မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ သည် ပင်လယ်ရေကြောင်းဥပဒေ ထိန်းသိမ်းရေးအဖွဲ့ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ပင်လယ်ပြင် ခရီးသွားလာရေး၊ ပင်လယ်ရေကြောင်း ကုန်သွယ်ရေး၊ ရေနက်ဆိပ်ကမ်းလုပ်ငန်းများ၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး၊ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းစသည့် ပင်လယ်ရေကြောင်း စီးပွားရေးလုပ်ငန်းများကို စောင့်ကြပ်ကာကွယ်ရန်နှင့် တရားမဝင်ကျူးကျော်လာမှုများကို ဥပဒေနှင့်အညီ တားဆီးကာကွယ်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။[၂] ပင်လယ်ပြင်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်၊ ပင်လယ်တွင်း ဒုက္ခသည်များကို ရှာဖွေကယ်ဆယ်ရန်၊ ပင်လယ်တွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရှေးရှုစောင့်ရွက်ရန်နှင့် မြန်မာ့ရေပိုင်နက်အတွင်းရှိ ရေပေါ်ရေအောက်လုပ်ငန်းများကို စောင့်ကြပ်ကြည့်ရှုရန် တာဝန်ယူရသည်။[၃]

ကမ်းခြေစောင့်တပ်ဖွဲ့
သင်္ဘောအမှတ်အသား
တည်ထောင်၆ အောက်တိုဘာ ၂၀၂၁[၁]
သစ္စာခံမြန်မာနိုင်ငံ မြန်မာနိုင်ငံ
တပ်မတော်
အမျိုးအစား
ကမ်းခြေစောင့်တပ်ဖွဲ့
တပ်
အရွယ်အစား
အရာရှိ-၃၀၊ စစ်သည်-၃၀၀
အစိတ်အပိုင်း တပ်မတော်
ဆောင်ပုဒ်စောင့်ရှောက်ကာကွယ် ဒို့ပင်လယ်
အုပ်ချုပ်သူများ
တပ်မတော်
ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး
ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ကိုကိုကျော်
အဆောင်အယောင်များ
အလံတော်

သမိုင်းကြောင်း ပြင်ဆင်ရန်

နောက်ခံသမိုင်း ပြင်ဆင်ရန်

ကမ်းခြေစောင့်တပ်ဖွဲ့ကို မဖွဲ့စည်းမီအချိန်ထိ မြန်မာနိုင်ငံသည် ကမ်းခြေစောင့်တပ်မရှိသော အာရှနိုင်ငံအနည်းငယ်တွင် ပါဝင်ခဲ့ပြီး၊[၂] ပင်လယ်ပြင်လုံခြုံရေးကို ရေတပ်နှင့် ကမ်းခြေရဲတပ်ဖွဲ့တို့ကသာ တာဝန်ယူခဲ့ကြရာ ကိစ္စအဝဝကို လွှမ်းခြုံနိုင်ခြင်း မရှိသကဲ့သို့ တပ်မတော်အဖွဲ့အစည်းတစ်ရပ်၏ စစ်ဆင်ရေးနှင့် သံတမန်ရေးကဏ္ဍများတွင် သက်ဆိုင်ရာ အခွင့်အရေးများ မရနိုင်ဘဲ ဖြစ်ခဲ့ရသည်။[၄]

၂၀၁၉ ခုနှစ် မတ်လ ၁၄ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြည်သူ့လွှတ်တော်၌ မေးခွန်းများဖြေကြားစဉ် ကမ်းခြေစောင့်တပ် ဖွဲ့စည်းရန် စီစဉ်ထားရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။[၅] ထိုစဉ်ကအရပ်သားအစိုးရ၏ စစ်ဘက်လုံခြုံရေးတပ်ဖွဲ့များကို အရပ်ဘက်သို့ပြောင်းလဲရေးမူများအရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သို့မဟုတ် နိုင်ငံတော် သမ္မတရုံး၏ လက်အောက်တွင် ဖွဲ့စည်းထားရှိရန် စီစဉ်ခဲ့သည်။[၄] သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကမူ "နိုင်ငံတော်၏ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်"ဟု ဆိုထားသဖြင့် ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရသည်။[၆]

