ကိုကိုကျော်
ဗိုလ်ချုပ် ကိုကိုကျော် သည် တပ်မတော်(ရေ)အရာရှိတစ်ဦးဖြစ်ပြီး လက်ရှိတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်သည်။ယင်းမတိုင်မီက သူသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖွဲ့စည်းခဲ့သော ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ကမ်းခြေစောင့်တပ်ဖွဲ့ ၏ ညွန်ကြားရေးမှူးချုပ်ဖြစ်ခဲ့သည်။[၁] [၂]
ကိုကိုကျော် | |
---|---|
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂၂ အောက်တိုဘာ ၂၀၂၄ | |
ညွန်ကြားရေးမှူးချုပ် ကမ်းခြေစောင့်တပ်ဖွဲ့ | |
တာဝန်သက်တမ်း ၂၃ အောက်တိုဘာ ၂၀၂၁ – ၂၂ အောက်တိုဘာ ၂၀၂၄ | |
သမ္မတ | ဦးမြင့်ဆွေ (ယာယီ) |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ | မင်းအောင်လှိုင် |
ယခင်လူ | ကိုယ်တိုင် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၆၆ |
မိခင်ကျောင်း | စစ်တက္ကသိုလ် အပတ်စဉ်(၂၈) |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော်(ရေ)၊ကမ်းခြေစောင့်တပ်ဖွဲ့ |
အမှုထမ်းကာလ | ၁၉၈၇-၂၀၂၄ |
ရာထူး | ဗိုလ်ချုပ် |
စစ်မှုထမ်းဘဝ
ပြင်ဆင်ရန်သူသည် စစ်တက္ကသိုလ် အပတ်စဥ် (၂၈) ဆင်းဖြစ်သည်။ပြန်တမ်းဝင်အမှတ် ရေ-၁၃၇၈ ဖြင့် တပ်မတော်(ရေ) တွင် စစ်မှုထမ်းသည်။နှစ် ၃၀ ကျော်ကြာ စစ်မှုထမ်းပြီးနောက် ဗိုလ်မှူးချုပ်ရာထူးဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး(ကြည်း၊ရေ၊လေ)ပူးပေါင်းလေ့ကျင့်ရေးဌာနကြီး တွင် လက်ထောက်တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်(ကြည်း၊ရေ၊လေပူးပေါင်းလေ့ကျင့်ရေး) အဖြစ် တာဝန်ပေးခံရသည်။ယင်းနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်တွင် မြန်မာနိုင်ငံတွင် ပထမဆုံးစတင်ဖွဲ့သည့် ကမ်းခြေစောင့်တပ်ဖွဲ့ ၏ ညွန်ကြားရေးမှူးချုပ်ဖြစ်လာခဲ့သည်။[၃] နောက်ပိုင်း ဗိုလ်ချုပ် ဖြစ်လာသည်။ထိုတာ ဝန်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ရက် နေ့အထိ တာဝန်ထမ်းသည်။
ဒုဝန်ကြီးဖြစ်လာပုံ
ပြင်ဆင်ရန်စစ်ကောင်စီ က ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ၎င်းအား ကမ်းခြေစောင့်တပ်ဖွဲ့ ၏ ညွန်ကြားရေးမှူးချုပ် တာဝန်မှ အနားပေးကာ နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ပြောင်းရွေ့ခန့်အပ်သည်။[၄]
ကိုးကား
ပြင်ဆင်ရန်- ↑ New coast guard service for Myanmar။ BAIRD MARITIME (20 Oct 2021)။ 24 Oct 2024 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း (၂) နှစ်မြောက် နှစ်ပတ်လည် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြား (၆ အောက်တိုဘာ ၂၀၂၃)။ ၂၄ အောက်တိုဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ ၃၃၈/၂၀၂၁ ဝန်ထမ်းအကြီးအမှူးအဖြစ်ခန့်ထားခြင်း။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်း (၂၃ အောက်တိုဘာ ၂၀၂၁)။ ၂၃ အောက်တိုဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း (၂၂ အောက်တိုဘာ ၂၀၂၄)။ ၂၃ အောက်တိုဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။