် မနောဒွါရဝီထိနာမ်တရားစု, သင်္ခါရ-ကံဟူသော မနောဒွါရဝီထိနာမ်တရားစုတို့ကို ဝီထိစိတ္တက္ခဏတိုင်း၌ ပရမတ္ထဓာတ်သားများကို ကုန်စင်အောင် ဝိပဿနာရှုနိုင်ပါက သင်္ခါရနှင့် ကမ္မဘဝ နှစ်မျိုးလုံးကိုပင် ဝိပဿနာရှုပြီး ဖြစ်ပေသည်။ ထိုကြောင့် ဤခွဲထား သတ်မှတ်ချက်များအတိုင်း သင်္ခါရနှင့် ကမ္မဘဝ = ကံတို့ကို လက္ခဏာယာဉ်တင်၍ ဝိပဿနာရှုပါ။

နာနာက္ခဏိက ကမ္မသတ္တိဟူသော ကမ္မပစ္စည်းပိုင်း၌ လာရှိသော ကံ၏စွမ်းအင်သတ္တိကိုကား ဝိပဿနာ မရှုကောင်းဟု မှတ်ပါ။ [၇]

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ကမ္မဘဝ (ပု) [ကမ္မ+ဘဝ]
  2. ဝိမတိ၊၂၊၈၄။ ဒီ၊ဋီ၊၁၊၁၈၄။ သီ၊ဋီ၊သစ်၊၁၊၄၆၅။ ဝိဘာဝိနီ၊၂၃၆။ ပရမတ္ထဒီပနီ၊၃၃၀။) တတ္ထ ကတမော ကမ္မဘဝေါ၊ ပုညာဘိသင်္ခါရော, အပုညာဘိသင်္ခါရော, အာနေဉ္စာဘိသင်္ခါရော၊ အယံ ဝုစ္စတိ ကမ္မဘဝေါ။ သဗ္ဗံပိ ဘဝဂါမိကမ္မိကမ္မဘဝေါ။ အဘိ၊ဝိ၊၁၄၃။ (အဘိ၊ဓ၊၁၂။ မဟာနိ၊၃၆။ စူဠနိ၊၇၉။ မ၊ဋ္ဌ၊၁၊၂၂၃။ သံ၊ဋ္ဌ၊၂၊၁၃။ မဟာနိ၊ဋ္ဌ၊၁၃၇။ စူဠနိ၊ဋ္ဌ၊၂၄။) ကမ္မမေဝ ဘဝေါ ကမ္မဘဝေါ ကမ္မံ ပန ယထာသုခ-ကာရဏတ္တာ “သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ”တိ ဝုတ္တော၊ ဧဝံ ဘဝကာရဏတ္တာ ဖလဝေါဟာရေန ဘဝေါတိ ဝေဒိတဗ္ဗံ။ အဘိ၊ဋ္ဌ၊၂၊၁၇၄။ (မ၊ဋီ၊၁၊၃၁၈။ သံ၊ဋီ၊၂၊၁၅။ မူလဋီ၊၂၊၁၂၂။ အနုဋီ၊၃၊၃။)
  3. ၃.၀ ၃.၁ တိပိဋကအဘိဓာန် အတွဲ-၇
  4. (အဘိ၊ဝိ၊၁၄၃။ စူဠနိ၊၇၉။ သံ၊ဋ္ဌ၊၂၊၁၃။ မ၊ဋီ၊၁၊၃၁၈။ သံ၊ဋီ၊၂၊၁၅။ ဝိဘာဝိနီ၊၂၃၆)
  5. (အဘိ၊ဋ္ဌ၊၂၊၁၇၅။ ဝိသုဒ္ဓိ၊၂၊၂၀၇)
  6. (အဘိ၊ဋ္ဌ၊၂၊၁၈၂-၃။ ပဋိသံ၊ဋ္ဌ၊၁၊၂၂၃။ ဝိသုဒ္ဓိ၊၂၊၂၁၄-၅။ မူလဋီ၊၂၊၁၂၇။ ဝိသုဒ္ဓိ၊ဋီ၊၂၊၃၃၈)
  7. ဖားအောက်တောရဆရာတော်နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း