ဖွဲ့စည်းတည်ထောင်ခြင်း ပြင်ဆင်ရန်

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ၂၀၁၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သော[၇] ကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၆ ရက်တွင်[၁] သန်လျင်ရှိ သီလဝါဆိပ်ကမ်း၌[၈] တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်တော်ဝင်အခမ်းအနား ပြုလုပ်ပြီး ဖွဲ့စည်းပေးခဲ့သည်။[၉] ကမ်းခြေစောင့်တပ်ဖွဲ့သည် ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင်ရှိပြီး တပ်မတော် (ရေ)မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ရသည်။ အသစ်ဖွဲ့စည်းလိုက်သော ကမ်းခြေစောင့်တပ်ဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်သည် ကျွန်းပေါင်း တစ်ထောင်ခန့် အပါအဝင် ကမ်းရိုးတန်းအရှည် ၁၉၃၀ ကီလိုမီတာ၊ ရေပိုင်နက်ဧရိယာ ၂၃,၀၇၀ စတုရန်းကီလိုမီတာအတွင်း သက်ရောက်မှုရှိသည်။[၇]

ရေယာဉ်များ ပြင်ဆင်ရန်

လက်ရှိ၌ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၁)ကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ်စုကွပ်ကဲမှုအောက်တွင် အမြန်သွားကင်းလှည့်ရေယာဉ် ၃ စီး (P-311၊ P-312၊ P-313) နှင့် ကမ်းခြေစောင့်ကင်းလှည့်‌ရေယာဉ် ၂ စီး (P-411၊ P-412) တို့ဖြင့် ပင်လယ်ပြင်တရား‌ဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ရှာဖွယ်ကာဆယ်ရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည်။

ကမ်းခြေစောင့် ကင်းလှည့်စစ်ရေယာဉ်များ ပြင်ဆင်ရန်

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် စတင်အသုံးပြုသောနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
PGM 43 class [၁၀][၁၁][၁၂] Marinette Marine, Wisconsin; last two by Peterson Builders, Sturgeon Bay, WI,   အမေရိကန် P-411
P-412
၁၉၅၉-၁၉၆၁ 1x25mm Twin Barrel AA Gun, 2xMA15 Machine Gun

အမြန်သွား ကင်းလှည့်စစ်ရေယာဉ်များ ပြင်ဆင်ရန်

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် စတင်အသုံးပြုသောနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
5 series class[၁၀][၁၁][၁၂] ရေတပ် သင်္ဘောကျင်း   P-311
P-312
P-313
၂၀၁၃-၂၀၁၄ 2x25 mm Twin Barrel AA Gun, 2x14.5 mm Single Barrel Gun (DI)

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ "ကမ်းခြေစောင့်တပ်ဖွဲ့သစ်ဖွင့်ပွဲ စစ်ကောင်စီအကြီးအကဲတက်ရောက်" (in my)၊ VOA Burmese 
  2. ၂.၀ ၂.၁ "မြန်မာကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ရန် စတင် လေ့လာ ဆောင်ရွက်နေ" (in mm-MM)၊ Frontier Myanmar၊ 5 September 2018။ 
  3. "The Unique Role of The Myanmar Coast Guard"၊ The Global New Light of Myanmar 
  4. ၄.၀ ၄.၁ "ကမ်းခြေစောင့်တပ်ကို ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ဖွဲ့ရန်စီစဉ်"၊ The Irrawaddy၊ 13 March 2019။ 
  5. "ကမ်းခြေစောင့်တပ် ဖွဲ့စည်းရန် စီစဉ်နေ"၊ The Myanmar Times၊ 13 March 2019။ 15 October 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 29 October 2021။ 
  6. New coastguard Myanmar looks improve maritime security။ 9 September 2019 တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ "Myanmar Junta Launches New Coastguard"၊ The Irrawaddy၊ 7 October 2021။ 
  8. "စစ်ခေါင်းဆောင်သွားမည့် သန်လျင်တွင် ပေါက်ကွဲမှုဖြစ်၊ စစ်သား ၂ ဦး သေ" (in my)၊ Myanmar NOW 
  9. "မြန်မာနိုင်ငံ၏ ပထမဆုံး ကမ်းခြေစောင့်တပ် ဖွဲ့စည်းခြင်းနှင့် တပ်တော်ဝင် အခမ်းအနားကို သီလဝါ အမှတ် (၃) ဆိပ်ခံတံတား၌ ပြုလုပ်ခဲ့ပြီး ကမ်းခြေစောင့်တပ်အား စစ်ရေယာဉ်လေးစင်း လွှဲပြောင်းပေးအပ်" (in my)၊ Eleven Media Group Co., Ltd 
  10. ၁၀.၀ ၁၀.၁ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named ReferenceA
  11. ၁၁.၀ ၁၁.၁ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named mmmilitary.blogspot.com
  12. ၁၂.၀ ၁၂.၁ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named ReferenceC